ကြော်ငြာကဏ္ဍ

ဧချမ်းမြေ့ကျောင်းရဲ့ မြန်မာ့ရိုးရာ ထမနဲပွဲ (NYC – 23rd Feb 2014)

ဧချမ်းမြေ့ကျောင်းရဲ့ မြန်မာ့ရိုးရာ ထမနဲပွဲ (NYC – 23rd Feb 2014)

မိုးမခရွာဆော်ကြီး၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၄

ဧချမ်းမြေ့ကျောင်းရဲ့ မြန်မာ့ရိုးရာ ထမနဲပွဲကို ၂၀၁၄ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပပါမယ်။ ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များကို ဆွမ်း၊ နဝကမ္မ စတဲ့ လှူဒါန်းဖွယ်ရာများကို လှူဒါန်းပြီး ပရိသတ်များကိုလည်း ဧချမ်းမြေ့ အဘိဓမ္မာ၊ ဓမ္မစကြာ အသင်းသူ အသင်းသား စေတနာရှင်များက မြန်မာထမင်း၊ မြန်မာဟင်း၊ ထမနဲ အခြားမြန်မာ စားသောက်ဖွယ်ရာများနဲ့ ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ်။

”မြစ်ကြီးလည်း မခမ်းပါစေနဲ့၊ သစ်ပင်ကြီးလည်း မလဲပါစေနဲ့၊ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့” ဆိုတဲ့ ရွှေဥမင်ဆရာတော်ကြီးရဲ့ စကားကြီးသုံးခွန်းထဲက မိမိတို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများကို မကွယ်ပျောက်ရအောင် ထိန်းသိမ်းကြပါလို့ ဆိုလိုတဲ့ “ထုံးအိုးကြီးလည်း မကွဲပါစေနဲ့” ဆိုတဲ့ စကားအတိုင်း ရိုးရာအစဉ်အလာကို ထိန်းသိမ်းပေးတဲ့ ထမနဲပွဲကို ကြွရောက်နိုင်ဖို့ ကြည်လင်စိတ်ထားဖြင့် ဖိတ်ကြားလိုက်ရပါတယ်။

နေ့ရက် ၂၀၁၄၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ တနင်္ဂနွေနေ့

အချိန် – နံနက် ၁၀ နာရီမှ နေ့ ၂ နာရီ

နေရာ 84 32 Grand Avenue apt 2A, Elmhurst NY 11373

ဖုန်း – ၇၁၈ ၄၂၆ ၃၉၅၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts