ဓာတ်ပုံသတင်း

ABSDF 25 years marked by ex-members all over

 (မကဒတ) ဖွဲ့ စည်းခြင်း(၂၅)နှစ်မြောက် အခမ်းအနားများ ပြည်တွင်း ပြည်ပတွင် ကျင်းပ

ကျော်ဟုန်း၊  နိုဝင်ဘာ၊ ၄ ၊ ၂၀၁၃

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)ဖွဲ့ စည်းခြင်း (၂၅)နှစ်မြောက် အခမ်းအနားကို ၂၀၁၃ ၊ နိုဝင်ဘာ (၁-၂-၃)ရက်များမှာ ပြည်တွင်းနဲ့ ပြည်ပတို့ မှာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ (၁)ရက်နေ့ မှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ (မကဒတ)ဟာ ကချင်ပြည်နယ်၊  လိုင်ဇာမြို့ ရဲ့ (၃)မိုင် အကွာမှာရှိတဲ့ (ဂျန်ထုန်-လခွမ်းဘွမ်) အရပ်မှာ ပြုလုပ်ကျင်းပခဲ့တာပါ။  ဒီအခမ်းအနားကို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အကြီးအကဲများ၊ မဟာမိတ် ဒီမိုကရေစီအဖွဲ့ အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြတဲ့အပြင် ဧရာဝတီ၊ ဒီဗွီဘီ စတဲ့ သတင်းဌာနကသူများလဲ တက်ရောက်သတင်းယူခဲ့ကြပါတယ်။


ဒီ နိုဝင်ဘာ(၁)ရက်နေ့ မှာပဲ ရန်ကုန်မြို့ ၊ သင်္ကန်းကျွန်းမြို့ နယ်၊ ကျိုက္ကဆံဘုရား အနောက်ဘက်မှာတည်ရှိတဲ့ မဂ္ဂင် ကျောင်းတိုက်မှာ(မကဒတ)ဖွဲ့ စည်းခြင်း (၂၅) နှစ်မြောက် အခမ်းအနားကို ကျင်းပခဲ့ကြပါသေးတယ်။ဒီအခမ်းအနား ကို ကိုမိုးသီးဇွန်နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်များ၊ ကိုမင်းကိုနိုင်၊ကိုကိုကြီးနဲ့ ပွင့်လင်းငြိမ်းချမ်းအဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ၊ အခြား မဟာမိတ်ပါတီများမှ ကိုယ်စားလှယ်များနဲ့  သံဃာတော်များ တက်ရောက်ခဲ့ကြောင်းသိရ ပါ တယ်။ ထို့အတူ မွန်ပြည်နယ်မှာ (မကဒတ)ဟောင်းများက ဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုလွှာအပ်နှင်းပွဲ ပြုလုပ်ခဲ့ကြောင်းလဲ သတင်းရရှိပါတယ်။

ပြည်ပမှာတော့ နိုဝင်ဘာ (၂)ရက်နေ့ မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မှာ ကျင်းပခဲ့ပါတယ်။ (မကဒတ- ၂၅-နှစ်) အခမ်းအနားကို Granville Youth Center တည်ရှိတဲ့ 3A Memorial Drive Granville , NSW, Sydney မှာ ကျင်းပခဲ့တာပါ။  ကျဆုံးသွားကြတဲ့ မကဒတ ရဲဘော်ရဲမေများကို ရည်စူးပြီး သံဃာတော် (၃)ပါးကို နေ့ ဆွမ်းကပ် ပါတယ်။ ညနေ (၆)နာရီမှ ည(၁၀)နာရီအထိ အခမ်းအနားကျင်းပခဲ့ပြီး မကဒတရဲဘော်ရဲမေများဖြစ်ကြတဲ့ကိုသန်း  ထွဋ်ဆွေ၊ ကိုနိုင်အောင်လေး၊ ကိုစိုးလွင်၊ မဝင်းဝင်းမူနဲ့  ရဲဘော်များက စုပေါင်းပြုလုပ်ခဲ့တာပါ။ ဒေါက်တာဦးကျော်မြင့်၊ ဒေါက်တာမြင့်ချိုတို့ လဲ တက်ရောက်အမှာစကားပြောခဲ့ကြပါတယ်။ မဲဘုမ်းလ်က ကိုမျိုးအေး၊ မနွယ်နီထွန်းနဲ့  ရဲဘော်တချို့ လဲ လာရောက်အားဖြည့်ကူညီခဲ့ကြောင်းလဲသိရပါတယ်။

အလားတူ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ မှာလဲနိုဝင်ဘာ(၂)ရက်နေ့ က ကျင်းပခဲ့ပါတယ်။ ကျင်းပတဲ့နေရာကတော့  3nd Flood, 20 Wade Ave, Toronto, M6H 4H3 လို့  သိရပါတယ်။ 


(မကဒတ-၂၅ နှစ်မြောက်) အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာတော့ ဟိုက်ပွိုင့် ၊ မြောက်ကာရိုလိုင်းနားပြည်နယ်  6612 Brass Rd, JamesTown, NC 27282 မှာ နေ့ လယ်(၂)နာရီမှ (၆)နာရီအထိ နိုဝင်ဘာ (၂) ရက်မှာပဲ ကျင်းပခဲ့ပါတယ်။ ကိုအောင်ထွန်း၊ကိုလွင်စိုး၊ ကိုထွန်းရှိန်၊ ကိုရဲလင်းထွန်းတို့ က ဦးဆောင်ပြီး မကဒတ ရဲဘော်ဟောင်းတွေ စုပေါင်းကျင်းပခဲ့ကြတာပါ။

ဒိန်းမတ်နိုင်ငံ၊ဘားမင်းမြို့ မှာလဲ နိုဝင်ဘာ (၃)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဗုဒ္ဓရံသီ- မြန်မာဘုန်းကြီးကျောင်းမှာ မနက်(၁၁)နာရီက နေ့ လယ်(၃)နာရီအထိ ရဲဘော် ကိုမျိုးမင်းက ဦးဆောင် ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် East rige, Elementary , Amarillo မှာ အလားတူ – (မကဒတ ၂၅ နှစ်) မြောက်အခမ်းအနားကို (၁၁)နာရီခွဲမှာ ကျဆုံးခဲ့ရတဲ့ မကဒတရဲဘော်အပေါင်းအတွက် ရည်စူးဆွမ်းကပ်ပြီး မွန်းလွဲ(၁)နာရီမှာ အခမ်းအနား စတင်ပြုလုပ်ကြောင်း သိရပါတယ်။ ရဲဘော် ကိုဂျွန်၊ ကိုစိုးမင်း၊ ကိုမောင်မျိုးတို့ က  ဦးဆောင်ပြုလုပ်ခဲ့ကြတာပါ။


အမေရိကန်ပြည်ထောင်စုရှိ Win-Market, Basement Hall, 42 Partition st, Rensselaer , NY 12144 Albany မြို့ မှာလဲ ရဲဘော် ကိုလေး-ညို၊ ကိုဖြိုး၊ ကိုထွန်းထွန်း၊ ကိုအောင်ငဲ၊ ကိုမောင်နိုင်၊ ကိုငဲနီ၊ ကိုလတ်၊ ကိုဇော်နေမျိုး၊ ကိုဝင်းမင်း၊ ကိုဇော်ကိုနိုင်၊တို့  ဦးစီးစုပေါင်းပြီးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီပွဲမှာထူးခြားချက်က (မကဒတ)ရဲ့ ရှေ့ အလားအလာများကို တင်ပြ ဆွေးနွေးခဲ့ကြခြင်းပါ။


မြန်မာ့ဒီမိုကရက်တစ်များနဲ့ (မကဒတ)ရဲဘော်အများစုရှိရာ အင်ဒီယာနာပြည်နယ်၊ ဖို့ ဝိန်းမြို့ မှာတော့ နိုဝင်ဘာ (၂)ရက် မနက်(၁၀)နာရီမှ နေ့ လယ်(၁)နာရ်ီထိ ဇေတဝန်ကျောင်းမှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့  ရဲဘော်များ အပေါင်းကိုရည်စူးပြီး သံဃာတော်များကို စုပေါင်းကာ နေ့ ဆွမ်းကပ်လှူ အမျှပေးဝေပွဲ ကျင်းပခဲ့ပါတယ်။


 နောက် နိုဝင်ဘာ (၃)ရက်မှာ Fellowship Missionary Church, 2536 E, Tillman rd, Ft Wayne 46816 ခန်းမဆောင်တွင် နေ့ လယ်(၁)နာရီမှ ညနေ(၄)အထိ အခမ်းအနားကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို အဖိနှိပ်ခံပြည်သူတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးထွန်းကားရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆွေးနွေးဖို့  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မကဒတ (၂၅)နှစ်မြောက်ကျင်းပရာ အခမ်းအနားမျာကို (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ၊  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ဆက်သွယ်မိရာ ဒေသများသို့  သဝဏ်လွှာများပေးပို့ အားပေးခဲ့ကြကြောင်းကို သိရပါ တယ်။

ပြည်တွင်း၊ ပြည်ပနိုင်ငံအသီးသီးမှာ ရှိနေကြတဲ့ (မကဒတ) ရဲဘော် ရဲမေများကတော့  ခေတ်အဆက်ဆက်က တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတဲ့အာဇာနည်များကို မမေ့မလျော့ ဂုဏ်ပြုခြင်း၊ မိမိတို့ (မကဒတ)အဖွဲ့ အစည်းအပေါ် သစ္စာရှိခြင်း၊  ဒီမိုကရေစီနဲ့  လူအခွင့်အရေး ပေါ်ပေါက်ဖို့  အစဉ်တစိုက် အားထုတ်မှုရှိခြင်း၊  စစ်အာဏာရှင် လုံးဝမပေါ်ပေါက်ရေးအတွက် ရောက်ရာဒေသကနေ တိုက်ပွဲဝင်လျှက်ရှိခြင်းများကို ဒီ (မကဒတ)ထူထောင် ဖွဲ့ စည်းခြင်း (၂၅)နှစ်မြောက် အခမ်းအနားများမှာ ထင်ထင်ရှားရှားတွေ့ မြင်နိုင်မှာ ဖြစ်ပါတယ်။     

 (မကဒတ-၂၅နှစ်မြောက်) အခမ်းအနားကျင်းပရာ မှတ်တမ်းဓာတ်ပုံများကို မကဒတ-ဗဟို၊ ဧရာဝတီသတင်းဌာန၊ ဇော်ကိုကိုနိုင်၊ ကိုခင်မောင်လေး(ဖို့ ဝိန်း)၊ မဝင်းဝင်းမူ(သြစတြေးလျား)တို့ ထံမှ ယူပါတယ် 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts