ကျော်ဟုန်း
ဇန်န၀ါရီ ၁၁၊ ၂၀၁၄
ဖူးတုန်းကလဲ မွှေး
ပွင့်တုန်းကလဲ မွှေး
ကြွေစဉ်မှာလဲ မွှေး၊
ပန်းရဲ့လမ်းတလျှောက်
လမ်းရဲ့ ပန်းတပွင့်ဟာ
သူ့ အဆင်း
သူ့ အသင်း
သူ့ သတင်း
များ … များစွာ ဂုဏ်ခြင်းထပ်၊
အများအတွက်
ရနံ့ သစ်ခဲ့လေပေါ့
အဖိုးထိုက်တန်စွ မဉ္ဖူသက
(သို့တည်းမဟုတ်)
ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)၊
၂၀၁၄ ရဲ့ ဂျန်န၀ါရီ ၅ -ရက် ညနေ
နှလုံးသားလှသူမို့ 
နှလုံးရောဂါနဲ့  ကွယ်လွန်ရလေသလား
ခင်ဗျား စိုက်ခဲ့တဲ့ပန်း အမြဲမွှေးတယ်
သုဂတိလမ်းမှာ
အနိုင်ပိုင်း၍ ပြုံးစေသောဝ်။ ။
(တာဝန်ကျေ ဂီတသူရဲကောင်း ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)သို့  ၀မ်းနည်း ဂုဏ်ပြု နှုတ်ဆက်ကဗျာ)