ကဗ်ာ ကမာပုလဲ

ေ နွ လု လု ဦး

ကမာပုလဲ
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

 ဆောင်းဟာ
နှင်းရုပ်တောင် မပေါ်နိုင်ရှာတော့ …
ချောက်တီးချောက်ချက် မြူ အစအန …
အက်ကွဲ ပြိုကျနေတဲ့ ဟေမန္တ သရုပ်မှန် ရှုမျှော်ခင်း
နှင်းခါးခါး ညတွေကိုမှ လွမ်းလှပါသတဲ့ …။

အိပ်မက်က အသေဖြစ်နေရင်
ဘ၀နဲ့ ကင်းကွာနေတဲ့ လူဖြစ်ရှုံးမှုများ
ကလေးရယ် …
မင်းဟာ ဆာရီရယ်လစ်ဇင် ပန်းချီကားထဲက
သက်ပျောက် မန္တာန် တခုသာပ …
မင့်နှလုံးသားနဲ့ မင်းအချစ်
နီးရက်နဲ့ ဝေးခဲ့မယ် …။

ပျက်ကျမယ့် လေယာဉ်တစင်းပေါ်
မင်းရဲ့ တခါက ကတိတွေ စီးနင်းလိုက်ပါသွားပြီလား …
ဒီဘ၀ကို အသေအချာ ဒီမျှနဲ့ ကျေနပ်လိုက်ပြီလား …
မင့်မုသားက မင့်လျှာကို မင့်ကျင့်ဝတ် ဓါးတုံးတုံးနဲ့ ရိတ်ခဲ့ပြီ …
နှင်းတွေ အစိမ်းကြွေနေတဲ့ ည …။

ချစ်သူ ပစ်ခတ်လိုက်တဲ့ မျက်စောင်းကလေးမှာ
ခပ်ချာချာ ကျဆုံးခဲ့တဲ့ မင့်ကဗျာ …
အနုပညာ မမြောက်ဘူးကွာ
ခံစားရမှုကလည်း ပေါ့ပျက်ပျက် …။

မင်းအသက် သက်ပြင်းချ ရှိုက်ဖိုလိုက်တဲ့အတိုင်း
သူ့လည်ပင်း လိုက်လိုက်လိုက်ရှည်နေရတဲ့
အပြစ်မဲ့ ဘူတာရုံကလေး …
မင်းမမီလိုက်တဲ့ ရထားတစင်းမှာ
အထူးတန်းလက်မှတ်တစောင်ရဲ့
အဓိပ္ပါယ်မဲ့ခြင်းတွေ စီးနင်းလိုက်ပါသွားခဲ့တယ် …။

ခါတိုင်းထက် ချိုတဲ့ ငှက်ကလေးတွေရဲ့ တေးသံ
မြပုရစ်ဖူးတွေနဲ့ တောအုပ်စိမ်းစိမ်းများ
နေမင်းလည်း မချမ်းတော့ဘူး
လမင်းလည်း အေးစက်မနေတော့ဘူး
မပျက်ယွင်းတဲ့ နှလုံးအိမ် တစုံထဲမှာ
နွေဦးခြေသံ … ငါကြားတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts