သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ပုသိမ် ချောင်းသာ မူလွန်ကျောင်းသို့ ကြွရောက်

မိုးမခအထောက်တော်
ဇန်န၀ါရီ ၃၁၊ ၂၀၁၃

ဧရာဝတီတိုင်း ပုသိမ် ချောင်းသာကမ်းခြေအနီး အခြေခံပညာာမူလတန်းလွန်ကျေင်းသို့  ၂၈. ၁. ၂၀၁၃ နေ့ က ရွှေတွံတေးဆရာတော် ကြွရောက်ခဲ့သည်။

ကျေင်းသူကျောင်းသား ၅၀၀ ကျော်ရှိပြီး ၆ တန်းအထိပညာသင်ကြားသော်လည်း ဆရာမလုံလောက်ခြင်း – ကျောင်းဆောင်မလုံလောက်ခြင်း ပြင်ပမှလစာဖြင့်ခန့် ထားသော ဆရာမ များကိုလည်း လစာပုံမှန်မပေးနိုင်ခြင်း စသည့်အခက်အခဲများ ရှိနေကြောင်းသိရသဖြင့် အရေးပေါ်လိုအပ်ချက်ကိုမေးမြန်းပြီး ရွှေတွံတေးဆရာတော်က ကျောင်းဆောင်ငယ် ၁ခု မတည်လှူဒါန်းခဲ့သည်။

ထူးချွန်ကျောင်းသား ၂၇ ဦးကို အမှတ်တရတီရှပ်နှင့် ဆုငွေချီးမြှင့်ပြီး လျှပ်တပြတ်မေးခွန်းများဖြေကြားနိုင်သူတို့ ကိုလည်း ရွှေတွံတေးဆရာ တော်က ဆုချီးမြှင့်ခဲ့သည်။

ရွှေတွံတေးဆရာတော်က သြ၀ါဒပေးရာတွင်…………. နိုင်ငံတော်သစ် ပြောင်းလဲတည်ဆောက်ရာမှာ အဓိက ပညာရေးကို ဇောင်းပေး ဆောင်ရွက်စေချင်တယ်။ နိုင်ငံတော်ကလုပ်ရင်အများကြီးလုပ်နိုင်တာပေါ့ ဘုန်းကြီးကတော့ ခပ်ပါးပါးပဲ ပံ့ပိုးနိုင်တယ်။ ဆရာမတွေလည်း နိုင်ငံတကာမှာလိုပဲ ကလေးတွေကို မရိုက်ပဲနဲ့ နားလည်အောင်ဆုံးမပြုပြင်တဲ့နည်းကို သုံးစေချင်တယ် ဆရာမတွေက နာ ၃ နာနဲ့လစာ နည်းနည်းမလုံမလောက်နဲ့  ဆောင်ရွက်ပေးနေတာကိုလည်းကျေးဇူးတင်ပါတယ်။ နိုင်ငံမှာအလဟသ သုံးဖြုံးနိုင်နေတဲ့သူတွေကိုလည်း စာနာစိတ်ထားစေချင်တယ် ပရဟိတ ၀ိုင်းကူစေချင်တာပါပဲ ……စသဖြင့်မိန့် ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts