ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကျေးဇူးတင်ပါတယ် ရှင် .. ကျေးဇူးတင်ပါတယ် ခင်ညာ (Kyaw Thu, FFSS Yangon)

ကျေးဇူးတင်ပါတယ် ရှင် .. ကျေးဇူးတင်ပါတယ် ခင်ညာ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)

ဒီဇင်ဘာ ၂၆၊ ၂၀၁၃

 

 

မိဘများနှင့်အတူ ဆေးဝါးကုသရန် ရောက်ရှိလာခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေပြား ဆရာ ဝန် ဒေါက်တာ တင်မောင်စိုးမှ စစ်ဆေးကြည့်ရှုပြီး ဆေးရုံသို့တက်ရောက် ကုသဆောင်ရွက်ရန်လိုအပ် သည့်အတွက် မြောက်ဥက္ကလာပဆေးရုံကြီးသို့ နေ့ချင်းတက်ရောက်နိုင်ရန် နာရေးကူညီမှုအသင်း (ရန် ကုန်)မှ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ မြောက်ဥက္ကလာပဆေးရုံကြီးမှ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်စန္ဒာကျော် ၏ မေတ္တာ၊ စေတနာ၊ ကရုဏာတရားပြည့်ဝစွာဖြင့် ဂရုတစိုက်မှုကြောင့် ကလေးငယ်နှစ်ဦး၏ ထူးဆန်းသောရောဂါဆိုးအား စတင်၍ ကုသပေးရန်စီစဉ်ခဲ့သည်။ ထိုဖြစ်စဉ်အား ကလေးငယ်များ၏ ခံစားနေရသော ဝေဒနာဆိုးအား အမြန်ဆုံးပျောက် ကင်းစေလိုသောစေတနာဖြင့် ကုသမှုစရိတ်အား အလှူရှင်များအနေဖြင့် လှူဒါန်းထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်၏ Facebook စာ မျက်နှာတွင် ရေးသားဖော်ပြခဲ့ရာ အလှူရှင်များပေါ်ပေါက်လာသည့်အတွက် ကလေးငယ်များနှင့် မိဘ ဖြစ်သူတို့၏ကိုယ်စား ကျွန်တော်တို့ ကျေနပ်ပီတိဖြစ်ခဲ့ရသည်။ သာဓု .. သာဓု .. သာဓု ဟူ၍လည်း နှလုံး သားထပ်မှ ထဲထဲဝင်ဝင် ခေါ်ဆိုမိခဲ့သည်။

 

 

 

၁၂.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အရေ ပြားရောဂါဆိုးခံစားနေရသော မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မလွှကုန်းကျေးရွာနေ ကိုတင်မိုးနိုင် + မစန်း စန်းအေး တို့၏ သမီးငယ် မခင်မေဦး (၆) နှစ်၊ သားငယ် မောင်ဟိန်းမင်းနိုင် (၁) နှစ် မောင်နှမနှစ်ဦးတို့ သည်

ထိုသတင်းအား ဖတ်ရှုမိကြသော စာဖတ်ပရိသတ်များမှတဆင့် အများပြည်သူတို့ ကြားသိခဲ့ရ၍ ကလေးငယ်များအား လူသားချင်းစာနာထောက်ထားသောစိတ်၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု ကျင့်သုံးသောစိတ်တို့ဖြင့် သဒ္ဓါတရားထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့်၎င်း၊ ကိုယ် တိုင်ကိုယ်ကျ ကလေးငယ်များရှိရာ မြောက်ဥက္ကလာပဆေးရုံကြီးသို့သွားရောက်၍ အားပေးနှစ်သိမ့်ပြီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း သိရှိရသည့်အတွက် ထပ်မံ၍ များစွာပီတိဖြစ်ခဲ့ရပြန်သည်။

 

 

 

ယနေ့ ၂၅.၁၂.၂ဝ၁၃ ရက်နေ့တွင် ကလေးငယ်များ၏ ကျန်းမာရေးနှင့် စားသောက်မှုစရိတ် အခြေအနေများအား မြောက်ဥက္ကလာပဆေးရုံကြီးသို့ ထပ်မံသွားရောက်၍ ကြည့်ရှုမိသောအခါ ကျွန်တော် တို့များစွာ အားတက်ကျေနပ် ပီတိဖြစ်ခဲ့ရပြန်တော့သည်။ ကလေးငယ်များနှင့် မိဘတို့၏ မျက်နှာများသည် ကျေနပ်ရွှင်လန်း ပီတိဖြစ်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။ ဘဝပေးကုသိုလ်ကံကြောင့် လူ့လောကထဲသို့ ရောက်ရှိခဲ့သော်ငြားလည်း ဘဝပေး အကုသိုလ်ကံကြောင့် လူ့လောကထဲတွင် ရပ်တည်နေထိုင်နိုင်ရန် အ တွက်၊ လူ့ပတ်ဝန်းကျင်အတွင်း မျက်နှာပြ၍ ရဲရဲတင်းတင်း ရှာဖွေစားသောက် ပညာသင်ကြားမှုများ မပြု လုပ်နိုင်ရှာကြသော ကလေးငယ်မောင်နှမနှစ်ဦးတို့သည် လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းကြား အများ သူငါ ကလေးငယ်များကဲ့သို့ ရပ်တည်နေထိုင်ခြင်း၊ ဆော့ကစားခြင်းနှင့် ပညာသင်ကြားနိုင်ခြင်းတို့ ဆန္ဒ ပြည့်ဝခဲ့ပြီဖြစ်သည်။ ကလေးငယ်များ၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ခံစားနေရသော အရေပြားရောဂါ ဝေဒနာဆိုးများ သက်သာပျောက်ကင်းလု နီးပါးဖြစ်နေပြီဖြစ်သည်။ ထိုကဲ့သို့ ဝေဒနာဆိုးများ ပျောက်ကင်း နိုင်ရေးအတွက် ကရုဏာ၊ စေတနာ၊ မေတ္တာတို့ဖြင့် ကုသပေးခဲ့သော အရေပြားဆရာဝန် ဒေါက်တာ မြတ်စန္ဒာကျော် အားလည်း အထူးကျေးဇူးတင်မိပါသည်။ သူတို့၏ ရောဂါဝေဒနာများ လုံးဝပျောက်ကင်း သွားသည်အထိ ကျွန်တော်တို့အနေဖြင့် ဆက်လက်ကူညီ ကုသပေးရဦးမည်ဖြစ်သည်။ ကလေးငယ်များ၏ မျက်နှာအမူအရာများသည် ယခင်ဝေဒနာခံစားနေရသော အချိန်ကာလများမှ ညှိုးငယ်သော၊ အားငယ် သော မျက်နှာမျိုး မဟုတ်တော့ချေ။ သူတို့၏ မျက်နှာများသည် ရွှင်လန်းတက်ကြွစွာဖြင့် လူ့လောကကြီးနှင့် အပေါင်းအသင်း သူငယ်ချင်း အသိုင်းအဝိုင်းများကြား ယုံကြည်ချက် ပြည့်ဝစွာဖြင့် ပေါင်းသင်းဆက်ဆံ ဆော့ကစား ပညာသင်ကြားနိုင်ပြီ ဟူသော ယုံကြည်ချက်များဖြင့် ပြည့်နှက်၍နေတော့သည်။ ကလေးငယ် များ၏ ယုံကြည်ချက်ပြင်းထန်သော မျက်နှာသွင်ပြင်လေးများအား ကျွန်တော်မြင်တွေ့မိရသောအခါ သူတို့ ၏စိတ်ထဲမှ ပြောကြားလိုက်သော စကားသံလေးများ ကျွန်တော့်၏ အကြားအာရုံတွင် ပဲ့တင်ထပ်လျှက် ရှိနေတော့သည်။

 

“ဦးဦး ဒေါ်ဒေါ် ကိုကို မမ အားလုံးကို မီးမီး ကျေးဇူးတင်ပါတယ် ရှင် …”

 

“ဦးဦး ဒေါ်ဒေါ် ကိုကို မမ အားလုံးကို သားသား ကျေးဇူးတင်ပါတယ် ခင်ညာ …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts