ပါရီမောင် အခန်းဆက်များ လောကဓာတ်ခန်း

ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၃၊ ပထမပိုင်း)

ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၃၊ ပထမပိုင်း)

ပါရီမောင်၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)

Lesson 3 ( Leçon 3 ) 

အပိုင်း (၁)

Noun  and Vocabulary ( Noms et Vocabulaires ) နာမ်များ နှင့် ဝေါဟာရများ

( အပြာရောင် ဖြင့် ပြင်သစ်အခေါ်အဝေါ်နှင့် အသံထွက် ကို ဖေါ်ပြထားပါသည်။)

သင်ခန်းစာ တခုစီတိုင်းသည်  ပြင်သစ်စာ၏ အခြေခံ သဘောကို နားလည် ရန်သာ စတင်လေ့လာ ခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာ ကဏ္ဍတိုင်း သည် လုံးဝ ပြည့်စုံဦးမည် မဟုတ်ပါ ။သို့သော် ဂရုစိုက်ကြိုးစားလျှင် အတော်အသင့် ပြောနိုင်အောင် တတ်နိုင်သမျှ အတိုချုံး၍ ဗမာဆန်ဆန် ရှင်းပြသွားပါမည်။

ဥပမာ – အခေါ်အဝေါ် များဖြစ်သော  နာမ် ( Noun ) သင်ခန်းစာတွင် ရှိသမျှ နာမ်များကို သရုပ်ခွဲ ဖေါ်ပြနေပါလျှင် စကားပြောလေ့ကျင့်ခန်းများအတွက် ကြန့်ကြာမည်စိုးသည့် အတွက် ဝေါဟာရ တိုးပွားရန်   လင့်များကို ညွှန်ပြပေးသွားပါမည်။ ထပ်မံ၍ သက်ဆိုင်ရာ ကဏ္ဍအတွက် ပြန်လည် ညွှန်းဆို၊ အသေးစိတ် ရှင်းလင်းသည့် အခါမှသာ ပြည့်စုံအောင် ဖေါ်ပြပါမည်။

နာမ်များကို အနည်းကိန်း မှ အများကိန်းသို့ ပြောင်းခြင်း ( Singular to Plural ) ၊

အဖိုနာမ် မှ အမ နာမ် သို့ ပြောင်းခြင်း ( Masculine to Feminine ) များတွင် ပုံသေ ပြောင်းရသော ဥပဒေသများ ၊ ထူးခြားသော စာလုံးများ ( Exceptional ) များအတွက် အလွတ်မှတ်ထားရခြင်း များရှိပါမည်။ အဆုံးသတ်စာလုံး ကိုကြည့်ပြီး ခွဲခြားခြင်းများလည်းပေးသွားပါမည်။

ဝေါဟာရများ ( Vocabulaires )

Les Légumes လေ လေ ဂရုမ်း မ်(Vegetables)     ဟင်းသီးဟင်းရွက်များ

( ရှင်းလင်းချက်နှင့် ဥပမာ ပေးခြင်း အတွက် မလွဲ မရှောင်သာ အသံထွက်ကိုဗမာလိုရေးပါမည်။လင့်ပေးထားသောဝေါဟာရများအတွက်ဗမာလိုအသံထွက်မရေးပေးပါ။)

အထက်ပါလင့်မှစာလုံးများကိုကြည့်ပါက စာလုံးများသည် « e » နှင့်ဆုံးသောနာမ်သည်အမနာမ်ဖြစ်သည်ကိုတွေ့ရမည်။

De l’ail (m)-     ကြက်သွန်ဖြူ

(une gousse d’ail/ un bulbe ou une tête d’ail)

ကြက်သွန်ဖြူ တမွှာ ၊   ကြက်သွန်ဖြူ တဥ

Un artichaut (m)-   ပန်းဖူးနှင့် တူသော ဟင်းသီး ဟင်းရွက်တမျိုး

Des asperges (m)-  ကညွတ် များ

Une aubergine (f)-  ခရမ်းသီး

Un brocoli(m)-   ပန်းဂေါ်ဖီ အစိမ်း

Du brocoli                                        Une carotte (f) –   မုန်လာဥနီ

Un champignon (m)-   မှို

Un chou (m) –  ဂေါ်ဖီထုပ်

Un chou de bruxelles (m)- ဂေါ်ဖီထုပ် အသေးစား ( ဂေါ်လီလုံး အရွယ်)

Un chou-fleur (m)-  ဂေါ်ဖီပန်း

Un chou  rouge (m)- ဂေါ်ဖီထုပ် ခရမ်းရောင်

Une citrouille (f)-  ရွေဖရုံသီး

Un concombre(m)-   သခွားသီး  ( e ဖြင့် အဆုံးသတ်သော်လည်း အဖိုနာမ်)

Une courge (f)     ကျောက် ဖရုံသီး

Une courgette (f) –  ကျောက် ဖရုံသီး ( သခွား သီး အရွယ် အရှည်)

Une endive (f) –    ပန်းနှင့် တူ သော ဂေါ်ဖီ တမျိုး

Un épinard (m)-  ဟင်းနုနွယ်

Un épi de maïs (m)-  ပြောင်းဖူး တဖူး

Une frisée (f)- ဂေါ်ဖီထုပ်နှင့် တူသည်၊ အနားတွန့်  လေးများရှိသည်။

Une laitue (f)-   မုန်ညင်းတမျိုး

Un navet (m)-  မုန်လာဥ

Un oignon (m)-  ကြက်သွန်

Un oignon rouge (m)-   ကြက်သွန် အနီရောင်

Une patate douce (f) – ကန်ဇွန်းဥ ၊ အာလူး အနီရောင် ၊ စိမ်းစားဥများ

Un piment rouge (m)-   ငြုပ်သီး အတောင့် ပွ နီ

Un poireau (m)-   ကြက်သွန်  မိတ် အကြီး စား နှင့် ဆင်သည်

Un poivron jaune (m) – လက်သီးဆုပ်ခန့်  ရှိသော ငြုပ်ပွ ( အနီ၊ အစိမ်း၊ အဝါ  ရောင် များ ရှိ သည်)

Un poivron rouge (m) – ငြုပ်ပွ အနီ

Un poivron vert (m) – ငြုပ်ပွ အစိမ်း

Une pomme de terre (f) – အာလူး

Un radis (m) – မုန်လာဥနီ (လုံး သော )

Une tomate(f)- ခရမ်းချဉ်သီး

ဟင်းသီးဟင်းရွက် အခေါ်အဝေါ်များ လေ့ကျင့်ရန် လင့်ခ်

http://www.youtube.com/watch?v=ZdTAFyEebfs

Nouns  ( Les Noms )  နာမ် များ

ပြီးခဲ့သော သင်ခန်းစာများတွင်  Article ( Article ) များ နှင့် တွဲဖက်ပေးထားသော နာမ်အချို့ကိုကျေညက်အောင်လေ့ကျင့်ပြီးမည်ထင်ပါသည်။

သက်ရှိ၊ သက်မဲ့ နာမ်အားလုံး သည် အဖိုနာမ် သို့မဟုတ် အမနာမ် တခုခု တွင် ပါဝင်နေပါမည်။

သက်မဲ့ နာမ်များ ၏ ပုံသေ သတ်မှတ်ထား ခြင်းကို မည်သည့် အခါမှ ပြောင်းလဲခြင်း မရှိနိုင်သော်လည်း

သက်ရှိနာမ်များတွင် ပြောင်းလဲ ပေးနိုင်ပါသည်။

ဥပမာ …. စားပွဲ la table,   ကား la voiture,    အိမ် la maison    တို့သည် ပုံသေဖြစ်ကြပါသည်။

             သို့သော်

             ကြောင်(အထီး) le chat,  ကြောင်(အမ)la chatte ဟုပြောင်းလဲနိုင်ပါသည်။

ယခု နာမ်များကို အုပ်စုခွဲခြား ထားပုံကို ဖေါ်ပြပါမည်။

Noms Communs   သာမန်နာမ်များ …. (အရာဝထ္တုပစ္စည်းများ၊ သက်ရှိသက်မဲ့အားလုံး၊)

            ဥပမာ …  sac  အိတ်, rose နှင်းဆီပန်း၊ chat ကြောင်၊

Noms Concrets  ရုပ်၊ဒြပ် အဖြစ်တည်ရှိသောနာမ်များ….( ဒြပ်ဝထ္တု အဖြစ်ကိုင်တွယ်ထိနိုင်သောအရာများ)

            ဥပမာ …  livre စာအုပ် ၊ eau ရေ ၊ fruit အသီး၊

Noms Abstraits  ရုပ်ဝထ္တု ကိုင်တွယ် မရနိုင်သောနာမ်များ…( အပြုအမူ ဆောင်ရွက်ခြင်း၊ ခံစားမှုအခေါ်အဝေါ်များ)

            ဥပမာ ……beauté လှပမှု , gentillesse ကြင်နာခြင်း, opinion ထင်မြင်ချက်၊

Nom Propre  အမည်သီးခြားရှိနာမ်များ … (သတ်မှတ်ထားသောကိုယ်ပိုင်   အမည်မှည့်ခေါ်ထားသည့်အမည်များ)

ဥပမာ .. Paris , Yangon, Mandalay, France, Jean , Philippe

( သို့သော် le breton သည် ပြင်သစ် အနောက်ပိုင်းဒေသ ဘာသာ စကားကိုခေါ်၍    le Breton သည် အနောက်ပိုင်းဒေသတွင်နေထိုင်သူ သို့မဟုတ် မွေးဖွားသူဖြစ်သည်။ စာလုံး အကြီးနှင့် ရေးသားမှုပေါ်တွင် မူတည်ပြီးခွဲပါသည်)

သို့သော် …..

 livre  စာလုံး တမျိုး တည်းပင်  စာအုပ် ၊ ဗြိတိသျှ စတာလင်ပေါင်ငွေ  ဟု အဓိပါယ် ၂ မျိုးထွက်ပါသည်။

Noms Collectifs   အများစုကို ကိုယ်စားပြုသော ခေါ်သောနာမ်များ

            ဥပမာ …..  le bétail  ကျွဲ နွား အုပ်စု  ၊  la foule  လူအုပ်စု  ၊  la flotte  စစ်သဘောင်္ အုပ်စု

            ( ထိုစာလုံးများကို အများကိန်းသို့ ပြောင်းလဲပြီးမသုံးရပါ)

Noun တခုကိုသုံးတိုင်းမလွဲမသွေသက်ဆိုင်ရာ  (Article) ကို  နာမ်၏ ရှေ့မှ ထည့်ပေးရပါမည်။ (မထည့်ရသော ထူးခြားဖြစ်စဉ်ကို နောက်မှဖေါ်ပြပါမည်)

စာလုံးတလုံး၏ ပြင်သစ်ခေါ်အဝေါ် နာမ် ကို သိပြီဆိုသည်နှင့်  အရင်ဆုံး သိရမည်မှာ ထိုနာမ်သည် အဖိုနာမ်လား၊ အမနာမ်လား ဆိုသည် က အရေးကြီးဆုံးပါ။ နာမ်တခုကို အဖိုနာမ် အမနာမ် မသိလျှင်တော့ ပြင်သစ် စာကြောင်းတခုတည်ဆေက်ဖို့ ဒါမှမဟုတ် မှန်ကန်စွာ စကား ပြောဆို နိုင်ဖို့ လုံးဝမ ဖြစ်နိုင်ပါ။

ဘာလို့လဲဆိုတော့ ……..

 ၁။  သူနဲ့ ဆိုင်တဲ့  Article(Article) ကို ရွေးရပါတော့မယ်၊ အဲဒီမှာလဲ Definite Article(Article Défini), Indefinite Article (Article Indéfini)ရွေးရတာအပြင်၊ အဖိုနာမ် ၊ အမနာမ် နှင့် ဆိုင်သော Articleကို ရွေးရပါမယ်။

၂။  နာမ်စား Pronoun ( Pronom ) ကို ရွေးပြီးပြောဆိုဖို့ လည်း အဖိုနာမ်၊အမ နာမ်သိရပါမယ်။

၃။  ချိန်ညှိချင်း Agreement ( Accord ) လုပ်ရာတွင် သိရပါမယ်။

၎။  နာမဝိသေသန များ Adjectives ( Adjectifs ) အတွက် မဖြစ်မနေ သိရပါမယ်။

အစမှာ နဲနဲ လုံးလည်လိုက်နေတာတွေ သဘောပေါက် သွားရင် အေးအေးဆေးဆေးဖြစ်သွားမှာပါ။

( ကြုံလို့ ပြောဦးမယ် ပါရီမောင်တို့ ပြင်သစ်စာ သင်ကာစက ဆိုရင် ကျောင်းခန်းထဲမှာ ထိုးပြတဲ့ ပရိုဂျက်တာက ရုပ်ပုံ မှုန်ဝါးဝါးက ဘာပုံမှန်းမသိ၊ အဖန်တရာတေအောင် ဖွင့်ထားတဲ့ တိပ်ခွေရဲ့ အသံကို ကောင်းကောင်း မကြားရတာ နဲ့ ဆရာ၊ဆရာမတွေကို ကြောက်ကြောက်နဲ့ ဘာမှန်းမသိ ပဲ အော်နေခဲ့ရတာတွေ၊ မေးစရာ ကိုယ့်အချင်းချင်းတွေ ကျတော့လဲ အတူတူနဲ့ အနူနူတွေ ၊ တနှစ်ကျော်လောက် ဒုက္ခရောက်လိုက်တာ မပြောနဲ့တော့၊ စာသင်နှစ် ၂နှစ်လောက်ကြာမှပဲ နားရည်လည်တော့တယ် ။ ပြင်သစ် စာကြောင်းကို ဗမာလို အပြောင်အပျက် အဓ္ဓိပါယ် နဲ့ မှတ်ရတာတွေ လဲရှိသေးတယ်။ )

ဆက်ကြရအောင် ……….

အရင်ဆုံး ဥပမာ အနေနဲ့

ပန်းသီး    Apple ကို ပြင်သစ်လို သိဖို့  အဘိဓ္ဓါန်မှာ ရှာတဲ့အခါ  pomme  ( n/f ) ဆိုတာကို တွေ့မယ်၊ တချို့ အဘိဓ္ဓါန်တွေမှာ အသံထွက် သင်္ကေတတွေပါနေသေးတယ်။ n သည် Nomဖြစ်တဲ့ နာမ်ကို ပြောတာဖြစ်တယ်။

ဆိုချင်တာက ( f ) ကို အသေမှတ်ဖို့ပဲ ၊  အဓိပါယ်ကတော့   ပန်းသီး ဆိုတာ အမ နာမ် ဖြစ်တယ်။ ဒါကြောင့်

Article  နဲ့ တွဲ သုံးတဲ့ အခါ မှာ

Une pomme ,      la pomme ,        des pommes ,      les pommes    ဆိုပြီး ဖြစ်ရပါတယ်။

ထပ်ပြီး ရှင်းရရင်

Une pomme  – ပန်းသီး တလုံး  ဆိုပြီး၊ ပန်းသီးရဲ့ အကြောင်းကို စတင် ပြောဆို တဲ့ အနေနဲ့ Indefinite Articleကို သုံးရပါတယ်။

ထိုပန်းသီးနှင့် ပါတ်သက်ြပီး ဆက်လက်ပြောဆို ရေးသားတာတွေမှာတော့

La pomme  ဆိုပြီး ( Definite Article )အနေနဲ့ ဆက်လက်ပြောဆို သုံးစွဲ သွားရမှာပါ။ des pommes, les pommesဆိုရင် ပန်းသီးများ လို့ ဖြစ်သွားပြီပေါ့။

သက်မဲ့ နာမ်တွေ ရဲ့ အဆုံး သတ်စာလုံး သည် « e »  ဖြင့်အဆုံးသတ်လျှင်အများအားဖြင့်  « အမနာမ် » ဟုမှတ်ပါရန်။

« e »  ဖြင့် အဆုံးသတ် ပြီး  အဖိုနာမ် ဖြစ်သော စာလုံးအနည်းငယ်သာ ရှိသဖြင့် ပုံသေမှတ်ရန်ပေးပါမည်။

အသီးအနှံများအခေါ်အဝေါ်များကိုလေ့ကျင့်ရန်လင့်

http://www.youtube.com/watch?v=lkavvrQPMaQ

သင်ခန်းစာ အသစ်ထပ် မတင်နိုင်သော အချိန်များတွင် ရရှိပြီးသော လင့်များမှ အသံကို တထပ်တည်း ကျအောင်လေ့ကျင့် ခြင်းဖြင့်  စာကြောင်းများ တည်ဆောက်သည့် အခါတွင် လျှင်မြန် မှန်ကန် စွာ ပြောဆိုနိုင်ပါမည်။

                                                   နာမ်များ  အပိုင်း ( ၂ ) ဆက်ရန်………..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၃၊ ပထမပိုင်း)
  1. လေ့လာနေခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် …………..

Comments are closed.