တူမောင်ညို သူတို့အာဘော်

သမ္မတ (ဗိုလ်)ဦးသိန်းစိန် ပြောတဲ့ “ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ” – Tu Maung Nyo


သမ္မတ (ဗိုလ်)ဦးသိန်းစိန် ပြောတဲ့ “ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ” အကြောင်း

တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက် )

မူနှင့်သဘောထားကိုဖေါ်ပြဖို့ဆိုလျှင်“ဝေါဟာရ၊စကားလုံး”တို့ဖြင့်ဖေါ်ပြရမည်သာဖြစ်သည်။

သုံးစွဲဖေါ်ပြသော “ဝေါဟာရ၊စကားလုံး”တို့၏ အနုအရင့်၊ အပျော့အမာ အပေါ်မူတည်ပြီး သုံးစွဲသူ၏ သဘောထားကို ရှင်းလင်း စွာသိရှိနိုင်သည်။ တစ်ခါတစ်ရံ လေသံ၊ ဟန်ပန်အမူအရာဖြင့်လည်း သဘောထားကိုဖေါ်ပြကြစမြဲဖြစ်သည်။

သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူတို့ ချမှတ်ထားသော မူ/သဘောထားအပေါ် စွဲမြဲစွာရပ်သည်ဟု ပြောရမည်ထင်သည်။

“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်အပါအဝင် ကြံ့ဖွံ့အစိုးရတစ်ဖွဲ့လုံးနှင့် ကြံ့ဖွံ့အမတ် အားလုံးကတညီတညာတည်း ယနေ့အထိ စွဲကိုင်ထားကြဆဲဖြစ်သည်။

 အဆိုပါသဘောထားကိုအလွယ်တကူစွန့်လွှတ်မည့် အရိပ်အယောင်မျှပင် ယနေ့အထိ မတွေ့မြင်မိသေးပါ။

“နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည် (နဝတ-နအဖ) စစ်အစိုးရ၏ သဘောထားဖြစ်သည်။

 ယင်းသဘောထားကို (နဝတ-နအဖ) စစ်အစိုးရ၏ အာဏာအမွေခံဖြစ်သော (ဗိုလ်)ဦးသိန်းစိန်တို့ ကြံ့ဖွံ့အစိုးရက ဆက်ခံထား ခြင်းဖြစ်သည်။ ကာကွယ်နေခြင်းဖြစ်သည်။

သူတို့သည်“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”ကို “မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှု/ တိုင်းဆူပြည်ဖျက်လုပ်ရပ်” ဟု သဘော ထားကြသူများဖြစ်သည်။ သို့အတွက် “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး” တွင် နည်းလမ်းပုံစံမျိုးစုံဖြင့်ပါဝင်ကြခဲ့သော “အရေးတော်ပုံ တပ်သား”  မှန်သမျှသည် သူတို့ အတွက် ဆူပူသောင်းကျန်းသူ၊  ဥပဒေချိုးဖောက်သူများသာဖြစ်နေတော့သည်။

 “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” သည် (မဆလ) တစ်ပါတီအာဏာရှင်စနစ် ဖယ်ရှားပစ်ခဲ့သည်။ (နဝတ-နအဖ) စစ် အစိုးရသည်  “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကို အကြမ်းဖက်ချေမှုန်းပြီး အာဏာယူခဲ့ခြင်းဖြစ်သည်။

အကယ်၍သာ “နိုင်ငံရေးအကျဉ်းသား သို့မဟုတ် နိုင်ငံရေးအကျဉ်းသားရှိသည်” ဟု အသိအမှတ်ပြုလိုက်မည်ဆိုလျှင်  “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကိုပါ အသိအမှတ်ပြုရတော့မည်။ ယင်းသို့အသိအမှတ်ပြုလိုက်လျှင် (နဝတ-နအဖ) စစ်အစိုးရလက်ထက် မှ ယနေ့ အထိ အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုမှန်သမျှကို ဝန်ခံရတော့မည်။ တာဝန်ယူရတော့မည်။ တာဝန်ခံရတော့မည်။

ယင်းသို့ အသိအမှတ်မပြုနိုင်၊ ဝန်မခံနိုင်၊ တာဝန်မယူနိုင်သဖြင့် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟု မျက်စိမှတ်ငြင်းကွယ်နေခြင်း ဖြစ်သည်။ စကားလုံးဝေါဟာရအရအငြင်းပွားနေခြင်းမဟုတ်။ နိုင်ငံရေးသဘောထားပြဿနာဖြစ်သည်။

ကြံ့ဖွံအစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုသည်ကို တစ်ခါမျှပင်မပေးခဲ့ချေ။ (ဗိုလ်) ဦးသိန်း စိန်သည် “၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၂၀၄ (က) အရ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” သာပေးခဲ့သည်။

ထိုသို့လွှတ်ပေးခဲ့သော “အကျဉ်းသား”များကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁(၁)အရ ပြစ်မှုကြွေးကျန်“နှောင်ကြိုး တည်း၍လွှတ်ပေးခြင်း” သာဖြစ်သည်။

 ဤသို့သော အခြေအနေအချက်အလက်များအရပြောရလျှင် “နိုင်ငံရေးအကျဉ်းသားမရှိ” ဟူသောသဘောထားသည် သမ္မတ (ဗိုလ်)  ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက် ဘယ်လိုမှ မပြောင်းလဲနိုင်သော၊ အလျှော့မပေးနိုင်သော သဘောထားဖြစ်သည်။ နိုင်ငံရေးသမား များအပေါ်ထားရှိသော(ဗိုလ်)  ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏  အငြှိုး၊ အတေးနှင့်အာဃာတဖြစ်သည်။

 ဤသဘောထားမှာ သမ္မတ(ဗိုလ်) ဦးသိန်းစိန်အပါအဝင် (ကာလုံ)၊ လက်ရှိအစိုးရအဖွဲ့နှင့်ကြံ့ဖွံ့ပါတီတို့၏ ကွဲလွဲမှုမရှိသော ဘုံ သဘောထားလည်းဖြစ်သည်။ ယင်းကိစ္စအပေါ် သူတို့အချင်းချင်းအကြား ကွဲလွဲမှု(လုံးဝ)မရှိချေ။

ကွဲလွဲသည်ဟု ထင်လျှင်/မြင်လျှင်ထိုသို့ထင်သူ/မြင်သူများ၏ ရိုးအမိုက်မဲမှုသာဖြစ်ပါလိမ့်မည်။

ထို့အပြင် (နဝတ-နအဖ) စစ်အစိုးရကျူးလွန်ခဲ့သော အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်ခဲ့မှုမှန်သမျှ ကာကွယ်နိုင်ရန် “၂၀၀၈  အခြေခံဥပဒေ” ပုဒ်မ ၄၄၅ ဖြင့် အကာအကွယ်ယူထားသေးသည်။

သို့ဖြင့် သမ္မတ (ဗိုလ်)ဦးသိန်းစိန်က “မတ် ၁ ရေဒီယိုမိန့်ခွန်း” ထဲတွင်  “နိုင်ငံရေးအကျဉ်းသား” ဟု မသုံး။

 “လက်ကျန် အကျဉ်းသားစိစစ်ရေးကော်မတီ” ဟုသာသုံးသည်။

နိုင်ငံရေး“ယုံကြည်ချက်” ဟုပင်မသုံး။ “ယုံကြည်ချက်အကျဉ်းသား” (Prisoner of conscience) ဆိုသည့် စကားလုံးနှင့်တူနေ မည်စိုးသဖြင့် တမင်ရှောင်လွှဲသည့်သဘောဖြစ်သည်။ “မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေ အရ အကျဉ်းချခံခဲ့ရသူများ” ဟုသုံးသည်။

(နဝတ-နအဖ) စစ်အစိုးရခေတ်သည် မတူညီသောနိုင်ငံရေးခံယူချက် ၊ သဘောထားရှိသူများကို အကျဉ်းချရုံသာ ချထားခဲ့ခြင်း မဟုတ်၊ စစ်ကြောရေးနှင့်အကျဉ်းထောင်များထဲတွင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခဲ့သူများကို မသေမချင်း ညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခဲ့သောခေတ်စနစ်ဖြစ်ပါသည်။

အချို့စစ်ကြောရေးတွင်၊အချို့အကျဉ်းထောင်ထဲ၌ အသက်ဆုံးရှုံးခဲ့ကြရသည်။  အချို့မှာမူထောင်ထဲတွင် သေတော့မည်ဆိုတာ သိသဖြင့် ထောင်မှလွှတ်ပေးပြီးနောက် ထောင်ပြင်ပတွင် သေဆုံးကြရသည်။

 ယနေ့အထိလည်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများရှိနေဆဲဖြစ်သည်။

 နိုင်ငံရေးလှုပ်ရှားမှုများနှင့်ဆန္ဒပြမှုများကိုအကြမ်းဖက်ဖိနှိပ်ဖြိုခွဲနေဆဲဖြစ်သည်။ လက်ပံတောင်းတွင် မီးလောင်ဗုံးဖြင့် အကြမ်း ဖက်မှုနှင့်ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာလယ်သမားများကို ရဲက သေနတ်ဖြင့်ပစ် ခတ်ခြင်းတို့သည်ထင်ရှားသော သက်သေများပင်ဖြစ်သည်။

သမ္မတ (ဗိုလ်) ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ “ရေဒီယိုမိန့်ခွန်း” သည် ဘာမျှမဟုတ်။ ကြွားလုံးထုတ်မှု ၊ လိမ်ညာလှည့်စားမှု နှင့် အငြှိုး အာဃာတကိုဖေါ်ပြခြင်းမျှသာဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “သမ္မတ (ဗိုလ်)ဦးသိန်းစိန် ပြောတဲ့ “ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ” – Tu Maung Nyo
  1. The whole World and we know that Myanmar military regime had done very bad things on their own people in the past. They destroy their own Country and the future of so many generations. President U Thein Sein is part of those sins & crimes. He will have to hold accountability and responsibilities. Whether those military dictators like it or not, they will have to face consequence sooner or later in this life as well as next lives.
    The main purpose of writing this comment is not to support military government, but to reveal the true character and loose moral of Tu Maung Nyo. I am not writing this comment to judge right or wrong for what he written against military dictator in this article. It will be judged by History, not me. You can write or talk all good things with powerful words, absolute truth or the words that people would like to read or hear.
    However the most important thing is “Do as you do, and not necessarily what you say “
    I would say that you and military regime are the similar creature. You write and talk very loudly for Justice, Democracy, Human Rights and so many good words like: Doe Ah Yale thon bar. But all are lies and just an empty shell.
    For the people who don’t know you, they will think that you are fighting for justice and they may worship you as hero for what you wrote.
    The real fact is that you seduced married women of your close friends, colleague from same party and break up their families. You may not believe or may not know how serious the sin of “Du Tha Na Thaw “.
    You say one thing and do another thing. You committed so many bad things like military dictators. You will have to take responsibilities and face the consequence of sins you committed whether you like it or not. You will have to reap what you sow. You will have to payback one way or another for Your Own Karma sooner or later in this life as well as next lives similar to Myanmar military regime.

  2. ဒေါက်တာ ဇီဗားဂိုး စာအုပ်ထဲကလို ဇာဘုရင်လက်ထက်က ၀န်ကြီးတွေက မဟာအောက်တိုဘာ
    တော်လှန်ရေးအောင်မြင်တော့လည်း သူတို့ ဘဲ ၀န်ကြီးတွေပြန်ဖြစ်နေကြတယ်။ အဲဒါတင်မကဘူး တော်လှန်ရေးထဲမှာ
    အနစ်နာခံနေရတဲ့ တော်လှန်ရေးသမားတွေရဲ့ ဇနီးတွေကို အခွင့်ကောင်းယူပြီး ကြာကူလီဇာတ်လမ်းရိုက်နေတဲ့ ၀န်ကြီး တွေလည်းမနဲတော့ဘူး။ ရန်သူထက်စာရင် အတွင်းစည်းကလူတွေကပို ပြီးကြောက်ဖို့ ကောင်းပါလား။ NLD လူငယ်များသတ္တိရှိရှိဖွင့်ချသင့်တယ်။ ရန်သူကိုသာတိုက်သင့်တာမဟုတ်ဖူး၊ အတွင်းစည်းက ကြာကူလီများကိုလည်း အပြီးအပိုင်ထုပ်ပယ်သင့်တယ်။ သို့ သော်အစွတ်စွဲခံရသူကလည်း ထုခြေခွင့်ရှိရမယ်။ ကြံဖွတ်တွေမသိခင် ရှင်းထားရမယ်။ တဖြေးဖြေး ကြံဖွတ်တွေက ကျစ်လစ်လာတာနဲ့ အမျှ၊ NLD ကလျော့ရဲလာတယ် လို့  စပယ်ရာလောက က အိုင်ပက်မှာပေါ်နေပါတယ်။

Comments are closed.