ပင်တိုင်ကဏ္ဍ မာမာအေး

သစ္စာဦးကဗျာ – Mar Mar Aye poem

မာမာအေး
ဧပြီ ၁၄၊ ၂၀၁၂


* ‘လာပါ – လာပါ’
ခေါ်နေမှာကိုယ်အသိ
မိုးတရှိ ပရိသဒ်
ကိုယ့်သီချင်းငတ်ခဲ့ကြ
မပြတ်တဲ့သံယောဇဉ်
ရင်ထဲသာဝင်ကြည့်၊

* ကိုယ်က ‘ဧည့်နေ ဧည့်စား’
ကျေးလက်သွား၊ အညာတက်
သူတို့ဖက်လဲ – လွှဲသွားလို့မကေါင်း
သည်အကြောင်းတွေကညပ်၊
အနုပညာသည် ဇါတ်သူ
ပြည်သူကို ကြည်ဖြူပါလျက်
ကြားကဖျက် – ဆားကမျက်
ကိုယ့်ဖက်ချည်းတွက်သူတွေကြား
“တို့နားမကြား ကုလားဘုရား”
တဟားဟားငယ်ရုပ်
ပြန်ဆုတ်ပြန်ဆင်
ငြိမ်းချမ်းစင်ဆောက်နေဆဲ၊

* ဘာဘဲဖြစ်ဖြစ်ပါ ….၊
အသစ်တာ အကူးမှာ
မေတ္တာဖူးလွှာ
သစ္စာဦးကဗျာ ပါးလိုက်တယ် – ပိတောက်ဝါ။ ။

(photo: http://snowshwesin.blogspot.com/)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts