သရော်စာ

တောင်သူကြွယ်သမားနေ့ အခမ်းအနားဖိတ်ကြားစာ


တောင်သူကြွယ်သမားနေ့ အခမ်းအနားဖိတ်ကြားစာ
ကယ်ပါတိုင်းသား၊ မတ် ၂၊ ၂၀၁၃ 

               တောင်သူလယ်သမားနေ့ကို ဧရာမလယ်သမားကြီးများဖြစ်ကြသော ဇေကမ္ဘာခင်ရွှေမှဇေလေးများနှင့်၊ ထူးတေဇမှ ထူးထူးလေးများနှင့်၊ယုဇနဌေးမြင့်မှ ယုဇနလေးများနှင့် “မြေယာများဖြင့် ကစားခြင်း” တေးသရုပ်ဖေါ်ဖြင့်လည်းကောင်း၊

တောင်ဝင် အဲလေ တော်ဝင်ဝင်းအောင်မှ “စာရင်းမှောင်ချ အရှင်းဖျောင်ကြ” ဟစ်ဟော့တေးသစ်ဖြင့်လည်းကောင်း၊ 

သမီးမလိုင်ယိုများ၏ ဦးပိုင်ဗိုလ်များက “ဒို့ဗိုလ်လေးများဆိုသလေ မြေလေလေ”အော်ပရာကြီးဖြင့်လည်းကောင်း၊

ဝမ်ဘောင်မှ “နလံမထောင်” မီးရှူးမီးပန်းများဖြင့်လည်းကောင်း၊

ယခု နေ့ချင်းညချင်းပင် နာမည်ရောင်ကိုင်းလာသော“အော်ချက်”ဒေါက်တာမြင့်စိန်နှင့် သူ့ရဲများက သေနတ် ဒုတ် ဘတ်ခွ ဓားတို့ဖြင့်လယ်သမားများအား “လယ်သမားဘ၀မှ လွတ်စေမည်” ဆုတောင်းသံဆန်းဖြင့်လည်းကောင်း၊

မြေယာကော်မရှင်မှ “ပြည်မသာပေါ်တွင်” တေးသီချင်းဖြင့်လည်းကောင်း၊

လက်ပတောင်းကော်မရှင်မှ “အော် … မထင်” ကြေးစည်သံဖြင့်လည်းကောင်း၊ 

အထူးအနေဖြင့် လယ်ယာဝန်ကြီးမင်းသားကြီးမြင့်လှိုင်မှ“ တနပ်လျော့စား၊လယ်သမား၊ သေသွား ကြွေးမပါ” နောက်ပိုင်းဇာတ်ထုတ်ကြီးဖြင့်လည်းကောင်း

အသီးသီးတင်ဆက်ကပြ ဂုဏ်ပြုကြမည် ဖြစ်ပါသည်။

သို့ပါသောကြောင့်  ကျေးဇူးရှင် တောင်သူလယ်သမားအသေးများ၊ကောက်စိုက် သမများက ရင်ဘတ်စည်တီး ငိုပွဲကြီးဆင်ရန်နှင့် အပူလုံးကြွ  ယူကြုံးမရ၊ သေဆုံးကြသည်အထိ ကြွရောက်အားပေးတော်မူလှည့်ပါ မြန်မာ့တောင်သူမိလက္ခူတို့ခင်ဗျား။

အမျှ

အမျှ

အမျှ

ကယ်ပါတိုင်းသား


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တောင်သူကြွယ်သမားနေ့ အခမ်းအနားဖိတ်ကြားစာ

Comments are closed.