မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – ဆောင်းမယ်လိုဒီ (ကဗျာ)

ေ ဆာ င်း မ ယ် လို ဒီ
မင်းညွှန့်လှိုင်
နိုင်ဝင်ဘာ ၆၊ ၂၀၁၃


ညအမှောင်ကိုအားပြုပြီး
ကောင်းကင်ကြီးကမြို့လေးပေါ်
နှင်းကိုဗုံးလိုကြဲချတယ် ။
အိမ်တိုင်းမှာ
မီးလင်းဖိုကိုယ်စီနဲ့
ဆောင်းကိုခုခံဖို့
ရှေးကထက်ပိုချစ်ကြ ။
လင်းကြက်တွေက
ဆောင်းညကို
တောင်ပံတဖျန်းဖျန်းရိုက်လို့ ။
အိမ်ရှင်မတွေ
မီးကိုမွှေးလို့ ။
လင်ယောက်ျားတွေ

မီးကိုစားပြီးနှင်းတောတိုးဖို့ ။            ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts