သတင်းပဒေသာ

၈၄-၉၃ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများက ဆရာဟောင်းတဦးကို သီးခြားကန်တော့

၈၄-၉၃ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများက ဆရာဟောင်းတဦးကို သီးခြားကန်တော့
မိုးမခရွာဆော်ကြီး၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၃
၁၉၈၄-၁၉၉၃ ပညာသင်နှစ်အတွင်း ဆုံစည်းခဲ့ကြတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ ဖောင်ဒေးရှင်းက ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ ဆရာဦးသိန်းဖော် (လမ်းစဉ်လူငယ်)ကို သီးခြားကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ စာသင်ပေးတဲ့ ဆရာတဦးမဟုတ်ပေမယ့် လူမှုရေးစေတနာ ဂါရ၀စိတ်နဲ့ မိတ်ဆွေများကလည်း ထပ်မံ ထည့်ဝင်ကြတာကြောင့် ဖောင်ဒေးရှင်းက မတည်ငွေ ကျပ် ၁ သိန်းအပြင် နေညပ်ထပ် ကျပ် ၄ သိန်း ၅ ထောင် စုဆောင်းပြီး ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ခံတွေထဲက ကိုအေးကိုကို၊ ကိုဥာဏ်စိုး၊ ကိုမိုးဇော်ဦးနဲ့ ကိုညီညီအောင်တို့က ဦးသိန်းဖော် နေအိမ်ကို သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
 
 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts