ခိုင်အောင်ကျော် (နယူးယောက်) သတင်းဆောင်းပါး

အတောင်နုတ် အမွှေးနုတ်ပြီး ဆေးဆိုးပန်းရိုက်လုပ်မယ်ဆိုရင်ဖြင့်

ခိုင်အောင်ကျော် (နယူးယောက်)
ဇန်န၀ါရီ ၈၊ ၂၀၁၄
 
 မြန်မာနိုင်ငံမှာ လွပ်လွပ်စွာ ဟောပြောခွင့်တွေ ဆန္ဒထုတ်ဖေါ်ခွင့်တွေ ရရှိနေကြတာကို မြင်တွေ့ နေကြရတယ် ။ ၂၀၁၄-ခုနှစ်ရဲ့  ပထမလေးလပတ်ရဲ့  ဇန္န၀ါရီ-ရက်သတ္တပါတ်အတွင်းမှာတော့ ဗွေဆော်ဦး ဆန္ဒထုတ်ဖေါ်ပြနေကြတာကို မြင်တွေ့ ရတယ် ။ အဲဒီလို လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပြုလုပ်ခွင့်ပေးကြတယ် ။ ဆန္ဒထုတ်ဖေါ်ခြင်းမှာ အခုလို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နည်းနဲ့  အကြမ်းဖက် ဆန္ဒပြခြင်းဆိုတဲ့  နှစ်မျိုးနှစ်စားရှိတယ် ။ 

 

ငြိမ်းချမ်းစွာ လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်ဖို့ အတွက် သက်ဆိုင်ရာ မြို့ နယ်ရဲ ဆီမှာ ခွင့်ပြုမိန့် တွေ တောင်းခံရတယ် ။ ခွင့်ပြုမိန့် ကို အင်တာနတ်ကနေပြီး တောင်းယူနိုင်သလို လူကိုယ်တိုင် သွားရောက်လျှောက်ထားလို့ လဲ ရတယ် ။ ဘယ်အဖွဲ့ အစည်းတွေကိုမှ တင်ပြစရာမလိုဘူး ။ မြို့ နယ် ရဲ နဲ့ သာ ပြီးစီးတဲ့  အလုပ်ဖြစ်တယ် ။ ဆန္ဒပြတဲ့ အခါ သုံးစွဲဖို့  အသံချဲ့ စက်များပါလာမယ်ဆိုရင် ငွေပေးဆောင်ရတယ် ။

 

ဆန္ဒပြသူများရဲ့  ကြေညာချက်တွေ-သ၀ဏ်လွှာတွေကို သက်ဆိုင်ရာ သမ္မတဖြစ်စေ-အစိုးရဖြစ်စေ ပေးလိုလျှင် ဆန္ဒပြရာမှာ လုံခြုံရေးယူနေတဲ့  ရဲတွေကို ပေးအပ်ဖို့  တင်ပြရတယ် ။ အဲဒီလုံခြုံရေးရဲတွေကလဲဘဲ ဆန္ဒပြသူများရဲ့  ကြေညာချက်တွေကို အစိုးရဖြစ်စေ -သမ္မတထံဖြစ်စေ ပို့ ဆောင်ပေးဖို့  လက်ခံနိုင်တဲ့  ၀န်ကြီးဋ္ဌါနရုံးတွေကို ရဲကားနဲ့ အတူ ဆန္ဒပြသူတွေထဲက အနည်းဆုံး-၃-ဦးလောက်ကို ခေါ်ယူပို့ ဆောင်ပေးရတယ် ။ ကြေညာချက်တွေကို ပေးအပ်ခဲ့ ပြီးကြောင်းနဲ့  လက်ခံယူကြောင်းကို လက်မှတ်ထိုးယူပြီးမှ အဲဒီလူတွေကို ဆန္ဒပြလူအုပ်စုရှိရာကို ကောင်းမွန်စွာ ပို့ ဆောင်ပေးရတယ် ။

 

အဲဒီလို လွပ်လွပ်စွာဆန္ဒပြသူများရဲ့  သဘောထားကြေညာချက်တွေကို အစိုးရဖြစ်စေ-သမ္မတဖြစ်စေ လက်ခံရယူပြီး ၀န်ကြီးဋ္ဌါနအလိုက် အရေးယူဆောင်ရွက်ကြောင်းကို ပြည်သူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ သတင်းများဖြန့် ဝေ ပေးရတယ် ။ အကြမ်းဖက်ဆန္ဒပြသူများကတော့ ခွင့်ပြုချက်များ ယူစရာမလိုသလို ကိုင်ဆောင်လိုတဲ့  ပိုစတာစာရွက် စာတမ်းတွေကိုလဲ ပြချင်ရာပြ- ဟောပြောချင်ရာ ပြောနဲ့  ဆန္ဒပြ့ပွဲကို ပွဲဆူအောင် လုပ်ကြတတ်တယ် ။

 

အဓိကရုဏ်းများနှိမ်နှင်းရေးလက်စွဲ စာအုပ်ဆိုတာ ရဲအရာရှိများကိုသာ လှို့ ဝှက်ပေးအပ်ထားတဲ့  စာအုပ်ဖြစ်တယ် ။ ကျွန်တော်ဖခင်ဟာ ရဲအရာရှိတစ်ဦးဖြစ်တာမို့ လို့ ရခိုင်ပြည်နယ်-ရဲ ဥပဒေပညာသင်ကျောင်းအုပ်ကြီးအဖြစ် စစ်တွေမြို့ ရဲ့  စံပြရွာမှာ ကျောင်းဖွင့်ပြီး ရဲတွေကို ဥပဒေပညာရပ်များ သင်ကြားပို့ ချခဲ့ တယ် ။ အဲဒီစာအုပ်ကို ကျွန်တော်ဟာ ငယ်စဉ်ကတည်းက လေ့လာဖတ်ရှူ နေခဲ့ ဖူးတယ် ။

 

ဆန္ဒပြသူများကို တားဆီးပိတ်ပင်လိုတဲ့ အခါ အဓိကရုဏ်းနှိမ်နှင်းရေးအတွက် အစိုးရဟာ အဲဒီအဓိကရုဏ်းများ နှိမ်နှင်းရေးအတွက် အမိန့် ဥပဒေကို အသုံးပြုလေ့ရှိတယ် ။ ဆန္ဒပြသူတွေကို လူငါးဦးထက် မစုရဆိုတဲ့  အမိန့်လို့  လူအများ သိရှိကြတဲ့  ပုဒ်မ္မ-၁၄၄-ကို ထုတ်ပြန်တယ် ။ ပုဒ်မ္မ-၁၄၄-ဆိုတဲ့ အထဲမှာ လူငါးဦးကို မစုရဆိုတဲ့  အမိန့်  ထုတ်ပြန်တယ် ဆိုပြီး ကြေညာတယ် ။ ပြီးတော့ ဆန္ဒပြသူများကို ရှေ့ဆက်မသွားနိုင်ဖို့  သံဆူးကြိုးတွေကို ကာတားပေးတယ် ။ အကယ်၍ သံဆူးကြိုးတွေကို ကျော်ဖြတ်လို့  ဆန္ဒပြသူများက ရှေ့ဆက်က်လှမ်းလာပြီဆိုရင် ရှေးဦးစွာ မြင်းတပ်နဲ့  နှိမ်နှင်းရတယ် ။ မြင်းတပ်နဲ့  နှိမ်နှင်းလို့ မရရင် မျက်ရည်ယိုဗုံးနဲ့  ပစ်ခတ်နှိမ်နှင်းတယ် ။ မျက်ရည်ယိုဗုံးနဲ့ လဲ နှိမ်နှင်းလို့ မရရင် ဆန္ဒပြသူ လူအုပ်စုကို တည့်တည့်ပစ်ရတယ် ။ ပစ်ရတဲ့ အခါမှာလဲဘဲ တကယ်ဆန္ဒပြနေတဲ့  လူအုပ်စုရဲ့  အဆူပူဆုံး အုပ်စုကို ပစ်ခတ်ရတယ် ။

 

မိုးပေါ်ထောင်ပစ်လို့  မပစ်ရဘူးလို့  ဖေါ်ပြထားတယ် ။ မိုးပေါ်ထောင်ပစ်ရင် ဆန္ဒပြ လူအုပ်စုက သူတို့ ကို မပစ်ရဲဘူးလို ထင်မှတ်သွားပြီး အတင့်ရဲသွားမှာဖြစ်တယ် ။ အဲဒီလို ဆန္ဒပြသူများကို တကယ်ပစ်ခတ်နှိမ်နှင်းမယ်ဆိုရင် ဆေးရုံကို အကြောင်းကြားပြီး အရေးပေါ်အစီအစဉ်များကို ကြိုတင်ပြုလုပ်ပေးထားရတယ် ။ ဒါကတော့ ဆန္ဒပြသူများက တားမြစ်ထားတာကို ကျူးလွန်ပြီး ရှေ့ဆက်ကျော်ဖြတ်မယ်ဆိုရင် အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ဥပဒေအရ နှိမ်နှင်းတာဖြစ်တယ် ။ ဆန္ဒပြသူများဟာ ဥပဒေကို မချိုးဖေါက်ဆိုရင် လူ့ အသက်ကို သေဆုံးစေရန် ထိခိုက်စေရန် ဘယ်လိုနည်းနဲ့ မှ သေနတ်နဲ့  ပစ်ခတ်တာတို့ -မီးလောင်ဗုံးတွေကို အိပ်နေချိန်တွေမှာ ပစ်ခတ်တာမျိုး မပြုလုပ်ရဘူး ဆိုတာ ဥပဒေအရ ဖေါ်ပြတားမြစ်ထားတယ် ။

 

ဒီတော့ကာ နိုင်ငံရေးအကြမ်းမဖက်နည်းနဲ့  ဒီမိုကရေစီအနှစ်သာရ အတိုင်းအတာအရ လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်တွေဟာ နိုင်ငံတစ်ခုစီတိုင်းမှာ အကောင်းဆုံးသော ပြည်သူ့ အသံကို ထုတ်ဖေါ်ခြင်းဘဲဖြစ်တယ် ။ အဲဒီလို ဆန္ဒထုတ်ဖေါ်တာကို ပြုံးစိစိနဲ့  လုပ်နေပြီး ဘာမှ အရေးယူဆောင်ရွက်မပေးတဲ့  အစိုးရဟာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက် ဆန္ဒပြပွဲတွေကို ရောက် ရောက်သွားတတ်တယ် ။ ပြည်သူကို မထီမဲ့ မြင်ပြုလွန်းနေရင် အဲဒီအစိုးရဟာ လမ်းပေါ်ဆန္ဒပြ့ပွဲတွေကို မကြာခဏ ရင်ဆိုင်ကြရတတ်တယ် ။

 

-၂၀၁၄-ခုနှစ် နှစ်သစ်ကာလရဲ့  ပထမရက်သတ္တပါတ်မှာ မြန်မာနိုင်ငံက လွပ်လွပ်စွာထုတ်ဖေါ်ဆန္ဒပြပွဲတွေကို မြင်တွေ့ လာရပြီဖြစ်တယ် ။ ဒါပေမဲ့  လွပ်လွပ်စွာ ထုတ်ဖေါ်ခွင့်ကို တောင်းဆိုကြသူများဟာ အစိုးရက မလုပ်ပေးနိုင်သေးတဲ့  အကြောင်းအရာများကိုသာ တင်ပြတောင်းဆိုဖို့  အရေးကြီးတယ် ။ ခုဆိုရင် ပုဒ်မ္မ-၁၈-ကို ပယ်ဖျက်မယ်လို့  လွှတ်တော်မှာ အသံတွေ ကြားနေရတယ် ။ ဒီတော့ခါ ပုဒ်မ္မ-၁၈-အတွက် တောင်းဆိုနေခဲ့ ရင် အစိုးရက ဟာသာတစ်ပုဒ်လို ဟားစရာဖြစ်သွားမယ် ။ မကြာခင် အစိုးရက ပုဒ်မ္မ-၁၈-ကို ပယ်ဖျက်လိုက်ပါပြီလို့  ကြေညာလိုက်ရင် ဆန္ဒပြသူများရဲ့  တောင်းဆိုမှုကြောင့် မဟုတ်ဘဲ နဂိုရ်ကတည်းက လွှတ်တော်မှာ တင်ပြသားဖြစ်နေပြီ ဆိုရင် သေရော ။

 

ပြီးတော့ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အချို့ သော ဥပဒေကို ပြင်ဆင်ကြရအောင်ဆိုပြီး ဆန္ဒပြ တောင်းဆိုနေကြတယ် ။ ၅၉-စ-ဆိုတဲ့  ဥပဒေကိုလဲ ဖျက်ပေးဖို့ တောင်းဆိုနေကြသလို မဖျက်ပေးဖို့  ကြွေးကြော်နေသူတွေကလဲ တစ်ပုံတစ်ခေါင်းကြီးဖြစ်နေတယ် ။ UNFC-က နိုင်ဟံသာက ပြည်တွင်းကို ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မျက်နာချင်းဆိုင် တွေ့ ဆုံပွဲကို ပြုလုပ်ခဲ့ တယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တည့်တည့်ပြောဆိုခဲ့ တာကတော့ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လုံးဝပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲဖို့ လိုတယ်လို့  ပြောခဲ့ တယ် ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲလို မဟုတ်ဘူး ။ ဖွဲ့ စည်းပုံထဲက မကောင်းတာလေးတွေကို ဖြည့်စွက်ပြင်ဆင်မယ် လို့  ပြောတယ် ။

 

ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ-UNFC- က မြန်မာနိုင်ငံတော်အတွက် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနေခဲ့ တာနဲ့  ပါတ်သက်လို့  ပြောရင် အယင်က -UNCB- အဖွဲ့ အစည်းက ထုတ်ပြန်ပေးတာကို ပြောရင် –၂-အုပ်တောင် ရှိနေပြီဖြစ်တယ် ။ UNCB- ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ ဆိုတာက မြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲထားတာဖြစ်တယ် ။ ခုအချိန်ထိ -၂၀၀၈-ခုနှစ် နာဂစ်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို -UNFC- က လက်မခံဘူးဆိုတာ ကြေညာထားတယ် ။

 

ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  တစ်ချို့ သော လူတွေက -၂၀၀၈-နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်စရာလေးတွေ ပြင်ဆင်လိုကြတယ် ။ သဘောကတော့ နာဂစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သူတို့ ကိုယ်တိုင် လက်ခံအသိအမှတ်ပြုပေးနေကြတာကို ဗြောင်ကြေညာထားသူများသာဖြစ်တယ် ။ လုံးဝလက်မခံတဲ့ -UNFC- ကတော့ -၂၀၀၈- ဖွဲ့ စည်းပုံကို ပြင်ဆင်မယ်- အမွှေးအတောင်နုပ် ဆေးဆိုးပန်းရိုက် လုပ်နေမှဖြင့် နောက်ထပ် မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေနဲ့  အခုလို နပမ်းလုံး တိုက်ပွဲတွေဖြစ်-လူတွေသေ- မြို့ ရွာတွေ မီးလောင်ပြာကျနဲ့  မြန်မာနိုင်ငံဟာ လူမျိုးရေးစစ်ပွဲနဲ့  နှစ်ပါးသွားဖြစ်နေလိမ့်မယ်လို့  ပြောချင်တယ် ။

 

ဒါ့ကြောင့်မို့ လို့  ဒီမိုကရေစီနည်းအရ လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်ကြတာတွေဟာ ပြည်သူတစ်ရပ်လုံးအတွက် အနာဂါတ်မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းစေဖို့  ဖြစ်စေတာမျိုးသာ ဦးတည်သင့်တယ်လို့  တင်ပြလိုက်ရပါတယ် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts