ရသဆောင်းပါးစုံ အရှင်ဉာဏိက

အသက်နဲ့ ထပ်တူ

အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယား တက္ကသိုလ်)

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃

 

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။ (ဗုဒ္ဓ)

 

မနေ့ကပဲ မြန်မာ့ရိုးရာထမနဲပွဲနဲ့ ကိုယ့်ရဲ့မွေးနေ့ပွဲကို ပေါင်းပြီးပြုလုပ်ခဲ့တယ်။ ရင်းနှီးကြည်ရွှင် ချစ်ခင်သူများ စုပေါင်းပြုလုပ်တဲ့ပွဲမို့ ပရိတ် သတ်များ စည်စည်ကားကားပါပဲ။ စုပေါင်းကာ ကုသိုလ်ပါဝင်သူတွေကလည်း စေတနာသဒ္ဓါထက်သန်စွာ။ ထမနဲပွဲအလှူမှာ အနီးနေ အဝေးနေသူတွေ၊ လုပ်အားဒါနပြုကြတဲ့ လူငယ်လူရွယ်တွေ စားသောက်ဖွယ်အမျိုးမျိုးကို မပန်းနိုင်စွာ ကိုယ်တိုင်ချက်ပြုတ်ကာ လှူဒါန်း ကြသူတွေ၊ ပြန်ကြည့်စရာ မလိုလောက်အောင်ကိုပဲ သန့်ရှင်းရေးကစလို့ ပစ္စည်းပစ္စယအသုံးဆောင်များ နေရာတကျဖြစ်အောင် သိမ်း ဆည်းကြသူတွေ၊ ရပ်နီးရပ်ဝေးကနေလာရောက်ကြသူတွေ၊ အားလုံးရဲ့ ပေါင်းစုအားနဲ့ ပွဲတစ်ပွဲအောင်မြင်စွာ ကျင်းပပြီစီးသွားခဲ့ပါတယ်။ ဒီအတွက် ဝမ်းမြောကဝ် မ်းသာဖြစ်ရသလို အားလုံးကို ကျေးဇူးတင်ရပါတယ်။

 

ပွဲနေ့အခမ်းအနားမှာ ဓမ္မာနန္ဒဆရာတော် ဦးဇောတာလင်္ကာရကို မွေးနေ့ရှင်နှင့်တကွ ရောက်လာကြတဲ့ပရိတ်သတ်များပါ ကုသိုလ်တ ရားတိုးပွားစေရန် သြဝါဒတရားတော်မိန့်ကြားပေးဖို့ လျှောက်ထားခဲ့တယ်။ သြဝါဒတရားစကား မိန့်ကြားပေးဖို့ ကြိုတင်မလျှောက်ထားခဲ့ပါဘူး။ ဆရာတော့်စိတ်ထဲ ရုတ်တရက်ပေါ် လာတဲ့ သြဝါဒတရားဖြစ်ပေမယ့် မြန်မာ့ရိုးရာထမနဲပွဲ အကြောင်းရော မွေးနေ့ဆိုင်ရာအတွက်ပါ ပြည့် ပြည့်စုံစုံ ဟောပြောချီးမြှင့်ပါတယ်။

 

ထမနဲပွဲရဲ့ အနှစ်သာရ၊ ထမနဲထိုးရာမှာ ပါဝင်တဲ့ ကောက်ညှင်းဆန်၊ မြေပဲ၊ အုန်းသီး၊ နှမ်း၊ ဆီ စတဲ့ အချိုးအစားကို ဖွဲ့သီထားတဲ့ မာန်လည်ဆရာတော်ကြီးလင်္ကာကိုပါ ရွတ်ဆိုရှင်းပြပါတယ်။ မွေးနေ့နဲ့ စပ်ပြီးတော့လည်း မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ကုသိုလ် ပညာ ခန့်ကျန်းသာ၍ ဥစ္စာတန်ခိုးတမျိုးမျိုးမှ အကျိုးမထွက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်ဆိုတဲ့ လင်္ကာလာ မိန့်ကြားချက်နဲ့အညီ နှစ် တစ် နှစ် အတွင်း ကုသိုလ်ရေး ပညာရေး ကျန်းမာရေး စိတ်စွမ်းအားတန်ခိုးတွေ တိုးတက်အောင်ပြုလုပ်ဖို့ ချီးမြှင့်ပြောကြားပါတယ်။ ဗဟုသုတတိုးပွားဖွယ်၊ မှတ်သားလိုက်နာဖွယ် တရားစကားတော်ပါပဲ။

 

ဆရာတော်မိန့်ကြားအပြီးမှာ (၁၅) မိနစ်လောက် အချိန်ရှိနေသေးတာနဲ့ ထမနဲပွဲနဲ့ မွေးနေ့ပွဲကို လာရောက်ကြသူတွေကို အိမ်ပြန် လက် ဆောင်အဖြစ် တစ်ယောက်ကိုထမနဲတစ်ထုပ်စီ လက်ဆောင်ပေး ပါမယ်။ ဒီထက်ပိုမိုကောင်းမွန်တဲ့ လက်ဆောင်ပြန်ကိုလည်းပေးပါဦးမယ်လို့ နိဒါန်းချီပြီး တရားလက် ဆောင် အနည်းငယ်ကို မွေးနေ့ပြန်လက်ဆောင်အနေ ပြောပေးဖြစ်ခဲ့ပါတယ်။

 

အကြောင်းကြောင်းကြောင့် ထမနဲပွဲနဲ့မွေးနေ့ပွဲကို ကိုယ်တိုင်မလာရောက်နိုင်ကြပေမယ့် အချို့က ထမနဲပွဲအတွက်၊ အချို့ကတော့ မွေးနေ့ ရှင်အတွက်ပါဆိုပြီး စာတိုက်ကနေ တကူးတက မှတ်မှတ်ရရကိုပဲ လှန်းလှူကြသူတွေလည်း တော်တော်များပါတယ်။ သူတို့တွေအတွက် ထမနဲလက်ဆောင် မပေးနိုင်ပေမယ့် တရားလက်ဆောင်ကိုတော့ ပြန်လည်ပေးဦးမှပဲလို့ အတွေးပေါ်လာမိတာကြောင့် မနေ့က မွေးနေ့ ပွဲမှာပြောဖြစ်ခဲ့တဲ့ လက်ဆောင်ပြန်စကားကို မှတ်မိသလောက် စာနဲ့ရေးကာ ပေးလိုက်ပါတယ်။

 

ထမနဲပွဲနဲ့ မွေးနေ့ပွဲကို လာရောက်ကြတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ တကယ်တမ်း လုပ်ချင်တာက ရိုးရာထမနဲပွဲသက်သက်ပါ။ သို့ပေမယ့် ကိုယ့်မွေးခဲ့တဲ့ မွေးလနဲ့လည်း တိုက်ဆိုင် နေတာနဲ့ ဖိတ်စာမှာ မွေးနေ့ပွဲကိုပါ နာမည်တပ်လိုက်တာပါ။ မွေးနေ့နဲ့စပ်ပြီး ကုသိုလ်တစ်ခုခု ကိုလုပ်ဖြစ်အောင်ရယ်၊ ကိုယ့် ကိုယ်လူ့လောကထဲရောက်အောင် မွေးကျွေးစောင့်ရှောက်ကြ၊ လောကအလယ် မျက်နှာမငယ်ရလေ အောင် သွန်သင်ပြသကြလေတဲ့ ဆရာသမားများနဲ့ အခြားအခြားကျေးဇူးရှိသူများရဲ့ ဂုဏ်ကိုအမှတ်တရ ဖြစ်နေစေဖို့၊ အသက်ကြီးရင့်မှုနောက်မှာ ဂုဏ်ကြီးရင့်မှုပါ အတူတွဲပါလာစေရန်လိုတယ်ဆိုတာ မမေ့ စေဖို့ ရည်ရွယမှ်ုလည်းပါပါတယ်။

 

ထမနဲပွဲအကြောင်းနဲ့ မွေးနေ့ပွဲအကြောင်းကို ဓမ္မာနန္ဒဆရာတော်က ပြည့်ုပြည့်စုံစုံမိန့်ကြားသွားလို့ ဗဟု သုတတိုးပွားရသလို ပရိတ်သတ်ရော၊ မွေးနေ့ရှင်ကိုပါ ကုသို်လ်တရားလည်း တိုးပွားစေပါတယ်။

 

ဆရာတော်ဟောကြားသွားသလိုပါပဲ။ ထမနဲဆိုတာ ပါဝင်သင့်တဲ့အရာတွေ သူ့အချိုးကျပါဝင်ပါမှ အရသာရှိပြီးကောင်းမွန်မှာဖြစ်ပါ တယ်။ ဒါတင်မက ထမနဲကောင်းကောင်းတစ်ခုဖြစ်လာစေဖို့ လုံ့လဝီရိယကိုလည်း စိုက်ထုတ်ကြရပါတယ်။ ထမနဲပွဲဆိုတာက ညီညွတ် ခြင်းအင်အားနဲ့ မိသားစုစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်ကို ထင်ဟပ်ပြသတဲ့ ရိုးရာအစားစာတစ်ခုလည်းပဲ ဖြစ်ပါတယ်။

ဦးဇင်းတို့သာသနာမှာလည်း ထမနဲနဲ့အလားတူပါပဲ။ ဆရာတွေက ဆရာ့တာဝန်၊ ဒကာတွေက ဒကာ့တာဝန်၊ ပါဝင်ရမည့်တာဝန်တွေ အချိုးတကျပါဝင်ပါမှ ဒီသာသနာက ဆက်လက်ရှည် ကြာ တည်တံ့နိုင်မှာ။ သာသနာနဲ့စပ်တဲ့ ဓမ္မရသလည်းပေါ်လွင်နိုင်မှာပါ။ အချိုးတကျ သာမန်ပါဝင်စေရုံမျှမက သာသနာနဲ့စပ်တဲ့အလုပ်တွေလုပ်ကြရမှာ ညီညီညာညာနဲ့ ဇွဲလုံ့လကိုလည်း အားကုန်စိုက်ထုတ်ပြီးလုပ်ကြပါမှ တကယ့်စစ်မှန်ကောင်းမွန်တဲ့ သာသနာ့ရသ ဓမ္မရသက ထွက်လာမှာပါ။

 

ဘာသာသာသနာနဲ့ ဆက်စပ်လာလျင် သာသနာတွင်းမှာနေထိုင်ကြတဲ့ ဆရာတွေချည်း သီးသန့်လုပ် လို့ မရနိုင်သလို ဒကာဒကာမတွေချည်းသက်သက်ဆိုလျင်လည်း သာသနာရဲ့အသက် ဘယ်လိုမှရှည် အောင် ဆက်နိုင်မယ် မဟုတ်ပါဘူးး။ ဆရာကော ဒကာပါ စုပေါင်းညီညာစွာ လုပ်ဆောင်ကြပါမှ ဖြစ်နိုင်မှာပါ။ အချိုးတကျ ဇွဲလုံ့နဲ့ညီညီညာညာထိုးတော့ ကောင်းမွန်အရသာရှိတဲ့ ထမနဲစားရသလို ညီညီညာညာ သာသနာနဲ့ဆိုင်ရာ အလုပ်တွေကိုလုပ်ဆောင်ကြပါမှ မှန်ကန်ကောင်းမွန်တဲ့ တရားအရ သာ စစ်စစ်ကိုလည်း စားသုံးခွင့်ရကြမှာပါ။ ခုလိုထမနဲပွဲနဲ့ မွေးနေ့ပွဲလေးဖြစ်လာဖို့ကိုပင်လျင် ဒကာ

 

ဒကာမတွေရဲ့ ခွန်အားတွေ အများကြီးပါဝင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာခွန်အားတွေရော၊ နာမ်ပိုင်း ဆိုင်ရာခွန်အားတွေရောပေါ့။ ဒီတော့ လက်ဆောင်ပြန် ထမနဲထဲမှာ ဆန် ဆီ ဆား အုန်းသီးနဲ့ နှမ်း မြေပဲ စတာတွေတင်မက ဆရာဒကာညီညွတ်မှု အဆာပလာတွေပါ ညီညွတ်မျှတစွာ ရောနှောပြီးပါဝင်နေ တယ်လို့ မှတ်လိုက်ပေါ့။

 

မွေးနေ့နဲ့စပ်ပြီး ပြောရမယ်ဆိုင်လျင်တော့ စောစောကဆရာတော်မိန့်ကြားသွားတဲ့ ဂန္ဓာရုံဆရာတော် ကြီးရဲ့ စကားလေးလည်း အလွန်မှတ်သားဖွယ်ကောင်းပါတယ်။ ဒီနဲ့အလားတူပါပဲ။ တိပိဋကဓရ ယော ဆရာတော်ရဲ့ စကားလေးလည်း မှတ်သားဖို့ကောင်းပါတယ်။

 

ယောဆရာတော်က-တစ်နှစ်တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ၊ အသက်သိက္ခာ ကြီးစရာ လူမှာ နှစ်မျိုးရှိ၊ အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏၊ အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏၊ အကျင့် သိက္ခာ ကြီးမှသာ မှန်စွာစိတ်အေး၏၊ ကြီးလေလှလေ အေးမြပေ လူတွေချစ်ကြ၏၊ မွေးနေ့မင်္ဂလာ ရတနာ ကောင်းစွာရအောင်ဖြည-့် တဲ့။

 

လူမှာ ကြီးစရာက နှစ်မျိုးရှိတယ်။ အသက်ကြီးခြင်းနဲ့ ဂုဏ်ကြီးခြင်း။ ဒီကြီးခြင်းနှစ်မျိုးမှာ အသက်ကြီး ခြင်းကတော့ အထူးတလည်လုပ်နေဖို့ မလိုတဲ့ကြီးခြင်းမျိုး။ ခုဆိုရင်ကိုပဲ မွေးနေ့ရှင်ကိုယ်တိုင်ပင်လျင် တော်တော်လေးကြီးရင့်လာပြီ။ ဒါပေမယ့် ရင်းနှီးသူတွေက အသက် ဘယ်လောက်ရှိပြီလဲလို့မေးလေ တိုင်း ခုမှငယ်ငယ်လေးပဲ ရှိပါသေးတယ်။ အသက်ငါးဆယ်ပြည့်ဖို့ စက္ကန့်ပေါင်း၊ မိနစ်ပေါင်း အများကြီး လိုပါသေးတယ်လို့ ပြန်ပြောနေကျ။ ဟုတ်တယ်လေ။ စက္ကန့်ပေါင်း မိနစ်ပေါင်းရယ်လို့ပြောပါမှ။ ဒီလိုမှ မဟုတ်ပဲ နှစ်ကိုသာပြောရမယ်ဆိုလျင် ငါးဆယ်က ခုပဲပြည့်လုလု မဟုတ်လား။

 

ဒါပေမယ့် အသက်ဆတိုာ စကားအရသာ လှည့်စားပြီးပြောလို့ ရကောင်းရမယ်။ တကယ့်အရှိတရား ဆိုတာက လှည့်စားလို့ရကောင်းတာမျိုးမှ မဟုတ်တာ။ ခုဆိုလျင်ကိုပဲ ဇရာရဲ့လက္ခဏာတွေက ခန္ဓာ ကိုယ်မှာ နေရာအနှံ့ တော်တော်ပင် ထင်ရှားလာနေပြီလေ။ စိုက်ထားရတဲ့သွား။ ကူထားရတဲ့ မျက်မှန်။ စားနေရတဲ့ဆေးတွေက ဒီန္ဓာကိုယ် ဆွေးမြေ့နေပြီဆိုတာ အချက်ပြနေတဲ့ အမှတ်အသားများပဲ မဟုတ်လား။ ထိကနဲဆို ပွန်းလွယ်ရှလွယ်၊ စိမ့်ကနဲဆို ဖျားလွယ်နာလွယ်၊ ငယ်စဉ်ကလို ဒီခန္ဓာကိုယ်က ခံနိုင်ရည်စွမ်းရည်မျိုး မရှိတော့ဘူးလေ။ အသက်အရွယ်ဆိုတာ မွေးပြီးချိန်ကစလို့ သူ့အလိုလိုသာ မှန်မှန်ပဲ ကြီးလာတဲ့အရာ။ တမင်တကာကြီးအောင် လုပ်နေဖို့ မလိုတဲ့အရာ။

 

ဂုဏ်ဆိုတာကတော့ သည်းခံကြိုးစားပြီး ဖန်တီးတည်ဆောက်ကြရတာ။ ကြီးရမယ့်ဂုဏ်များနဲ့ ပတ်သက် ပြီးတော့ပြောရမယ်ဆိုလျင်ဖြင့် ဓမ္မပဒကျမ်းစာမှာလာတဲ့ ဗုဒ္ဓမိန့်ကြားခဲ့တဲ့စကားလေးကို ဒီမှာလက် ဆောင်အနေ ပြောပြချင်ပါတယ်။ ပရိတ်သတ်တွေကို ပြောရင်းနဲ့အတူ ကိုယ်ကိုယ်တိုင်လည်း မပြတ် ဆင်ခြင်မိအောင် နှလုံးသွင်းရမယ်လို့ နားလည်မိပါတယ်။

 

န တေန ထေရော သော ဟောတိ၊ ယေနဿ ပလိတံ သိရော။ ပရိပက္ကော ဝယော တဿ၊ ‘မောဃဇိဏ္ဏော’တိ ၀ုစ္စတိ။

ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။

သ ဝေ ၀န္တမလော ဓီရော၊ ‘ထေရော’ ဣတိ ပ၀ုစ္စတ-ိ တဲ့။

 

မြန်မာလိုကတော-့ အရွယ်ကြီးရင့်ခြင်းကြောင့် ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုဖြူကာမျှ ဖြင့် မထေရ် မမည်။ ထိုရဟန်း၏ အရွယ်အိုရင့်မှုကို အကျိုးမဲ့အိုရင့်မ-ှု ဟု ဆိုအပ်၏။

 

အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏။ တရားလည်းရှိ၏။ ညှဉ်းဆဲမမှု ရှိ။ သီလစောင့်ခြင်းရှိ၏။ ဣနြေ္ဒကို လည်း ဆုံးမ၏။ ကိလေသာပျို့အန်ပြီးသော ထိုသူကိုသာ မထေရ်ဟု ဆိုအပ်၏-တဲ့။

 

ရဟန်းတော်တွေကို အကြောင်းပြုကာဟောထားလို့ ဒီအချက်တွေနဲ့ ပြည့်စုံသူကို ဒီမှာ မထေရ်လို့ သုံး ပေမယ့် လူသာမန်တွေဆိုလျင်ဖြင့် ဒီလိုဂုဏ်ရည်တွေရှိသူကို လူကြီးလူကောင်းလို့ ခေါ်တယ်လို့ ပြောရမှာပေါ့။

 

ဒီအထဲက သစ္စာရှိဖို့ဆိုရာမှာ သစ္စာသိဖို့လိုတယ်လေ။ အဋ္ဌကထာဆရာကတော့ အမြင့်ဆုံးဖြစ်တဲ့ ဒုက္ခ သမုဒယ နိရောဓနဲ့ မဂ္ဂသစ္စာလေး ပါးကို သိရမယ်လို့ဖွင့်ပြပါတယ်။ ဒီသစ္စာလေး ပါးကိုသိဖို့က အနည်းဆုံးတော့ သောတာပန်ဖြစ်ပါမှ။ ဒီအထိ မလှန်းနိုင်သေးတဲ့ သာမန်သူတွေအဖို့ အနည်းဆုံးတော့ လောကထဲမှာ ပြောလေ့ရှိတဲ့အတိုင်း အချင်းချင်းတွေကြားမှာ သစ္စာရှိဖို့တော့ လိုအပ်ပါတယ်။ နောက်ပြီး မှန်ကန်စွာလုပ်ကိုင်ခြင်း၊ မှန်ကန်စွာပြောဆိုခြင်းဆိုတဲ့ သစ္စာလည်းရှိရပါလိမ့်မယ်။ ကတိသစ္စာဆိုတဲ့ စကားထဲကလိုလည်း ပေးထားတဲ့ကတိကို တည်တန့်အောင်စောင့်ထိန်းဖို့လဲ လိုပါတယ်။ ခြုံငုံပြောရ မယ်ဆိုလျင်ဖြင့် လူတစ်ယောက်မှာရှိရမည့် အခြေခံ ကတိသစ္စာလေးလောက်မှ မရှိဘူးဆိုလျင်ဖြင့် အသက်ဘယ်လောက်ပဲကြီးကြီး ဒီသူမျိုးကို ရဟန်းဆိုလျင် မထေရ်လို့ မခေါ်ထိုက်ဘူး။ သာမန်သမျူား မှာဆိုလျင် လူကြီးလူကောင်းလို့ မခေါ်နိုင်ဘူးပေါ့။ အချည်းနှီးအသက်ကြီးသူ၊ အသက်ကြီးပြီး အချိန် မစီးသူလို့ ပြောရမှာပေါ့။ ဗုဒ္ဓစကားအရ ပြောရလျင် မောဃဇိဏ္ဏ ပေါ့။

 

နောက်ပြီးလည်း တရားသိရမယ်၊ မညှင်းဆဲရဘူး၊ ကိုယ်ကျင့်တရား လုံခြုံ၊ ဣနြေ္ဓကို စောင့်စည်း၊ ကိလေသာတွေ ပါးစေရမယ်တဲ့။ ဒီအထဲမှာ မညှင်းဆဲရ ဆိုတဲ့အချက်ကိုတော့ ဒီမှာ နည်းနည်းလေး ပြောချင်ပါတယ်။ လူတွေဟာ ကိုယ့်မှာ တန်ခိုးအာဏာ စည်းစိမ်ပညာ အင်အားရှိလာရင် ကိုယ့်လောက် တန်ခိုးအာဏာ စည်းစိမ်ပညာ မရှိသူတွေအပေါ်မှာ အနိုင်ကျင့်ချင်ကြတယ်။ ကိုယ့်တန်ခိုးအာဏာ စည်းစိမပ် ညာတိုးသထက်တိုးစေဖို့ ကိုယ့်အောက်နိမ့်သူတွေရဲ့ ရပိုင်ခွင့်တွေကို နှိမ်ချိုးဖို့လည်း ဝန် မလေးတတ်ကြဖူး။ တကယ်ဆို လူကြီးလူကောင်းဆိုတာက ကိုယ့်မှာရှိတဲ့ တန်ခိုးအာဏာ စည်းစိမ် ပညာကို ကိုယ့်လောက် အခွင့်မရှိရှာကြသူတွေအတွက် အသုံးပြုကြရမှာ။ ကိုယ့်မှာရြှိ ပီးသား အရာ တွေကို လိုအပ်တာထက်ပိုအောင် ထပ်ဖြည့်ဖို့ထက် မရှိသေးတဲ့နေရာ၊ မပြည့်သေးတဲ့နေရာတွေမှာ ဖြည့်စွက်ပေးလိုက်ခြင်းဟာ လူ့ဂုဏ်သိက္ခာတစ်ရပ်ဖြစ်သလို မြင့်မြတ်မှုရဲ့ လက္ခဏာတစ်ရပ်လည်းပဲ ဖြစ်တယ်။ ကိုယ့်အလုပ် ကိုယ့်အပြော ကိုယ့်စိတ်ကူးအကြံအစည်တစ်ခုခုဟာ သူများတွေကို ညှင်းဆဲ သလိုမဖြစ်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်ပဲအရေးကြီးပါတယ်။

 

ဒီတော့ ဦးဇင်းတို့ဆိုလျင် အရွယ်အရဆို မထေရ်ခေါ်ရမည့်အရွယ်ရောက်နေပြီ။ မထေရ်ခေါ်နိုင်လောက် တဲ့အရွယ်မှာ မထေရ်တစ်ပါး မှာရှိသင့်ရှိရမည့် ကျင့်ဝတ်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းတာ ဖြည့်ဆည်း၊ စောင့်ရှောက်သင့်တာ စောင့်ရှောက်ကာ နေဖို့လိုပေ လိမ့်မယ်။ အဲဒီလိုနေပါမှလည်း အသက်ကြီးရင့်မှုအတူ ဂုဏ်သိက္ခာလည်း ကြီးမြင့်ခြင်းဖြစ်လိမ့်မယ်။ မွေးနေ့ကျင်းပခြင်းကလည်း ဂုဏ် သိက္ခာကြီးမြင့်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပသ်ာဖြစ်စေသင့်တယ်။

 

ထမနဲပွဲနဲ့မွေးနေ့ပွဲကို လာရောက်ကြသူတွေရော၊ မွေးနေ့ရှင် ဦးဇင်းကိုယ်တိုင်ရော အသက်ကြီးရင့်မှုနဲ့ အတူ၊ အဲ အသက်နဲ့အတူ ဂုဏ်သိက္ခာကြီးရင့်မှုကိုပါ တပါတည်းသယ်ဆောင်လာနိုင်ကြတဲ့သူများဖြစ်ဖို့ လိုပါတယ်ဆိုတဲ့အကြောင်းကို မွေးနေ့ပြန်လက်ဆောငအ် ဖြစ်ပေးပါတယ်။

 

သိကြတဲ့အတိုင်းပါပဲ။ လက်ဆောင်ဆိုတာ ဘယေ် လာက်ပဲတန်ဖိုးကြီးကြီး။ ပေးသူက စေတနာ မေတ္တာ ပါဖို့လိုသလို ရယူသူဖက်ကလည်း မြတ်နိုးတန်ဖိုးထားပါမှ။ နို့မဟုတ်လျင် ဘယ်လောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ဖြစ်ပစေ။ ပစ္စည်းတန်ဖိုးအရ သဘောကျကောင်း သဘောကျလိမ့်မယ်။ သို့ပေမယ့် မြတ်နိုးမှုတော့ ရှိမယ်မဟတု်ပါဘူး။ အဲ ကိုယ်ချစ်ခင်လေးစားသူဆီက၊ ကိုယ်မျှော်လင့်ထားသူဆီက လက် ဆောင်ကဒ်လေးတစ်ခပု င် ဖြစ်စေဦးတော့။ ရခဲ့မယ်ဆိုလျင် ဘယ်လောက်ကြည်နူးကြေနပ်ဖြစ်စေနိုင် တယဆ်ိုတာ တရားနာနေသူတွေက ဦးဇင်းများထကပ်ိုပြီး ခံစားနားလည်နိုငမ် ယ်ထင်ပါတယ်။

 

‘လက်ဆောင်အားလုံးထဲမှာ တရားလက်ဆောင်ဟာ အကောင်းဆုံးပါ’ ဆိုတဲ့ စကားကိုကြား ဖူးကြမယ် ထင်ပါတယ်။ ထမနဲပွဲလာသူတွေကို အိမ်ပြန်လက်ဆောင် ထမနဲတစ်ထုပ်စီဝေပါမယ်။ ထမနဲနဲ့အတူ မွေးနေ့လက်ဆောင်ပြန်အဖြစ် အကောင်းဆုံးတရားလက်ဆောင်ကိုလည်း ပေးပါတယ်။ ဒီတရားလက် ဆောင်ကို ထမနဲထုပ်နဲအ့ တူ မြတ်နိုးစွာ အိမ်ပြန်လက်ဆောင်အဖြစ် ယူဆောင်သွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယူဆောင်သွားကြဖို့ တိုက်တွန်းရင်းပဲ အဆုံးသတ်ပါတယ်။ ။

 

 

သရုပ်ဖော်ပန်ချီအား ဤနေရာမှ ရယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts