သူတို့အာဘော် အခန်းဆက်များ မောင်လူရေး

ဒေသခံတွေအတွက် သတ္ထိရှိရှိ ရင်ဆိုင်ဖို့လိုတဲ့ အပြောင်းအလဲရော ဟုတ်ရဲ့လား (Maung Luu Yay)

 

ဒေသခံတွေအတွက် သတ္ထိရှိရှိ ရင်ဆိုင်ဖို့လိုတဲ့ အပြောင်းအလဲရော ဟုတ်ရဲ့လား

မောင်လူရေး ၊ မတ် ၂၀၊ ၂၀၁၃

(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၂)

အစီရင်ခံစာ အပိုဒ် ၇၃ (က) မှာ

“ … သတ္ထုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ်၊ မြန်မာ့သတ္ထုတွင်း နည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္ထုတွင်းဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမဆို ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း (သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည် …”

ဆိုတာမှာ ဦးပိုင်ဟာ ဥပဒေရဲ့ဘယ်အပိုဒ်နဲ့မှ မညီညွတ်။ သူ့မှာ ကြေးနီ ရှာဖွေ၊ ထုတ်လုပ်နိုင်သည့် ကွာလတီရှိဖို့ထားလို့  ရောရောင်ပါနေသည့် အက်စစ်စက်ရုံသည်ပင် စံတမ်းစေ့ဘာတစုံတရာမှ မရှိချေ။ တရားဝင်မှုအတွက်ပြစရာ သတ္ထုတွင်းဝန်ကြီးဌာနအောက်က နိုင်ငံတော်ပိုင်လဲ မဟုတ်။

(ခ)မှာ ယခုချုပ်ဆိုသည့်စာချုပ်မှာ သတ္ထုတွင်းဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံသားပိုင် ကုမ္ပဏီတို့ချုပ်ဆိုသည့် စာချုပ်မဟုတ်ဘဲ နိုင်ငံသား ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် နိုင်ငံခြားကုမ္ပဏီတို့ ချုပ်ဆိုသည့်စာချုပ်ဖြစ်ပါ၍ ၁၉၈၉ ခုနှစ်၊ နိုင်ငံတော်စီးပွားရေးလုပ်ငန်းများဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း(၂)၊ နည်းဥပဒေ ၃(ဂ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရအဖွဲ့သည် ဥပဒေပုဒ်မ (၄)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခွင့်ပြုမိန့်ကို အမိန့်ကြော်ညာစာ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း တဲ့။

အဲသလိုကြံဖန်ပြီး ဆိုင်ရာပိုင်ရာဖြစ်ဖို့အတွက် ဝန်ကြီးဌာနကလဲ ခွင့်ပြုမိန့်ပေးမထား။

သို့ကလို နိုင်ငံတော်နှင့်ဦးပိုင်ကြားက စာချုပ်ဟာ တရားမဝင်တော့တဲ့အတွက် အဲဒီတရားမဝင်စာချုပ်အပေါ်မှီပြီး ထပ်ဆင့်ချုပ်ထားတဲ့ ဦးပိုင်နဲ့ ဝမ်ဘောင် စာချုပ်ဟာလဲ “အလိုလိုပျက်ပြယ်ပြီး” ဖြစ်သွားပါတယ်။

အဲဒါကြောင့် ခု ဒေါ်စုပြောတဲ့စာချုပ်ပြန်ချုပ်မယ်ဆိုတာဟာ ဒေါ်စုပြောသလို ဒေသခံတွေအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားပါဝင်အောင်ပြန်ချုပ်ခြင်းဆိုတာထက် အဲဒါကို ဗန်းပြပြီး မလိမ့်တပတ်နဲ့ တရားမဝင်ခဲ့တဲ့စာချုပ်ကို တရားဝင်အောင်လုပ်ဆောင်ခြင်းလို့ဘဲ မှတ်ယူပါတယ်။

နောက်တခု  ကျုပ်လို သာမာန်အရပ်သားဥာဏ်မမီတာက မြေဧက ရှစ်ထောင် (၈၀၀၀) ကျော်ကို တစ်နှစ်ငှားရမ်းခ (နှစ်ဆယ့်ရှစ်သိန်းကျော်နဲ့ နှစ်ခြောက်ဆယ်) ကို ပြည်ထဲရေးက ထုတ်ပေးတယ်ဆိုတာပါဘဲ။ သတ္ထုတွင်းနဲ့ မဆိုင်ဘူးလား။

ဒေါ်စုက ဒေသခံတွေအကျိုးအတွက်လို့ ဘယ်လိုဘဲဆိုဆို၊ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ ဘယ်လောက်ဘဲပြောပြော၊ အစီရင်ခံစာ အပိုဒ် ၅၄ မှာ …

လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်း စီမံကိန်းနယ်မြေတွင် သိမ်းဆည်းမြေဧရိယာစုစုပေါင်း (၇၈၆၇ ဒသမ ၇၈ ဧက) အနက် လယ်ယာစိုက်ပျိုးမြေ  (၅၀၅၇ ဒသမ ၀၀ဧက)  ရှိကြောင်း တွေ့ရှိရပါသည်  …” တဲ့။

၅၆ မှာတော့

လက်ပံတောင်းတောင် သတ္ထုတွင်းလုပ်သားအင်အားမှာ နိုင်ငံခြားသားပညာရှင် (၁၆၉)  ဦးနှင့် မြန်မာဝန်ထမ်း (၆၆၀) ဦးဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲ့ရမြန်မာဝန်ထမ်းများ (၁၂၈) ဦးအား …” တဲ့ဗျာ။

အဲဒီနှစ်ခုနှိုင်းယှဉ်စဉ်းစားကြည့်ပါ။

သိမ်းခံရတဲ့ လယ်ယာစိုက်ပျိုးမြေ  ၅၀၅၇ ဒသမ ၀၀ဧက( ငါးထောင်ငါးဆယ့်ခွန်) ဧကမှာ လူပေါင်းဘယ်လောက်များ အလုပ်အကိုင်ရခဲ့ကြပါသနည်း။ မိသားစုတွေအားလုံး လုံခြုံခဲ့မှာလဲ သေချာပါတယ်။ အဲဒါတွေသိမ်းလိုက်ပြီး လုပ်တဲ့စက်ရုံမှာက ခန့်နိုင်တာက ၆၆၀ (ခြောက်ရာခြောက်ဆယ်) ဦးတင်။ ဒါတောင် ဒေသခံတွေချည်းမဟုတ်။ ဒေသခံများက ဘယ်နှစ်ယောက်ဘဲပါမယ်မသိ။ ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။

ဒေါ်စုကတော့ မြေတူးတာတွေပါခေါ်ဖို့ ပြောတယ်။ စံပယ်တောင်နဲ့ ကြေးနီတောင်စီမံကိန်းကြောင့် ဒေသခံတွေ ထုံးဖိုမှာ ရဲဘက်စခန်းကလူတွေလို (ကျောက်ထုစား) နေရတယ်တဲ့ခင်ဗျား။

နဂိုက လယ်ရှင် ယာရှင်၊ ကိုယ်ပိုင်လယ်မြေတွေ။ ကိုယ့်လယ်ကိုယ့်ယာဆိုတော့ကာ တမိသားစုလုံးအလုပ်ရှိရုံတင်မက အချိန်မရွှေးလုပ်နိုင်၊ နားလိုက နားနိုင်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်။ ကိုယ့်ပီတီနဲ့ကိုယ်။ ဒီနှစ် မိုးလေမှန်ရင် သားလေးကို ရှင်ပြုမယ်၊ ဟိုကောင်မ အရွယ်ရောက်လာပြီ၊ နားကပ်ကလေးလုပ်ပေးအုံးမှ။ ရွာကဘုရား ပြန်ပြင်မယ်၊ ကထိန်ခင်းမယ်၊ ဟိုကောင်ကြီး လာမဲ့နှစ် ၁၀ တန်းဆိုတော့ မြို့တက် ဘော်ဒါထားရမယ်ဆိုတဲ့ အိပ်မက်တွေကိုယ်စီနဲ့။

ခုဟာက ခန့်သူတဦးဘဲ အလုပ်ရှိမယ်။ အဲဒီလူလဲ နားချင်တိုင်းနားမရ၊ မကျွမ်းကျင်တာတွေ လုပ်ကိုင်ရ၊ အန္တရာယ်ရှိ၊ စေသည့်ကျွန် ထွန်သည့်နွား။ ဘဝတပါးခြားလေပြီ။

အဲဒီလိုကိုယ်ပိုင်အလုပ်အကိုင်များ၊ ကိုယ်ပိုင်ဒေသများပျောက်ဆုံးတာဟာ သိမ်ငယ်မှုတွေကို ဖြစ်ပေါ်စေပြီး ကျွမ်းကျင်မှုတွေပါ တဖြည်းဖြည်းပျောက်ဆုံးသွားကာ အဲဒီရပ်ရွာရဲ့စွမ်းရည်တွေပါကုန်ခန်းသွားစေပါတယ်။ ဒါဟာ တကယ်တော့ နိုင်ငံတော်ပျောက်ဆုံးမှုရဲ့အစပါဘဲ။ အဲဒီလူတွေမှာ တန်ဖိုးထားရမဲ့အရာဆိုတာ မရှိတော့လို့ပါ။

စာချုပ်ဟာ၊ ကျမပြောပြီးပြီဆိုတဲ့စကားတွေဟာ အဲဒီ ဆင်းရဲသားလူမှုဘဝတွေအပေါ်မှာ မျှတမှုရှိပါ့မလား။

ဒီ အပြောင်းအလဲဟာ သတ္ထိရှိစွာ ရင်ဆိုင်ဖို့လိုတဲ့ အပြောင်းအလဲရော ဟုတ်ရဲ့လားဒေါ်စုခင်ဗျား။

ဒေါ်စုဟာ ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ကတိကဝတ်တွေကို တာဝန်ယူမယ်ဆိုတာဟာ ဘယ်လိုယူမှာလဲ ရှင်းပြသင့်ပါတယ်။

သူတို့လဲ ဦးပိုင်နဲ့တန်းတူ ပြည်သူသားတွေပါ။ သူတို့ကို တန်းတူအသိအမှတ်မပြုတာဟာ ပြည်သူသားအဖြစ်က လျောကျစေမှုပါဘဲ။

သူတို့ဘဝတွေကို သူတို့မပါတဲ့စီရင်မှုတိုင်းဟာ ဆုံးဖြတ်ချက်တိုင်းဟာ တရားမျှတမှုဆီ ဦးမတည်ပါဘူး။ စုံစမ်းရေးကော်မရှင်မှာပါတဲ့ ဒေသခံတွေကိုတောင် လူစရင်းမသွင်းချင်တဲ့အနေအထားမှာ တရားမျှတမှုကို ဘယ်လိုရှာရမှာလဲ။

နောက်ပြီး ဒေသခံတွေမှာ ငြင်းပယ်ခွင့်မရှိရတော့ဘူးလား။ မင်းတို့ဆင်းရဲသားတွေသဘောတူတူ မတူတူ အကောင်အထည်ဖေါ်မယ်၊ မင်းတို့အတွက်လုပ်သင့်တာတွေလုပ်ပေးမယ်လို့ ဆိုတာတွေဟာ တကယ်တော့ ဒေသခံတွေဟာ ဘာမှမသိပါဘူး၊ (ငနုံတွေပါ) လို့ပြောတာနဲ့အတူတူပါဘဲ။ နောက်ပြီး ဒေသခံတွေဟာ စီမံကိန်းရဲ့ဆိုးကျိုးကောင်းကျိုးတွေကို အကုန်သိရှိပြီး ဆုံးဖြတ်ရာမှာပါဝင်ခွင့်ရှိမှသာ ဒေသဆိုင်ရာသယံဇာတခွဲဝေမှုလဲ ညီမျှမှာပေါ့။

လူတိုင်းမှာ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ရေမြေရဲ့တန်ဖိုး၊ ကိုယ့်ယဉ်ကျေးမှုတွေရဲ့တန်ဖိုးတွေကို လေးစားမြတ်နိုးမှုရှိတယ်။ အဲဒီလေးစားမြတ်နိုးမှုဟာ ရှင်သန်ခြင်းပါဘဲ။ အဲဒီလေးစားတန်ဖိုးထားမှုတွေဟာ စီမံကိန်းတွေရဲ့ဖျက်ဆီးမှုကို ခံရပါတယ်။ ဒါဟာ ရှင်သန်မှုပါ ဖျက်ဆီးခံရတာပါ။ ဒီတော ဒီတောင် ဒီလယ် ဒီယာတွေဟာ ရှင်သန်မှုအတွက် လိုအပ်ချက်ပါ။ ဒါတွေကို စီးပွားရေးအခွင့်အလမ်းအဖြစ်သတ်မှတ်ပြီး ဖြိုလှဲ ထုတ်ယူလိုက်တာဟာ အဲဒီရှင်သန်မှုတွေအပေါ် ကျူးလွန်လိုက်တဲ့ လူသားဆိုင်ရာကျူးလွန်မှုကြီးပါ။

ကော်မရှင်ရဲ့ လယ်တီနဲ့ပတ်သက်လို့သုံးသပ်ချက်ဟာ အင်မတန်ပေါ့တန်ပါတယ်။ လယ်တီဆိုတာ မြန်မာ့ဗုဒ္ဓသာသနာရဲ့မဟာရဟန်းတော်ကြီးပါ။ အဲဒီဆရာတော်ကြီးရဲ့ ဆက်ဆပ်တန်ဖိုးတွေ ပျောက်ကွယ်သွားတာဟာ ကြီးမားတဲ့ဆင့်ကဲဆုံးရှုံးမှုကြီးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒေသခံတွေအတွက် သတ္ထိရှိရှိ ရင်ဆိုင်ဖို့လိုတဲ့ အပြောင်းအလဲရော ဟုတ်ရဲ့လား (Maung Luu Yay)
  1. သမ္မတကြီး ဦးသိန်းစိန်
    နောက်ကွယ် ကကြိုးကိုင်နေတာ က တိုင်းပြည်သယံဇာတတွေ
    (သဘာဝဓါတ်ငွေ. ၊ သစ်တော၊ သတ္တု စသည်) ကို သူခိုးဈေးနဲ. ရောင်းစားပြီး တိုင်းပြည်ကို
    ဒေါ်လာ ဘီလျံပေါင်းများ စွာ အကြွေးတင်စေတဲ. တပ်မတော် မာစတာကြီးများ ပါ၊
    သမ္မတကြီး ဦးသိန်းစိန်က ဦးပိုင်၇ဲ. ဒီစီမံကိန်းကြီး ပျက်သွားရင် သူ.နောက်ကွယ်ကမာစတာကြီးများ ရဲ.အန္တရာယ် (နောက်ကြောင်း
    ပြန်လှည်.နိုင်ပုံ နဲ. ၂၀၁၅ သမ္မတရွေးကောက်ပွဲကြီးပျက်သွားနိုင်ခြေ ) ကို ဒေါ်စုကိုပြောပြီး
    နောက်ကနေ GUIDE LINE လုပ်ပေးထားတာပါ ၊
    ဒေါ်စုကလည်းသမ္မတ သိပ်ဖြစ်ချင်ပါတယ်၊ တိုင်းပြည်ကို ကယ်တင်ချင်၊ တိုးတက်စေချင်
    လို.ပါ ။ ဒီတော. ယခင် စစ်တပ်က တပ်မတော် မာစတာကြီးများကတိုင်းပြည်သယံဇာတတွေ
    ကို ယူလက်စနဲ. ယူပါစေ ၊ ၂၀၁၅ ရွေးကောက်ပွဲ နိုင်ပြီး သမ္မတဖြစ်ရေးအပျက်မခံချင် ၊
    (ဒါမှအလုံးစုံပြုပြင်ပြောင်းလဲနိုင်မယ်ပေါ.) ၊
    မြန်မာနိုင်ငံ ရှေ.နေများကွန်ယက်၊ ဘဘဦးဝင်းတင် ၊ ကိုဟန်ဝင်းအောင် စတဲ.ပြည်သူတွေ၊
    ဒီမိုကရေစီကို ချက်ချင်းပွေ.ဖက် ချင်ကြသူများ က ဦးပိုင် လက်ဝါးကြီးအုပ်ခြယ်လှယ်မှုချက်ချင်းရပ်ဆိုင်းဖို. ဒါကိုအပြင်းအထန်ကန်.ကွက်နေကြတာ ၊
    အဓိက က တိုင်းပြည်ကို ချစ်ကြတာ အတူတူပါ ၊ မင်းကိုနိုင်ပြောသလို
    ၇ည်မှန်း ချက်တူ သူချင်း လွတ်လပ်စွာ သဘောထားကွဲကြပါ ၊
    ဒါပေမယ်. အချင်းချင်း မမုန်းကြပါနဲ. ။
    ပြည်သူ အများစု (THE WHOLE BURMA) ရဲ.ဆန္ဒ ဟာ အမှန်တရားဆိုတာတော.
    အားလုံးလက္ခံ ကြ၇လိမ်.မယ် ။ ။ ။
    တပ်ထွက် သမတကြီးနဲ. နိုင်ငံအုပ်ချုပ်ေ၇းကို ထိပ်ပိုင်းနေ၇ာ ဇွတ် ၀င်ယူထားသူများ
    ဦးပိုင် ကို လွှင်.ပစ်ပြီး ပြည်သူတွေရဲ. ရိုသေလေးစား မှုကိုရယူဖို. စိတ်ကူးမရှိကြဘူးလား ?

  2. In Democracy system, Government and army do not do economic for them. Government takes tax
    according to the good civil tax law from population and use and support for population of country.
    (Now in Burma, army do economic for them. that is not Democracy way)

Comments are closed.