ပင်တိုင်ကဏ္ဍ မာမာအေး

ပြဇါတ်သီချင်း – Mar Mar Aye – 460

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၆၀)

မာမာအေး
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …   ဟိုတုန်းက ပြဇါတ်သီးသန့် တင်ဆက်ကပြခဲ့တဲ့ ပန်းဆိုးတန်းလမ်းက ၀င်းဝင်းရုံ ဆိုတာ ပျောက်ကွယ်သွားပြီ ဖြစ်ပေမယ့်လဲ ရုံအတွင်းက အုံနဲ့ကျင်းနဲ့ အထင်းသား ကျန်ခဲ့တဲ့ သီချင်းများရဲ့ ဟန်ကြောင့် အောင့်တမေ့မေ့ နှောင်းတမြေ့မြေ့နဲ့ ကိုယ်တိုင် မကြုံရတာ နာလေခြင်း လို့ ရင်ထဲမှာဖြစ်တယ်။ ဒီနေ့အထိ ပြဇါတ်က သီချင်းလေးတွေ ရှင်သန် ကျန်နေသေးတာကို ခံစားကြည့်ရင်း ရင်တွင်း ဝေဒနာ စွဲကပ်တာပေါ့ရှင်။

တကယ်တော့ ၀င်းဝင်းရုံက ပြဇါတ်ကို “သူ့သွေးကိုယ့်သား” ဆိုတဲ့ တစ်ထုပ်ကိုဘဲ အထူးတန်းက ကြည့်ခဲ့ဖူးပါတယ်။ အဖေရင်း မဟုတ်သော်လဲ အရင်းထက် သဲတဲ့ မေတ္တာရှင် ဖခင်မေတ္တာမျိုး ရှိတဲ့ သဘော ဇါတ်ကျောရိုးနဲ့ ပြဇါတ် ဖြစ်ပါတယ်။

ကိုယ်ကလဲ ခေတ်သစ်ရာဇ၀င်ပြဇါတ်အဖွဲ့နဲ့ ဇါတ်အဖွဲ့တွေက ပြဇါတ်တွေကြားမှာ ဖြတ်သန်းလာဖူးသူ ဆိုတော့ ကိုယ်ရင်းနှီးတဲ့ပြဇါတ်မျိုးနဲ့ ၀င်းဝင်းရုံက ပြဇါတ် ဘာကွာသလဲ ဆိုတာဘဲ သတိထားကြည့်ခဲ့တာပေါ့ရှင်။ ဇါတ်လမ်းဇါတ်ကွက်ချင်းကတော့ အတူတူပါဘဲ။ သရုပ်ဆောင်ရာမှာကျတော့ ရန်ကုန်မှာတင် ကပြတဲ့ မင်းသမီး မင်းသားတွေက အများအားဖြင့် ရုပ်ရှင် မင်းသမီး မင်းသားတွေ ဖြစ်တော့ ဇါတ်ထဲက မင်းသမီး မင်းသားတွေလေါက် အမူအယာ ပိုနေတယ်လို့ ပြောရမယ့် ‘အိုဗာအက်တင်’ မတွေ့ရဘူး – ရုပ်ရှင်ကလို ပြင်ပကလူတွေလို ပြောကြဆိုကြ မျက်နှာထားကြတယ်။ သရုပ်ဆောင် အသီးသီးဟာ သီချင်း ကိုယ်တိုင်ဆိုတတ်ကြတယ်။

ရိုးရိုး နယ်လှည့်ကပြရတဲ့ ဇါတ်အဖွဲ့တွေက တနေရာထဲမှာချည်း အတည်တကျ နေရတယ်လဲ မရှိကြ၊ အိပ်ချိန်မှန်မှန် ဆိုတာလဲ မရှိကြ၊ ကချိန်တန်မှ ထကကြတာများပါတယ်။ ဇါတ်ရုံက ကျယ်နိုင်သလောက်ကျယ်အောင် ဆောက်ကြတာတွေ ဖြစ်တော့ နောက်ဆုံးနေရာကပါ မြင်ရအောင် မိတ်ကပ်လိမ်းတာ အစ ခတ်ကြမ်းကြမ်းတင်ရ၊ အမူအယာ ဆိုလဲ ပိုလုပ်ပြမှ မြင်ရ ဆိုတာမျိုးပါ။

အသံဆိုလဲ မိုက်ခွက်နား ကပ်သွားမှ ပီသအောင်ကြားရတာမို့ ကွာမှာဘဲပေါ့ရှင်။

အခမ်းအနားပြင်ဆင်မှု ဆိုလဲ ဒီလိုဘဲ၊ ၀င်းဝင်းရုံက အမြဲရုံမို့လား၊ တောကါးတောင်ကါးရေကါးချပ်တွေကို – ဇါတ်ခုံပေါ်တွင် အသေတင်ထားလို့ ရတယ်။ ဧည့်ခန်းအိမ်ခန်းတွေ ဆိုရင် ဆုံလည် လှည့်ပြီး ပြောင်းနိုင်အောင် ဆင်ထားနိုင်တယ်။ သစ်သားဘောင် နဲ့ ပြေးလမ်းကနေ တွန်းရွှေ့တဲ့ ပန်းချီကါးတွေလဲ သုံးနိုင်တယ်။

အမြို့မြို့ အနယ်နယ် လှည့်သွား ကပြရတဲ့ ဇါတ်အဖွဲ့တွေဟာလဲ နောက်ခံ ပန်းချီပိတ်ကါးလိပ်တွေ ယူသွားရစမြဲမို့လား။ တမြို့ရောက်တာနဲ့ ပွဲကမယ့် ဇါတ်ရုံမှာ သူ့နေရာနဲ့သူ ပြင်ဆင် ချိတ်ဆွဲ ကြိုးချည်နှောင် တုတ်ခိုင်အောင် လုပ်ရ၊ နောက်တနေရာကို ပွဲကူးစရာရှိလာတော့လဲ ပြန်ဖြုတ်ရ သိမ်းရ ခေါက်ရနဲ့ ဘယ်ပန်းချီက တောက်ပနိုင်ပါတော့မလဲ။ ငြိတာ စွန်းတာ ပေါက်ပြဲတာနဲ့ပေါ့ရှင်။

တေးဂီတ ဇါတ်ပို့ တီးဝိုင်းကလဲ နယ်ကို ဒုက္ခခံပြီး လိုက်နိုင်အောင် ၀ါသနာကြီးတဲ့သူ၊ ဂီတနယ်မှာ နာမည်ရချင်လို့ လက်သွေးပညာဆေးချင်တဲ့သူတွေရဲ့နေရာ လို့ ပြောရမယ့်သဘော တွေ့ခဲ့တာပါဘဲ။

ဝင်းဝင်းရုံနဲ့တော့ မယှဉ်နိုင်ဘူးပေါ့ရှင်။ ဆရာ ရွှေပြည်အေးတီးဝိုင်းလဲ ရှိတတ်တယ် တဲ့။ ပင်တိုင်ဝိုင်းကတော့ ဂီတလုင်အမည်မွှေးတဲ့ မောင်ကိုကိုရဲ့ အဖွဲ့ပါဘဲ။ တီးရမလား၊ ဆိုရမလား၊ ရေးရမလား၊ မှုတ်ရမလား၊ တီးဆိုရေးမှုတ် တေးဂီတအလုပ်တွေကို ကုန်စင်အောင် လုပ်နိုင်စွမ်းတဲ့သူဖြစ်တာမို့ ဂီတလူကြီးသူမတွေက ‘ဂီတလုင်’ ဆိုတဲ့ ဘွဲ့သ ချီးကြူးခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ နိုင်ငံတကါ လေမှုတ်တူရိယာ ထရမ်းပက်၊ ကလဲရီနက်၊ ဆိုက်ဆိုဖုန်း စတဲ့ တူရိယာတွေကိုလဲ လေ့လာတတ်ကျွမ်းတယ် လို့ ဆိုပါတယ်။ တခုပါဘဲ မြန်မာ့လေမှုတ်တူရိယာ ‘နှဲ’ ပညာကိုတော့ သူ လက်လျှော့်ခဲ့ရတယ် လို့ ပြောခဲ့ဖူးပါတယ်ရှင်။

မာအေးကတော့ ဒါလောက် ဂီတခေါင်းခေါင်းတဲ့ မောင်ကိုကို ‘နှဲ’ မှုတ်ခြင်း ပညာကျမှ လက်မြှောက်ရတယ် ဆိုတာ အရပ်ကလေးကိုတဲ့ အားမနာ အားမနာ လို့ အပြောမခံချင်တာကြောင့်များလား ထင်မှားမိပါတယ်။

နှဲပညာကလဲ ခက်ခဲတယ် ဆိုတာ – မာအေးက နှဲဆရာသမီးမို့ သိသင့်တာတွေ ပြောဦးမှာပေါ့။ ခုတော့ ဂီတလုင်ကြီးတို့ ပြဇါတ်ခေတ်က သီချင်း အကြောင်းလေးတွေ ဇေါင်းပေးထားသေးလို့ပါ။

ဗိုလ်ကလေးတင့်အောင် နဲ့ မောင်ကိုကို – နောင်ညီနှစ်ယောက် ပေါင်းရင်၊ ထောင်သောင်းချီ သီချင်းတွေ ရှိနိုင်ပါတယ်။ အမေ ကြည်ကြည်ဋ္ဌေး ဆိုထားတဲ့ သီချင်းလေးတွေကို မြန်မာ့အသံမှာ အလုပ်လုပ်နေတုန်းက ကိုယ်လိုချင်တဲ့ သီချင်းနဲ့  သီဆိုတဲ့သူနာမည်တွေ အက္ခရာစဉ်နဲ့ စာအုပ် လုပ်ဖြစ်တာကြောင့် သိလါတာက  ရုပ်ရှင်ထဲ မရောက်ခင်မှာ ဆိုထားတာ တွေ့တဲ့ အသံချိုချို စာတိုတို၊ အဆိုမထေါက် လိုရင်းရောက်တဲ့ အရေးအသားမို့ ပြန်ဆိုမယ် စဉ်းစား – အမေကြည့်ဆီ ဓါတ်ပုံတေါင်းရအောင် သွားခဲ့တယ်၊ ပြောခဲ့တယ်၊ ရုပ်မြင်သံကြားမှာ ကျန်ရစ်အောင် ရိုက်ထားဖို့  ကိုသစ္စာကို ပြောမိတော့ – အကိုလေးရော၊ ကိုကိုရော၊ အမေကြည်ရောပါမက ပြဇါတ်ခေတ်က အနုပညာရှင်တွေပါ အတူရိုက်ပေးဖြစ်တာ ‘လက်ဆင့်သွယ်ပေး တေးမေတ္တာ’ အစီအစဉ် ဖြစ်သွားပါတယ်။ မာအေးလဲ “ကြည်ကြည်ဋ္ဌေး၏မာမာအေး” ခေါင်းစဉ်နဲ့ သီချင်း (၁၄)ပုဒ် သီဆို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်၊

ပဲရော့ရုပ်ရှင်ခြံမှာ ကိုအက်ဒီလွင်က အသံသွင်းပေးခဲ့ပါတယ်။ တပုဒ်လောက် နားဆင်ကြည့်စမ်းပါ၊ မာအေးလိုဘဲ ချစ်ဆွေတို့လဲ နှစ်သက်လိမ့်မယ် ထင်ပါတယ်။

(လွမ်းမေယုတောင် – မှ)

တကျွန်းစီနေ တမြေစီခြား – လွမ်းအားပိုလို့ မဖြေနိုင်ပါ၊ ဒေ၀ါမိုး စွေကါဖြိုး၊ အညှိုးနဲ့လှေ၊ာင် xx မိလ္လာရည်ဆိုင်းပြန်ပြီလေး ပြာရည်အုံ့မှိုင်း ဝေလို့မှောင်၊ အာကါဘောင် xx ဂဠုတ်တောင်ချိတ်ပါလို့ ပန်းတိမ်လိပ်ရောင် xx ပတ်လည်တပ်ချီ နတ်စည်ဟိန်းကါဆောင်၊ မယ့်ရင်ထဲ ကွဲလုအောင်၊ မိုးနတ်မောင် ဖန်လာလေအား၊ သနားမှုမဆောင် ချစ်သူကို လစ်လျူပြုကါရှောင်၊ မြင်လှည့်ပါစမ်း လွမ်းမေယုတောင်၊ ရွှေမိုး ငွေမိုး စွေဖြိုးတဲ့ လ၀ါခေါင်၊ သဘာဝကမ္ဗလာစိမ်း ယိမ်း .. ယိမ်းနွဲ့မြောက်တောင်၊ လန်းဆန်းစိုပြေ နဂိုနေအလှကိုဆောင်၊ သူတကါ ပြုံးပေမယ့် ခင်ဖုန်းတွင် မရွှင်နိုင်ပေါင်၊ မောင့်ကို မျှော်မှန်း လွမ်း ….   လွမ်းယောင်ယောင် xxx


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်   

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts