ကဗျာ

ခရစ္စမတ်အိပ်မက် (Min Nyunt Hlaing)

ခရစ္စမတ်အိပ်မက်

မင်းညွှန့်လှိုင်

ဒီဇင်ဘာ ၂၂၊ ၂၀၁၃

 

 

 

ကမ္ဘာဦးကျမ်းထဲကမ္ဘာလှည့်တဲ့ည

ဘုရားကျောင်းကခေါင်းလောင်းထိုးသံ

တံစက်မြိတ်ကနှင်းစက်ကျသံတွေကြားမှာ

တံခါးခေါက်သံကြားလိုက်ရတယ် ။

 

မရဲတရဲ

တံခါးကိုဆွဲဖွင့်လိုက်တော့

ဆန်တာကလော့စ်အဖိုးအိုဟာ

အပြုံးချိုချိုနဲ့

လက်ဆောင်တစ်ထုပ်ပေးလှာတယ် ။

 

ဝမ်းသာအားရ

အထုပ်လှလှကိုဖွင့်ဖောက်လိုက်တော့

သမ္မာကျမ်းစာထဲကကမ်းရှာထွက်တဲ့ငှက်

ပီကာဆိုရဲ့ချိုးဖြူငှက်ရယ်လေ

ရုတ်တရက်ထပျံပြီး

အဖြူရောင်နှင်းထုကြီးထဲတိုးဝင်သွားတယ် ။

 

သံလွင်ရွက်ကြွေတချို့သာ

 

ဗူးခွံထဲမှာကျန်ခဲ့ပေါ့ ။               ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts