Han Thit Naing

ဟန်သစ်နိုင် – ပိုင်ဆိုင်သောပစ္စည်းများကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းခံရသော ဦးမင်းအောင်

နိုဝင်ဘာ ၄၊ ၂၀၁၃
ဟန်သစ်နိုင်


ကယ်နိုင်လျှင်ကယ်ကြပါ၊ ကူညီနိုင်လျှင်ကူညီကြပါဟူသော အသက် (၉၂) နှစ်အရွယ်နိုင်ငံရေးသမားဟောင်းကြီး ဦးမင်းအောင်     အသက် (၉၂) နှစ်အရွယ် နိုင်ငံရေးသမားဟောင်းကြီး၏  ၄င်းပိုင်ပစ္စည်းများကိုစစ်အစိုးရလက်ထက်တွင် ပြည်သူပိုင်အဖြစ် သုံးကြိမ်တိတိသိမ်းဆည်းခံရခြင်းနှင့်ဘိုးဘွားပိုင်မြေကွက်များကို ရောင်းချရာတွင် တားဆီးမှုများရှိနေသောကြောင့်ဒီမိုကရေစီခေတ်ကာလတွင် သက်ဆိုင်ရာသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်းထိရောက်စွာ အရေးယူပေးမှုမရှိသေးကြောင်းကို နိုဝင်ဘာလ ၁ ရက်၊  နေ့လည် ၁ နာရီယောမင်းကြီးလမ်းရှိ နဝဒေးသာလာပန်းချီခန်းမတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပထမအကြိမ် ၁၉၆၄ ခုနှစ်တွင် ဒန်အိုးခွက်နှင့်ကြွေရည်သုတ်ပစ္စည်းများ အရောင်းဆိုင်ကို သိမ်းဆည်းခံရခြင်း၊ ဒုတိယအကြိမ် ၁၉၇၀တွင်ရွှေခြံရေခဲစက်ကို သိမ်းဆည်းခံရခြင်း၊  တတိယအကြိမ်၁၉၇၁ တွင်ရွှေခြံဒန်သတ္တုလုပ်ငန်းစက်ရုံ၊ အုံးပွင့်ဆေးလိပ်လုပ်ငန်း၊ နို့်အေးချောင်းစက် ၂လုံး၊ ပီတာပင်အအေးဆိုင် စသည်တို့ကို ပြည်သူပိုင်အဖြစ်သိမ်းယူခဲ့ခြင်း ခံရသည်။ဘိုးဘွားပိုင်မြေကွက်များပေါ်တွင် ကျူးကျော်နေထိုင်သူများရှိနေခြင်း၊ဌာနဆိုင်ရာတချို့က မိမိပိုင်မြေများပေါ်တွင် ဂရမ်များပြုလုပ်ပေးထားခြင်း၊နိုင်ငံတော်မှ အားကစားကွင်း ဆောက်လုပ်ရန်အတွက် မြေတကွက်အလှူခံသော်လည်း မြေ ၁၀ဧကလှူဒါန်းခဲ့သော်လည်းလှူဒါန်းမြေမှတ်ပုံတင်စာချုပ်မပြုလုပ်ပေးဘဲထားရှိကြောင်းများ၊ထိုအကြောင်းအရာများကို သက်ဆိုင်ရာသို့ အကြိမ်ကြိမ်တင်ပြတိုင်ကြားထားသော်လည်းယနေ့ထိထူခြားမှုမရှိသေးကြောင်း၊ မြန်မာလွတ်လပ်ရရှိရန်အတွက် ဒို့ဗမာအသင်းနှင့်လက်တွဲ၍ အင်္ဂလိပ်ကိုတော်လှန်ခဲ့ခြင်းတို့သည် နိုင်ငံရေးအာဃာတများကြောင့်ဟုယူဆရကြောင်းဟု ဦးမင်းအောင်ကပြောကြားသည်။

‘အင်္ဂလိပ်အစိုးရလက်ထက်က ဘိုးဘွားပိုင်တွေ အသိမ်းမခံရဘူး၊စစ်အစိုးရလက်ထက်ကျမှ အသိမ်းခံရတယ်၊ ကယ်နိုင်လျှင်ကယ်ကြပါ၊ ကူညီနိုင်လျှင်ကူညီကြပါ ”ဟု ဦးမင်းအောင်ကပြောခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts