ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

၆၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခြင်း

ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါ၇ီ ၈၊ ၂၀၁၄

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ရှိ ၊အမှတ် ( ၅ / ၅ ) ရပ်ကွက်ရှိ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ရပ်ကွက်ရုံးတွင် ၊ဇန်န၀ါရီလ ( ၄ )၇က်နေ့တွင် ကျရောက်တဲ့ ၊ ( ၆၆ ) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကဗျာလွတ်ရွတ်ဆိုပြိုင်ပွဲ နှင့်  တေးသီချင်း ဆိုပြိုင်ပွဲကို၊ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ အခမ်းအနားအားရွှေပြည်သာမြို့နယ် ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ့မြို့နယ်အလုပ်အမှူ့ဆောင် အဖွဲ့ဝင်များနှင့် အမှတ် ( ၅ ) ရပ်ကွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအ၀င်စုစုပေါင်း ( ၅၀ ) ဦးခန့်တက်ရောက်ခဲ့ကြပြီး ၊နံနက် ( ၉ ) နာရီ ခန့်တွင် အခမ်းအနားကိုစတင်ခဲ့ကာ ၊ ရွှေပြည်သာမြို့နယ်အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အမှတ် ( ၅ ) ရပ်ကွက် ၊ ၇ပ်ကွက် ဥက္ကဌဒေါ်တင်တင်ဝင်းမှ့ အမှာစကားပြောကြားခဲ့ပြီး၊  ရွှေပြည်သာမြို့နယ်ရှိ ၊အမှတ်( ၅ ) ရပ်ကွက် နှင့်  အမှတ် (၁၈ ) ရပ်ကွက် ရှိ ၊  “ စေတနာ “ ပရဟိတကျောင်းမှ့ ကျောင်းသား/ သူ များ  မှ့  အာရှသူရဲကောင်း တေးသီချင်းနှင့် ၊တေးကဗျာများကို သီဆိုယှဉ်ပြိုင်ခဲ့ကြ ပြီး၊ ဆုရရှိသော  “ စေတနာ “ပရဟိတကျောင်းမှ့ ကျောင်းသားများအား ရွှေပြည်သာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ့  အလုပ်အမှူ့ဆောင် ပါတီဝင်များ မှ့ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ၊   နံနက် ( ၁၁ ) နာရီခန့်တွင် အခမ်းအနားကိုအောင်မြင်စွာ ၊ ကျင်းပပြီးစီးခဲ့ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts