2013 in Review

၂၀၁၃ ရဲ့ အပြောင်မြောက်ဆုံး စာနယ်ဇင်းကာတွန်း (2013 in Review)

၂၀၁၃ ရဲ့ အပြောင်မြောက်ဆုံး စာနယ်ဇင်းကာတွန်း
ကာတွန်းဝင်းအောင် ။ ဒီဇင်ဘာ ၃၁၊ ၂၀၁၃ 

ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး တိုက်ခိုက်မှုတွေကို အကာအကွယ်ယူနေကြပုံအကြောင်း သရုပ်ဖော်ထားတဲ့ ဆရာဝင်းအောင်ရဲ့ ကာတွန်းက ၂၀၁၃ အတွက်  အပြောင်မြောက်ဆုံး စာနယ်ဇင်းကာတွန်း ဖြစ်ဖွယ်ရှိပါတယ်။

နိုင်ငံအတွက်ဆိုရင် အသုံးချခံပါ့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားခဲ့ဖူးပါတယ်။ သို့သော်လည်း ဘယ်ဖြစ်ရပ်၊ ဘယ်အကြောင်းတွေမှာ အသုံးချခံမယ် ဆိုတာကိုတော့ တိတိကျကျ ရှင်းပြခဲ့ခြင်းမရှိပါဘူး။

သူ ဦးဆောင်တဲ့ ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်ဒေသ ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက ပဋိပက္ခနဲ့ဆက်စပ်နေသူအားလုံး အဆင်ပြေစေတယ်လို့ သုံးသပ်သူတွေ ရှိသလို ကော်မရှင်ကို (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို) ဒေသအရေး၊ ဒေသခံတွေအရေး အလေးမပေးဘူးလို့ သုံးသပ်သူလည်း မနည်းပါဘူး။

အာဏာပိုင်တွေအပေါ်ထွက်နေတဲ့ဒေါသ၊ မကျေနပ်မှုများထဲက အစိတ်အပိုင်း အတော်များများက ကော်မရှင်ကိုဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံကျခဲ့ပါတယ်။

ဆရာဝင်းအောင် ရေးဆွဲတဲ့ အထက်ဖော်ပြပါကာတွန်းက လက်ပံတောင်းတောင်ဒေသပဋိပက္ခနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ၊ အာဏာပိုင်တို့ရဲ့ အခြေအနေကို ထင်ဟပ်ပြီး ရေးဆွဲခဲ့ပုံရပါတယ်။

==========================================

 
  • ၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

 

နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။
တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ http://moemaka.blogspot.com/search/label/2013%20Review မှာ တစုတဝေး ဖတ်ရှုနိုင်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts