ကဗျာ ကမာပုလဲ

ဖေဖေါ်ဝါရီ ၁၂ … ကျိန်စာ

ကမာပုလဲ
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃

ဘာပဲ ဖြစ်ဖြစ်
အမေဟာ အမေပါပဲ … တဲ့။

ဘယ်လို လူဖြစ်ခွင့်လဲ
ပြည့်တန်ဆာ ခေတ်ကြီးမှာ
လူမဖြစ်ချင်ပါဘူး မေမေ …။

သိဒ္ဓတ္ထလည်း
ပြည့်တန်ဆာ ကျေးကျွန်လူတန်းစား အတွက်
လွတ်မြောက်ဖို့ကို ဆောင်ကျဉ်းတိုက်ယူမပေးနိုင်ရှာခဲ့သူ …။

ပြည်ထောင်စုနေ့တဲ့
မဟာ လူမျိုးကြီး ၀ါဒအောက်မှာ
ကျီးလန့် အစာစားနေရတဲ့ ခေတ်ပျက်ကြီး
လက်ရှိမှာ …
ဗမာပြည်ရဲ့ အမျိုးသားညီညွှတ်ရေးဟာ
လူတကာ အညစ်အကြေးတွေ ပေကျံနေတဲ့
မိန်းမရွင်တယောက်ရဲ့ ထမီစုတ် တထည်သာ။ ။

(ဗမာပြည် … ပြည်ထောင်စုနေ့ … ၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts