မိုးမခရုပ်သံ အရှင်ပညာနန္ဒ

လူဝင်စားသမီးလေးရွှန်းရွှန်းဝေ(အသက်(၃)နှစ်၊ခြောက်လ) ရုပ်သံ

လူဝင်စားသမီးလေးရွှန်းရွှန်းဝေ(အသက်(၃)နှစ်၊ခြောက်လ) ရုပ်သံ

အရှင်ပညာနန္ဒ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

မကြာသေးခင်ကပြန်မရောက်တာကြာပြီဖြစ်တဲ့အမိမြန်မာပြည်ကိုအလည်အပတ်သွားခဲ့တယ်။ရောက်တုန်းရောက်ခိုက်၊ ၀မ်းတွင်းမြို့ နယ်၊တဲစုကျေးရွာမှာရှိတဲ့  တောင်ပုလ တောရ ကမ္ဘာအေးဆရာတော်ကြီးရဲ့ ဇာတိလည်းဖြစ် ဆရာတော်ကြီး ငယ်စဉ်က နေထိုင်ခဲ့တဲ့ (ရေ၀န်း ဘုန်းတော်ကြီးသင်ပညာရေး) ကျောင်းကို ရောက်ခဲ့ပါတယ်။

ကျောင်းအ၀င်လမ်းလေး ပျက်စီးနေတာတွေ့ လို ကြုံတုန်းကြုံခိုက်ပြုပြင်ခွင့်ရခဲ့ပါတယ်။ အဲဒီလမ်းပြုပြင်ပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ လူဝင်စားမိန်းကလေးတဦးကိုတွေ့ ခဲ့လို သူ့ ရဲ့  အတိတ်ဘ၀ကအကြောင်းတွေ မေးမြန်းပြီး ဗီဒီယိုမှတ်တမ်းတင်ထားဖြစ်ပါတယ်။

သမီးလေးနာမည်က ရွှန်းရွှန်းဝေတဲ့။ ၀မ်းတွင်းမြို့ နယ်။ လေးမျက်နှာရွာ(တဲစုရွာအနီး)က ကိုအာနိုး၊ မ၀င်းနွဲ့ ရဲ့ သမီးလေးပါ။ လူဝင်စားကလေးနဲ့  မ၀င်းနွဲ့ ဟာ အရင်ဘ၀တွေက အမေနဲ့ သမီးလို ခင်မင်ရင်းနှီးသူတွေပါ။ လူဝင်စားကလေးရဲ့  အတိတ်ဘ၀က နာမည်က ဒေါ်ပွဲတဲ့။ အသက်(၈၀)၀န်းကျင်လောက်မှာ ကွယ်လွန်သွားခဲ့တယ်။ ဘ၀တပါး ပြောင်းသွားပြီးမကြာမီ ယခုလက်ရှိ မိခင်မ၀င်းနွဲ့ ထံမှာလူဝင်စားအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။

စကားပြောတတ်တဲ့အချိန်မှာ ယခုလက်ရှိ အမေဖြစ်တဲ့မ၀င်းနွဲ့ ကို သူဟာ ဒေါ်ပွဲဖြစ်ကြောင်းစတင်ပြောကြားခဲ့ပြီး အရင်ဘ၀က အကြောင်းတွေကို ပြန်လည်ပြောပြလို့  တအံ့တသြနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။

ဘ၀ဟောင်းက သားသမီးတွေအကြောင်းနဲ့  သူပိုင်ဆိုင်ခဲ့ပစ္စည်းတွေကိုလည်း အမှားမရှိ၊ မှန်မှန်ကန်ကန်ပြောပြနိုင်ပါတယ်။ ကလေးချင်းစကားပြောတဲ့အခါ သူပြောနေကြစကားတခွန်းက ”ငါ့လိုရုပ်လှချင်ရင် တရားနာတဲ့” ။ စိတ်ဝင်စားရင် ဗီဒီယိုဖိုင်လေးကို ကြည့်လိုက်ပါအုံး။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts