သတင်းပဒေသာ

လက်ရှိအစိုးရအနေဖြင့် ကချင်အရေးနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်လိုဟု အေဘီအက်ဖ်ဒီအက်ဆို

ဇော်သူရ
ဖေဖော်ဝါရီ ၇၊ ၂၀၁၃
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီစုံညီအစည်းဝေးကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လွတ်အမြောက်နယ်မြေတစ်နေရာတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦးမှ လက်ရှိ ကချင်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေအဖွဲ့ ပူးတွဲထုတ်ပြန်ချက်အပေါ် “နှစ်ဦး နှစ်ဖက်သဘော တူညီများအပေါ် တိတိကျကျ လိုက်နာဘို့လိုသလို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ဘို့လည်းလိုပါတယ်” လို့ ပြောဆို ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် နိုင်ငံရေးအရဖြစ်ထွန်းနိုင်မှု ရှိ/မရှိပေါ်ကိုလည်း …

“၁။ လက်ရှိ ဦးသိန်းစိန် ဦးဆောင်နေတဲ့အစိုးရအနေဖြင့် တပြည်လုံးအသွင်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို တရားဝင်ထုတ်ပြန် ကြေ ညာပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိဖြင့် ဆောင်ရွက်ဘို့လိုအပ်သလိုပွင်းလင်းမှု၊ ထင်သာမြင်သာရှိမှုဖြင့် အကောင်အထည်ဖော် လုပ်ဆောင် မှသာလျှင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လိုမြင်ပါတယ်။

၂။ တိုင်းပြည်ရဲ့ ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတဲ့အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးအရတန်းတူရည်တူ ဆွေးနွေးနိုင်မဲ့ ဆွေးနွေပွဲ များ ကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့မြင်ပါတယ်” လို့ သုံး သပ်ပြောဆိုခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts