မိုးမခကို ပေးတဲ့စာ
ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်းထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု
ပေးပို့သူ – မေသော်တာ (ဟင်္သာတသူ)
မတ်လ ၁၈၊ ၂၀၁၃
ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏ လက်အောက်ဝန်းထမ်းများအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့အဖွဲ့ကို လွှတ်ပေးပါ။
ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည် ဆရာ။ဆရာမများနှင့် ၀န်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။နိမ့်ချ ပြောဆိုဆက်ဆံတယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။
တာဝန်ချိန်ထက် တစ်နာရီစောပြီး ကျောင်းကိုလာရတယ်။ အလှည့်ကျ ဆရာ ဆရာမများနှင့် ရုံးဝန်းထမ်းများအား သူ၏သမီး ကျောင်ကြိုပို့
လုပ်ငန်းအား အလှည့်ကျလုပ်ပေးရတယ်။ သူအိမ်က ပန်းကန်ကအစ ဆေးပေးရတယ်။
ရုံတက်ချိန် မနက် 93း0 မှ ည 43း0 ပြီးဆုံးသော်လည်း ကျောင်းအလုပ်မဟုတ်ဘဲ သူအိမ်အလုပ်တွေ သူခိုင်းတာတွေကို မပြီးမချင်း လုပ်နေရပြီး ညနေ 6း00 နာရီကျော်မှ ပြန်ရတယ်။ ၂၀၁၂ ခုနှစ်က သိပ္ပံနှင့် နည်းပညာဌာနသို့ တရားဝင်တိုင်ကြားခဲကသော်လည်း၊ လာ စစ်တဲ့ အဖွဲ့ထဲက အဓိကလူတွေဖြစ်သော ဒေါ်ခင်မှတ် (စီမံ) နှင့် ဒေါ်နွယ်နတို့နှစ်ဦးကို တန်းဘိုးကြီးပစ္စည်းများ ပေးပြီး လာဘ်ထိုးသောကြောင့် ဒီအတိုင်းဘဲ ပြီးသွားခဲ့ပါတယ်။တိုင်းကြားတဲ့ အကြောင်းအရာတွေအားလုံး မှန်ကန်နေသော်လည်း မည်သိုမျှအရေးယူဆောင်ရွက်ခြင်းမရှိပါဘူး။ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းဇော်၏ ဆရာ။ဆရာမများ နှင့်ဝန်ထမ်းအပေါ် မတရား ခိုင်းနေတဲ့အတွက်ကြောင့် အထက်ကတာဝန် ရှိသူများသိစေရန် တင်ပြလိုက်ပါတယ် ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
4 thoughts on “ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်းထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု
  1. If the news is true, such a self-fish, unkind, Un-religious headmistress! No wonder why many students are not respect on those teachers. Shame on you the headmistress Daw Win Win Zaw!
    Shall I ask you ( Win Win Zaw ) do you know how to get a shame? Please go back to your primary and learn it. How did you get this position? Who employed you? Shame on you people! Please leave your position as you are not capable to teach. Noone wants you.
  2. ကိုယ်ကျောင်းသိက္ခာကျမည် စိုးသဖြင့် မပြောလိုသောလည်း ပိုမို ဆိုးဝါးလာပါတယ် … အမြင်မကြည်က တစ်မျိုးကြည်တစ်မျိုးကတော့ ကျောင်းတိုင်းမှာ ရှိနိုင်ပါတယ် … မြို့ပေါ်ကျောင်းမလို့ လာစစ်ပေမယ့် ဝေးလံတဲ့ကျောင်းဆို ဘယ်သူမှ လာမစစ်ဆေးပါဘူး … ကျောင်းအုပ်နဲ့ အပီးပိုင်တဲ့ ဆရာမများဆိုရင် ဘာခွင့်မှ မလိုအပ်ပါဘူး … မကြည်တဲ့ ဆ၇ာမများဆို ကိုယ်ချင်းမစာ ဆေးခွင့် လစာမဲ့ခွင့်လုပ်လိုက်တာက များများပါပဲ …
  3. ခွင့်မှာ ပိုင်တဲ့သူ နဲ့ မပိုင်တဲ့သူဆိုပြီ ခွဲထားလို့ရတာလား
    ခွင့်ဆိုတာဝန်ထမ်းမှာ ညီတူညီမျှဖြစ်သင့်တယ် မဟုတ်လား
    အခြေအနေကခွဲခြားပြီးဆက်ဆံနေတာပေါ့
  4. ဒီကိစ္စကို တွှိုင်တန်းပြီးနောက်ပိုင်း အဲ့ကျောင်းက အပြောင်းအရွှေ့စာရင်းကို တချက်ပြန်ကြည့်ရင် ပိုကောင်းပါတယ် သူ့ကိုတိုင်တယ်လို့ထင်တဲ့ဆရာ/ဆရာမတွေကို အကုန်ဝေးလံတဲ့ နယ်တွေပို့ပစ်တယ် သားတကွဲ မယားတကွဲ လုပ်ပစ်တယ် ၀န်ထမ်းအပြောင်းအရွှေ့ကိစ္စကို နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်ပါတယ် ဒါပေမယ့် နေပြည်တော်က ကျောင်အုပ်တွေကို ဆန္ဒတောင်းခံလေ့ရှိပါတယ် အဲ့မှာ ကျောင်းအုပ်က သူကြည့်မရတဲ့သူ သူကိုင်တွယ်လို့မရတဲ့လူကိုပေးလိုက်တာပဲ ဟင်္သာတကျောင်းက အပြောင်းထွက်သွားတဲ့သူတွေ ဘယ်မြို့ကိုရောက်နေလဲ ပြန်စစ်လိုက်ရင် သန့်ရှင်းသောအစိုးရဖြစ်ဖို့အောက်ခြေမှာ ဘယ်လောက်ခြစားနေတယ်ဆိုတာ သိနိုင်ပါတယ် ခုဒီစာတက်လာပြန်ပြီ ဟုတ်ကဲ့ ဧပြီမှာ အပြောင်းအရွှေ့တွေထွက်မယ် ဘယ်သူတွေကံဆိုးဦးမလဲ တချက်စောင့်ကြည့်လိုက်ကြပါ ဒါဆို ရှင်းပါတယ်
Comments are closed.