ကြော်ငြာကဏ္ဍ

SF Bay Area လိုအပ်နေသည့် မြန်မာမိသားစုများအတွက် အခမဲ့ စေတနာ့ဝန်ထမ်း သွားကျန်းမာရေး စစ်ဆေးပေးမည်၊

SF Bay Area လိုအပ်နေသည့် မြန်မာမိသားစုများအတွက် အခမဲ့ စေတနာ့ဝန်ထမ်း သွားကျန်းမာရေး စစ်ဆေးပေးမည်၊ ဖေဖော်ဝါရီ ၂၄

San Francisco Burmese Community Organizers & Friends၊ ဖေဖော်ဝါရီ ၉၊ ၂၀၁၃

မြန်မာလူမှုရေး စေတနာ့ဝန်ထမ်းအဖွဲ့တခုဖြစ်သည့် SF Burmese Community Organizers & Friends က (http://BurmeseCommunity.net  / http://facebook.com/BurmeseSF ) လိုအပ်နေသူများအတွက် Free Dental Checkup လုပ်ပေးမည်ဖြစ်သည်။ SFBC ၏ စေတနာရှင် သွားဆရာဝန်များဖြစ်သည့် ဒေါက်တာမောင်မောင်သော်နှင့် မိတ်ဆွေဆရာဝန်တို့က ဘေးဧရိယာအရှေ့ခြမ်း၊ Dixon Landing ရှိ Family Dental Clinic တွင် ဖေဖော်ဝါရီ ၂၄ နေ့ခင်းတွင် အကူအညီလိုအပ်နေသူ လူနာ ဦးရေ ၂၀ ဦးကို စာရင်းလက်ခံပြီး အခမဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးပေးမည် ဖြစ်ပါသည်။

အကူအညီလိုအပ်နေသူများအဖြစ် သွားနှင့်ဆိုင်ရာ ကျန်းမာရေးအာမခံမ၀ယ်နိုင်သူများ၊ လက်ရှိတွင် အလုပ်အကိုင်နှင့် ၀င်ငွေ အခက်အခဲရှိသူများနှင့် ၎င်းတို့မိသားစုဝင်များကို သွားဆရာဝန်တို့က အခမဲ့ စေတနာဝန်ထမ်း ကြည့်ရှုပေးမည် ဖြစ်သည်။

စာရင်းပေးသွင်းလိုသူများအနေဖြင့် အောက်ပါမိတ်ဆွေများထံ ဆက်သွယ်နိုင်ပါသည်။

ကိုဂျေစင် (510-402-7779) ၊ ကိုကျော်သူရ (415-420-1504)၊ ကိုရှောင် (650-269-1165)

မနီနီသော်၊(408-205-3287) အိအိ၊ မေမွန် (415 316 9366)

ကိုထွန်းမြတ်ဦး (415-571-6401)၊ ကိုမိုးကျော် (သုံးရောင်ခြယ်)၊ 650-834-0184

မိုးမခမီဒီယာ (510) 854- 6501

(ဓာတ်ပုံ – ၂၀၁၃ နှစ်ဆန်းက ၊ ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်း သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လုပ်အားပေး ကုသိုလ်ယူခဲ့သော SFBC အဖွဲ့သား ဒေါက်တာမောင်မောင်သော်ကို တွေ့ရစဉ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts