သတင်းပဒေသာ

မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ ဘန်ကောက်တွင် ဆေးကုသမှုခံယူ

မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ ဘန်ကောက်တွင် ဆေးကုသမှုခံယူ

ချမ်းမြ၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၃

“မစိုးရိမ်တိုက်သစ်၊ မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဘန်ကောက်ဆေးရုံသို့ ကြွရောက် ဆေးကုသမှုခံယူ”

            မစိုးရိမ်တိုက်သစ်၊​ မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသသည် ယနေ့ 2-2-2013-မနက် (၁၀)နာရီတွင် မန္တလေးလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ကြွရောက်၍ ရန်ကုန်လေဆိပ်မှ တစ်ဆင့် ဘန်ကောက်ဆေးရုံသို့ ကြွရောက်မည် ဖြစ်သည်။

            ဆရာတော်ကြီးသည် မျက်နှာတစ်ခြမ်း လေဖျန်းရာမှ မန္တလေး“ညိမ်း”ဆေးခန်းတွင် ကုသမှုခံယူကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆက်လက်ကြွတော်မူခြင်းဖြစ်သည်။

            “ဆိုးလို့ ဘန်ကောက်သွားကုရတာ မဟုတ်ဘူးကွ၊ ပိုကောင်းအောင်လို့ ဘန်ကောက်သွားကုတာ”ဟု တပည့် ဒကာ/မတို့အား မိန့်ကြားခဲ့ပါသည်။

            မစိုးရိမ်တိုက်သစ် ခေတ်မီစာကြည့်တိုက်သစ်ကြီးတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ “ဒါ ဒို့တိုင်း ဒို့ပြည်” စာအုပ်ထားရှိဖို့ မိန့်တော်မူခဲ့ပြီး၊ ဦးဇင်းများ စာဖတ်အားနည်းကြောင်း၊ စာဖတ်ဝိုင်းလေးများ လုပ်ပေးဖို့လို ကြောင်း၊ “ခရူးရှက်” “ဘရက်ဇညက်”တို့ စာအုပ်မျိုးကို ဖတ်ဖြစ်အောင် ဖတ်ဖို့တိုက်တွန်းသင့်ကြောင်း၊​ လေဆိပ်မကြွခင်တွင် မိန့်မှာတော်မူခဲ့ပါသည်။

            ဆရာတော်ကြီးအား တပည့် နာယကများက ဆေးကုသစရိတ် ဝိုင်းဝန်းလှူဒါန်းခဲ့ရာ အရှင်ဝီရသူကလည်း ငွေကျပ်သိန်းအစိတ် လှူဒါန်းခဲ့ပါသည်။

             မန္တလေးလေဆိပ်သို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသနှင့် နာယကဆရာတော်များ၊ တပည့်ဒကာ/မများ ဆွေတော်မျိုးတော်များ လိုက်ပါပို့ဆောင်ခဲ့ကြပြီ၊ ရန်ကုန်လေဆိပ်သို့ ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ နှင့် တပည့်နာယကများ၊ ညိမ်းဆေးရုံမှ ဒေါက်တာမျိုးထက်မင်းနှင့် ဒကာများ လိုက်ပါပို့ဆောင်ပါသည်။

            ရန်ကုန်မှ ဘန်ကောက်သို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ ညိမ်းဆေးခန်းမှ ဒေါက်တာမျိုးထက်မင်းနှင့် ဒကာများလိုက်ပါ ပို့ဆောင်ပါမည်။

            ဆရာတော်ကြီး၏ တပည့်ဒကာ/မများ ဆရာတော်ကြီး ကျန်မာရေးအတွက် ဆုတောင်းမေတ္တာ ပို့သပေး ပါရန်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts