ကဗျာ ကမာပုလဲ

ကိုခင်ဝမ်း

ကမာပုလဲ
ဖေဖော်ဝါရီ ၇၊ ၂၀၁၃
၁၉၇၆ … ၇၇ …
အိပ်မက်လမ်းကလေး ….
ကျနော် အတိအကျ မသိခဲ့ပါ ဘူး … ကိုခင်ဝမ်း …ကျနော့် မြို့ ကျနော် မသိခဲ့ပါဘူး ..
ဂျာနယ်ကျော်မမလေး ကျနော် မသိခဲ့ပါဘူး …။

မန္တလေး ကျနော်မသိပါဘူး
ရန်ကုန်က ခပ်ဝါးဝါး
ပြည်ဆို … ပိုဝေးတာပေါ့ …။

ကျနော်နဲ့ ကျနော့်သူငယ်ချင်းများ
ကျောင်းပြေးရင်း …
“ကျနော် သွားတော့မယ်”
ကိုခင်ဝမ်း …။

ရှိစေတော့ ….
ကျနော် ခိုင့်ကို ချစ်တယ် ..
ကျနော် အရင်အတိုင်း …
“ဃ” သေသွားပြီ …
ကိုခင်ဝမ်း …… ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts