မိုးမခရုပ်သံ အရှင်ပညာနန္ဒ

ရေ၀န်းဘုန်းတော်ကြီးသင်ကျောင်း မြင်ကွင်း၊ တဲစု၊ ၀မ်းတွင်း၊ မန္တလေးတိုင်း (Ashin Pyinnya Nanda)

ရေ၀န်းဘုန်းတော်ကြီးသင်ကျောင်း မြင်ကွင်း၊ တဲစု၊ ၀မ်းတွင်း၊ မန္တလေးတိုင်း

အရှင်ပညာနန္ဒ၊ မိုးမခရုပ်သံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၃

စေတနာရှင်၊ ပညာဒါနအလှူရှင်များကို လိုအပ်နေတဲ့ စာသင်ကျောင်းဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဇောတိကရဲ့ ဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်ကလေး တဆောင်လည်း ဆောက်ဖို့ ကြိုးစားနေပါတယ်။ မြန်မာကျပ်ငွေ သိန်း ၄၀ ခန့်မှန်းပါတယ်။ အရှင်ပညာနန္ဒက တတ်စွမ်းတဲ့အလှူ ဒါနပြုခဲ့ပါတယ်။

စာသင်သား ၃၄၀ လောက် ရှိပါတယ်။ တနှစ်ကို ၅သိန်းဖိုး ဖတ်စာအုပ်နဲ့ ဗလာစာအုပ်တွေ ရိုက်ပြီး ဝေပေးနေရတယ်။  ဆရာ၊ ဆရာမတွေ ၁၁ ဦးရှိတယ်။ ရှိုင်းဟုတ်အလှူရှင်အဖွဲ့က ဆရာ၊ ဆရာမတွေအတွက် ၃ နှစ်စာ လစာလှူခဲ့ပါတယ်။ ဒီနှစ်က နောက်ဆုံးလို့ သိရပါတယ်။ ဆရာတွေအတွက် တနှစ်စာ တဦးလျင် ကျပ် လေးသောင်း ထောက်ပံ့မှုရှိတယ်။ ဆရာတွေက ငွေ ၁ သောင်း ပြန်လှူပါတယ်။

စေတနာရှင်များ နယူးယောက်၊ ယူတိကာ၊ သန္တိသုခကျောင်း ဆရာတော် ဦးပညာနန္ဒကို ဆက်သွယ်ပါ။ http://moemaka.com/?page_id=31522&id=12


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts