Junior WIn ဂျုနီယာဝင်း စာအုပ်စင်

ဗုဒ္ဓဘာသာနည်းဖြင့် နေရကျိုးနပ်သောဘ၀ဖြစ်ရေး

ဂျူနီယာဝင်း

ဇန်န၀ါရီ ၅၊ ၂၀၁၃

 

စာအုပ်အမည် – ဗုဒ္ဓဘာသာနည်းဖြင့် နေရကျိုးနပ်သောဘ၀ဖြစ်စေရေး

ရေးသူ – ခင်မျိုးချစ်

အင်္ဂလိပ်မူရင်း – Khin Myo Chit

Title – Add Life to Years – The Buddhist Way

အင်္ဂလိပ်မြန်မာနှစ်ဘာသာ

မြန်မာဘာသာပြန်သူ – ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)

လင်းလွန်းခင်စာပေ

အမှတ် ၄၉ ၊ ပထမထပ် ၀ဲ၊ လိပ်ကန်လမ်း၊ ဖုံး-၀၁၂၉ ၃၄၀၁၊ ၀၉ ၂၂၀၁၇၃၀

ပထမအကြိမ်
၂၀၁၃ ဒီဇင်ဘာ

အုပ်ရေ – ၅၀၀

တန်ဖိုး – ၁၂၀၀ ကျပ်

စာမျက်နှာ – ၁၄၆

ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သော ဆောင်းပါးရှည်နှစ်ပုဒ်ကို ဘာသာပြန် တင်ဆက်မူဖြစ်ပါသည်။  ဒေါ်ခင်မျိုးချစ်ကိုယ်တိုင် လက်နှိပ်စက်ဖြင့် ရိုက်ကာရေးထားသော ဆောင်းပါး The Buddhist Way Of Life In Burma နှင့် ကမ္ဘာကျန်းမာရေးအဖွဲ့WHOမှ ထုတ်သော Religion, Aging, and  Health (1988) ဆောင်းပါးပေါင်းချူပ်ထဲက Add Life To Years တို့ဖြစ်ကြပါသည်။ ၄င်းတို့ကား ဓမ္မရိပ်မဂ္ဂဇင်းတွင် ၂၀၁၂- ၁၃တွင် လစဉ်ဖော်ပြခဲ့သည်များ၏ စုစည်းမူလည်းဖြစ်သည်။

 သက်ကြီးဝါကြီးများကို ရိုသေစွာကန်တော့ခြင်းဖြင့် မိကောင်းဖခင် သားသမီး၊ အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ခြင်းကိုပြသော ၀ိသေသတစ်ခုဖြစ်သည်ဟု၎င်း၊ သက်ကြီးဝါကြီးများအပေါ် ရိုသေစွာ ဆက်ဆံတတ်ခြင်း၏ ဓလေ့စရိုက်၊ မည်မျှပင် ရာထူးကြီးနေပါစေ အမိအဘအား ရိုသေစွာ လက်အုပ်ချီလျက် ကန်တော့ခြင်းသည် ကိုယ့်ကိုကိုယ်နှိမ်ချသော စိတ်၊ ကျေးဇူးသိတတ်သော စိတ်ဖြင့် ပြုလုပ်ခြင်းဖြစ်သောကြောင့် မည်မျှ အကျိုးကျေးဇူး ကြီးမားပုံများကို ရေးသား ရှင်းပြထားပါသည်။ မြန်မာလူမျိုးများ၏ ဓလေ့စရိုက်များတွင် မိမိထက်ကြီးသူကို ဦး … ဒေါ်… အကို … အမ … တပ်ခေါ်ခြင်းများကိုလည်း
အသက်အရွယ်အလိုက်ပင် လေးလေးစားစားခေါ်ဝေါ် ဆက်ဆံတတ်ပုံများကိုလည်း တွေ့ရပါသည်။

ကန်တော့ခြင့်ဓလေ့စရိုက်များကို မြန်မာလူမျူိးများက သက်ကြီးပူဇော်ပွဲများ၊ လူမူရေးကိစ္စများတွင် လုပ်ဆောင်လေ့ရှိကြပုံများ၊ လောကမှာ အိုရခြင်းသည် လူတိုင်း တနေ့မှာကြုံကြ ရပေမည်၊ ထိုသို့ရိုသေခြင်း၊ အသိအမှတ်ပြုခြင်းဖြင့်ကား အိုခြင်းဒဏ်ကို ခံရချိန်မှာ သက်သာရာ ရနိုင်ပါပေသည် ဟု ဖော်ပြ ရေးသားထားသည်များကိုလည်း တွေ့ရပါသည်။

 ယခုခေတ်မှာ တွေ့ရခဲလှသော သက်ကြီးရွယ်အိုများ ပြောစကားများကို စိတ်ဝင်တစား နားဆင်ကြသော
လုငယ်လူရွယ်လေးများအကြောင်းကိုလည်း တွေ့ကြရသည်။ ထိုစကားဝိုင်းတွေကနေ ရိုသေမှု၊ ရင်းနှီးမူ ၊ သြ၀ါဒများ နားဆင်ရမူ၊ ဟာသများနဲ့ မှတ်သားစရာများ ရရှိမူ၊ ရယ်စရာများ ဖလှယ်ကြမူများကို တွေ့နိုင်လေသည်။ ယင်းသည် ခေတ်မှီသော ကမ္ဘာထဲမှာ နေထိုင်နေကြသော လူငယ်လူရွယ်များ ဘယ်လိုမှ မရရှိနိုင်သည့် ခံစားမူများဖြစ်လေသည်။ တကယ်လို့များ ဒါကို လုပ်ယူဖန်တီးလျှင်လည်း အနှစ်သာရရှိမှာမဟုတ်ပေ။ ဟိုးအရင်က ဒီလိုအဖြစ်တွေက သူ့အလိုလို သဘာဝ အလျောက်ဖြစ်ပေါ်လာတာများ ဖြစ်ပါသည်ဟု မှတ်ချက်ချမိပါသည်။

 မြန်မာဗုဒ္ဓဘာသာဝင် ယောကျာင်္းတစ်ယောက်အဖြစ် မွေးဖွားလာရကာ ဘုန်းကြီးကျောင်းမှာ သင်္ကန်းဝတ်ဖူးခြင်းကား လောကမှာ လူဖြစ်ရကျိုးနပ်သော အဖြစ်ပင်ဖြစ်ပါသည်။ ကိုရင်ဘ၀၊ ဦးပဇင်းဘ၀များ အဖြစ် ဖြတ်ကျော်ဖူးသော ယောကျာင်္းတစ်ယောက်အနေနဲ့ အမြတ်ဆုံး ကုသိုလ်ပဲဖြစ်ပါတော့သည်ဟု အားကျ ဂုဏ်ယူဖွယ် ရေးသားထားပါသည်။ ဘုန်းကြီကျောင်းမျာဆိုတာက ဗုဒ္ဓဘာသာဝင်တို့အတွက်တော့ သက်ကြီးရွယ်အိုဖြစ်လာသောအခါ ဘုန်းကြီးကျောင်းတွင် ခိုလှုူံရာဖြစ်ခြင်းကား သဘာဝကျသော လုပ်ရပ်ဖြစ်ပါသည်။ ယင်းကား ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်းဟူသော သဘောတရားများ စီးဝင်လျက်ရှိပါကြောင်းကို ရေးသားတင်ပြထားပါသည်။

 မြတ်စွာဘုရားလက်ထက်တော်က ဘုရားဇာတ်တော်များကိုလည်း အခန်းတိုင်းတွင် ထည့်သွင်းရေးသားထားသည်များ ပါဝင်ပါသည်။ ထို့ပြင် ၁၉၆၉ခုနှစ်လောက်က သတင်းထောက်တစ်ဦး၏ အင်တာဗျူးတစ်ခုမှ ဘိုးဘွားရိပ်သာတွင် နေထိုင်သူ ဦးစုအကြောင်း၊ မင်းသမီးလေးမစိန်မှူံနှင့် တွေ့ဆုံခဲ့သော ကမ္ဘောဇမြင့်လွင် ရေးသားထားသည်များ၊ အသက်ခုနှစ်ဆယ်ကျော် စာရေးဆရာကြီးများရေးသားချက်များမှ စိတ်ဝင်စားဖွယ် ဆောင်းပါးကောက်နှူတ်ချက်များအပြင် စာဖတ်သူများ ရင်းနှီးနေသော ပုံပြင်ဇာတ်လမ်းများကိုလည်း တွေ့နိုင်ပါသည်။

 မြန်မာလူမျူိးတို့၏အိမ်တိုင်းတွင်ထားရှိသော ဘုရားစင်လေးအကြောင်းကား နေ့စဉ် နေ့တိုင်း ရေ၊ ဆီမီး၊ ပန်း၊ ဆွမ်း ကပ်လှူလေ့ရှိကြသည့် ဓလေ့စရိုက်များအဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်မူယုံကြည်မူတို့ဖြင့်  ကိုးကွယ်ဆည်းကပ်မူများအဖြစ် တွေ့ရပုံတို့ကို ဖတ်ရူလိုက်ရပါသည်။ ယင်းကား ဗုဒ္ဓ ဘာသာဝင်တို့၏ ဘ၀၊ ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်း၊ လက်ခံခြင်း၊ ကုသိုလ်ကောင်းမူများ လုပ်ခြင်းဖြင့် မိမိဘ၀၏ အချိန်များကို ကုန်လွန်ကြစေဖို့၊ အလှူဒါနပြုခြင်းဟူသော သဒ္ဒါတရားများဖြင့် နေထိုင်ခြင်း၊ ဆွမ်းလောင်းခြင်းအလှူ၏ မြင့်မြတ်ပုံများကို စာဖတ်ရင်း သိမြင်ခံစားလာမိကာ ဒေါ်ခင်မျိုးချစ်၏ ကိုယ်တိုင်ပြော အဖြစ်အပျက်များကို ဘာသာပြန်သူ၏ ပြန်လည်တင်ပြချက်များဖြင့် စိတ်ဝင်တစား ဖတ်ရူကာ မိမိတို့ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းကို တန်ဖိုးထားမိ၊ ခံစားမိ၊ ယုံကြည်မိသော စိတ်ဓါတ်များ ဖြစ်ပေါ်ခံစားလာမိရပါကြောင်းဖြင့် စာအုပ်လေး အကြောင်း ရီဗျူး ရေးလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts