သတင်းပဒေသာ

သတင်းလွတ်လပ်စွာရယူခွင့်အတွက် မီဒီယာသမားများ ဆန္ဒထုတ်ဖော်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Photo: Zayar Hlaing

သတင်းလွတ်လပ်စွာရယူခွင့်အတွက် မီဒီယာသမားများ ဆန္ဒထုတ်ဖော်

သီတာဝင်း ။ ရန်ကုန် – ဇန်န၀ါရီ ၇၊ ၂၀၁၃၀ (မော်ကွန်း)

အလဲဗင်းမီဒီယာမှ  နယ်သတင်းထောက် မခိုင်(ခေါ်) နော်ခိုင်ခိုင်အေးချိုအား လွိုင်ကော်မြို့နယ် တရားရုံးမှ ပုဒ်မသုံးခုဖြင့် ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ်သုံးလချမှတ်လိုက်သည့်အပေါ် မျှတမှုမရှိဟုယူဆ၍ မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဦးဆောင်ကာ သတင်းမီဒီယာသမားများမှ ယနေ့နံနက် ၉း၀၀ က ရန်ကုန်မြို့မဟာဗန္ဒုလပန်းခြံရှေ့မှစတင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုတဲ့သတင်းထောက်တစ်ယောက်ကို တရားစီရင်ရေးမဏ္ဍိုင်က လိုအပ်တာထက်ပိုပြီး ဆောင်ရွက်လိုက်တာ။ အဲဒီတရားစီရင်ရေးက မမျှတဘူးလို့ထင်တယ်”ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အလုပ်အမှုဆောင်ကော်မတီဝင် ဦးနိုင်မင်းဝေကပြောသည်။

နယ်သတင်းထောက်တစ်ဦးဖြစ်သူ မခိုင်သည် ၎င်း၏သတင်းရင်းမြစ်တစ်ယောက်နှင့်အတူ သတင်းရယူရန် တရားလို၏နေအိမ်သို့သွားရောက်ခဲ့ရာမှစတင်ကာ နှစ်ဦးနှစ်ဖက် အငြင်းအခုန်ဖြစ်ပွားရာမှ  ၎င်းအား ပိုင်နက်ကျူးကျော်မှု ၊အသေရေဖျက်မှု ၊ညစ်ညမ်းစွာ ပြောဆိုမှုတို့ ကျူးလွန်ခဲ့သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းမှာ မျှတမှုမရှိကြောင်း ဦးနိုင်မင်းဝေကပြောသည်။

ယခုကဲ့သို့ဆန္ဒထုတ်ဖော်ခြင်းမှာ သတင်းသမားတစ်ဦးတစ်ယောက်နှင့် မည်သည့်သတင်းဌာနအတွက်မှမဟုတ်ဘဲ သတင်းသမားများအားလုံး လွတ်လပ်စွာသတင်းရယူခွင့်အတွက်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် တရားစီရင်ရေးမဏ္ဍိုင်မှ သိရှိစေရန်ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက်က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

 

Photo: Zayar Hlaing

Photo: Zayar Hlaing

တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ကျောက်တံတား  ၊ဗဟန်း ၊ဒဂုံ ၊မင်္ဂလာတောင်ညွန့်၊တာမွေ စသည့်  မြို့နယ်ငါးမြို့နယ်ကို ခွင့်ပြုမိန့်တင်ခဲ့သော်လည်း  ဒဂုံမြို့နယ်မှလွဲ၍  ကျန်လေးမြို့နယ်မှ ခွင့်ပြုမိန့်ရရှိကြောင်း၊ သတင်းမီဒီ ယာများ သတင်းရယူစဉ်တွင် ယခုကဲ့သို့ ရာဇ၀တ်မှုပုဒ်မများဖြင့်  အရေးယူအပြစ်ပေးခြင်း မပြုလုပ်ရန်ရည်ရွယ်ကြောင်း ဆန္ဒဖော်ထုတ်ခြင်း၏ရည်ရွယ်ချက်ကို ဦးနိုင်မင်းဝေက ရှင်းပြသည်။

ဆန္ဒဖော်ထုတ်ရာတွင်   သတင်းမီဒီယာများမှ   သတင်းသမား ၁၅၀ ခန့်ပါဝင်ခဲ့ပြီး “သတင်းလွတ်လပ်ခွင့်ခြိမ်းခြောက်ခံရမှု အလိုမရှိ” ဟူသောစာတန်းရိုက်နှိပ်ထားသည့် တီရှပ်များဝတ်ဆင်ကာ “မှန်ကန်သည့် တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး” ၊ “လွတ်လပ်စွာသတင်းရယူခွင့်သည် ဒီမိုကရေစီ၏ အသက်ဖြစ်သည်” စသည့်စာတန်းများကိုင်ဆောင် ချီတက်ခဲ့ကြသည်။

နံနက် ၉ နာရီတွင် မဟာဗန္ဓုလပန်းခြံရှေ့မှစတင်ကာ အလဲဗင်းမီဒီယာရုံးတည်ရှိရာ ကျိုက္ကစံမြင်းပြိုင်ကွင်းအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။             ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts