အမာရီလိုမြို့ – ဇေယျသုခကျောင်း ၇ နှစ်ပြည့်နဲ့ ကျောင်းအပ်ပွဲ
မိုးမခအထောက်တော် (အမာရီလို)၊ ဒီဇင်ဘာ ၂၆၊ ၂၀၁၃
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏ ၇ နှစ်မြောက် ကျောင်းတည်နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်နှင့် ကျောင်းအပ်ပွဲတော်ကို ဒီဇာဘာ ၂၄၊ ၂၅ နေ့ များတွင် ဒေ၀ါဝင်း ရာဇာဝင်းများ ခင်းကျင်းလှည့်လှည်ကာ ထူးခြားစွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
အမာရီလိုမြို့ တွင် အခြေချနေထိုင်နေကြသည့် မြန်မာတိုင်းရင်းသားပေါင်းစုံ စေတနာရှင် အလှူရှင်များက ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်
ကျောင်းထိုင်ဆရာတော်အဖြစ် ဇေယျသုခ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် လက်ရှိ သီတင်းသုံး သာသနာပြုလျက်ရှိသော အရှင်နန္ဒ၀ံသကို တရားဝင် အပ်နှင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပွဲတော်သို့ ဇေယျသုခ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ပထမမြောက် ကျောင်းထိုင် သီတင်းသုံးခဲ့သော သံဃာတပါးလည်းဖြစ်၊ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ ဓမ္မိကာရာမ သာသနာ့ရိပ်သာ၏ လက်ရှိ ကျောင်းထိုင်ဆရာတော်လည်းဖြစ်သော အရှင်အဂ္ဂဓမ္မ၊ နယူးယောက်ပြည်နယ် ယူတီကာမြို့ ၊ တက္ကဆက်ပြည်နယ်မြို့ အသီးသီးမှ စုစုပေါင်း သံဃာ ၁၁ ပါးနှင့် အမာရီလိုမြို့ အနီးတ၀ိုက်မှ ဧည့်ပရိတ်သတ်
၂၀၀ ကျော် ကြွရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက် အင်္ဂါနေ့ ညနေ ၄ နာရီခွဲတွင် အမာရီလိုမြို့ရှိ ကရင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၌ ခေတ္တသီတင်းသုံးနေထိုင်တော်မူသော အရှင်နန္ဒ၀ံသကို
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းမှ ဦးဆောင်စီမံခန့် ခွဲ၍ အသင်း၏ လူငယ်အင်အားစုများက ဒေ၀ါဝင်း ရာဇာဝင်းများဖြင့် ခင်းကျင်းလှည့်လှည်ကာ ဇေယျသုခ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့ကြသည်။
ဒေ၀ါဝင်း ရာဇာဝင်းများ အခင်းအကျင်းတွင် နတ်မင်း ၄ ပါး၊ ဘုရင်+ မိဖုရား၊ ဘုရင့် သမီးတော်၊ အိမ်ရှေ့စံ မင်းသား မင်းသမီး၊ အမတ် ၂ ပါး၊ ပုဏ္ဏား ၁ ယောက်နှင့် စစ်သူကြီး ၄ ဦးတို့ ပါဝင်ကြပြီး ဇေယျသုခ ဓမ္မရိပ်သာ ၀တ်ရွတ်အဖွဲ့ နဲ့ အတူ အမာရီလိုမြို့ ခံ လူဦးရေ ၁၀၀ နီးပါးခန့် ပူးပေါင်းပါဝင် ခင်းကျင်းလှည့်လည် ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
ဒေ၀ါဝင်း ရာဇာဝင်း ခင်းကျင်းလှည့်လှည်သည့် ယဉ်ကျေးမှု ဓလေ့မှာ ရှေ့ ခေတ်က ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သည့် ရှင်ဘုရင်များက ဘာသာသာသနာဆိုင်ရာပွဲတော် အခမ်းအနားများတွင် ထည့်သွင်းခင်းကျင်းလှည့်လှည်ပူေ
ဒီဇင်ဘာ ၂၄ ရက် ည ၉ နာရီအချိန်တွင် သံဃာတော်များက ဦးဆောင်ကာ အမာရီလို ၀တ်ရွတ်အဖွဲ့  နှင့် ဓမ္မမိတ်ဆွေအပေါင်းတို့ က ပရိတ်၊ ပဌာန်းနှင့် ဓမ္မစကြာတရာတော်များကို မိုးအလင်းထိ အလှည့်ကျစီ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဒီဇင်ဘာ ၂၅ ရက် နေ့ လည် ၁၁ နာရီခွဲတွင် သံဃာတော်များကို ဆွမ်း အလှူရှင်များက မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းကျွေးမွေးလှူဒါန်းပြီးနောက် ကျောင်းအပ်နှင်းပွဲ အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် နမော တဿ ၃ ကြိမ် သံပြိုင်ရွတ်ဆို ကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
့ပထမ အရေးကြီးပါတယ်။ သဟာဇာတဖြစ်မှ ငြိမ်းချမ်းမှုရမှာပါ။ ငြိမ်းချမ်းမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့  ရမှာဖြစ်တဲ့အတွက် တဦးကိုတဦး အပြန်အလှန်လေးစား၊ အသိအမှတ်ပြု၊ နားလည်ပေးဖို့  လိုအပ်ပါတယ်။ ဒါတွေကို လက်တွေ့ ကျကျ လိုက်နာ ကျင့်သုံးနိုင်ရန် အမာရီလိုမြို့ ရဲ့  ဘာသာသာသနာဟာ တနေ့ တခြား
တိုးပွားလာမှာ မလွဲပါ”ဟု ဆရာတော်က ကုလသမဂ္ဂ၏ အခြေခံမူ ၃ ချက်နဲ့ ယှဉ်၍ ရှင်းလင်း မိန့် ကြားသွားခဲ့သည်။
ပွဲတော်သို့ ရပ်ဝေးရပ်နီးမှ ကြွရောက်ချီးမြှင့်ပေးခဲ့ကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်အပေါင်းတို့ ကို ကျေးဇူးဥပကာရ အထူးတင်ရှိကြောင်းမြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကိုယ်စား အသင်း၏ ဘဏ္ဍာရေးမှုးတဦးဖြစ်သူ ဦးမောင်ရွှေက ပြောကြားသွားခဲ့သည်။
ညနေ ၄ နာရီတွင် ပွဲတော်အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် နယူးယောက်မြို့ မှ အထူးဧည့်သည်တော် စန္ဒယားအောင်ဝင်းနှင့် အမာရီလိုမြို့  ပျော်ပျော်ပါးပါး အငြိမ့်အဖွဲ့ တို့ က ရိုးရာယဉ်ကျေးမှု အဆိုအတီး အကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြကာ ကြွရောက်လာသည့်ဧည့် ပရိသတ် အပေါင်းတို့  အား အေးဇမ္ဗူ မြန်မာကုန်စုံဆိုင် မိသားစုများက ကြာဇံဟင်းချိုချက်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။