မှတ်စုမှတ်တမ်း

ကိုးရီးယား ဆောင်းအိုလံပစ်တွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း

ဇန်န၀ါရီ ၃၁၊ ၂၀၁၃
● ကျမ ပါဝင်ခဲ့တဲ့ အခမ်းအနားတွေ အားလုံးထဲမှာ ဒီအခမ်းအနားကတော့ စိတ်ကို အလှုပ်ခတ်နိုင်ဆုံးနဲ့ အားတက်စရာအကောင်းဆုံးပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ အားကစားသက်သက်ကိုသာ ကျင်းပနေတာမဟုတ်ဘဲ  အရာအားလုံးထက် ပိုအရေးပါတဲ့လူ့သားရဲ့ စိတ် ဓါတ် ခွန်အား ကြီးကျယ်မှုစွမ်းအား  (supremacy of human spirit)  ကိုပါ အသိအမှတ်ပြုကျင်းပပေးနေလို့ပါဘဲ။

● အဲဒီစိတ်ဓါတ်ခွန်အားဟာ ဗဟုသုတပညာ၊ စိတ်ခံစားမှု၊ စီးပွားရေး စတာတွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာရယ် …….၊  ‘’ မသန် စွမ်းသူဆိုတာ တကယ့်တကယ် ကိုယ်ခန္ဒာချွတ်ယွင်းနေသူတွေကိုသာခေါ်တာမဟုတ်ဘဲ အဲလိုချွတ်ယွင်းနေသူတွေကို ကရုဏာမေတ္တာ မထားနိုင်သူတွေကိုပါ  ခေါ်တယ် ‘’ ဆိုတာရယ်ကို လူကြီးမင်းတို့က ဒီကနေ ပြလိုက်တာပါဘဲ ။

● မသန်းစွမ်းသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ၊ နားလည်မှု မရှိတာတွေကို ကျမတို့အားလုံး အတူတကွ ကျော်လွှားနိုင်တယ်လို့ ဒီအခမ်းအနားကနေ သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မသန်းစွမ်းမှုဆိုတာ ထာဝရ မကျော်လွှားနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ စိတ် ဓါတ်ဟာ ဘယ်လို မသန်စွမ်းမှုကိုမဆို ကျော်လွှားနိုင်စွမ်းရှိပါတယ် ။

● ဒီနေ့ ကျမတို့တတွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ခွန်အား ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကိုသာ အသိအမှတ်ပြုကျင်းပတာ မ ဟုတ်ဘဲ လူသားတွေရဲ့စည်းလုံးမှု ဘယ်လောက်ကြီးမားတယ် (The Supremacy of Human Solidarity)  ဆိုတာကိုလည်း  အသိအ မှတ်ပြုကျင်းပနေကြတာ ဖြစ်ပါတယ်။

● ဒါကြောင့်ဘဲ ဒီအခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘’ Together we can ‘’ ဆိုတာကနေ ကျမတို့တွေဟာ အခွဲခြားခံရသူတွေ ၊ အားနည်း အောင် လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင် လှိုက်လှိုက်လှဲလှဲနဲ့ တညီတညွတ်ထဲ  အကူအညီပေးနေကြတာ ၊ ဂုဏ်ပြု နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလူတွေကို သဘာဝတရားကြီးက အားနည်းအောင် လုပ်တာမဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ် တိုင်က ခွဲခြားဆက်ဆံအားဖြင့် အားနည်းသိမ်ငယ်အောင် လုပ်ထားတာပါ။ သူတို့ကို အားနည်းသူ အဖြစ်သတ် မှတ်ထားကြတယ် ၊ သူတို့ရဲ့ အားသာချက်ကို အရေးမပေးဘဲ သူတို့ရဲ့ အားနည်းချက်အပေါ် အာရုံထားခြင်းအားဖြင့် အားနည်းအောင် လုပ်ထားကြတာ ဖြစ်ပါတယ် ။

● ဒီအိုလံပစ်ပွဲတော်ရဲ့ အခမ်းအနားမှုးက နိုင်တဲ့သူတွေထက် ရှုံးတဲ့သူတွေကို ဂုဏ်ပြုပေးမယ်ဆိုတော့ ကျမတစ်ခုကို သတိရမိပါတယ် ……တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး နောက်ဆုံးမှ ပန်းဝင်တဲ့ကလေးတစ်ယောက်က ‘’  ကျနော် နောက်ဆုံးက နိုင်တယ်  ‘’ လို့ ပြုံးပြုံးလေး ပြောလိုက်တာကိုပါ ။  ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ တွေးမိပါတယ်……ရှေ့ဆုံးက ရှုံးရှုံး  ၊ နောက်ဆုံး ကဘဲ နိုင်နိုင် အရေးမကြီးလှပါဘူး ။ အဓိကကတော့ စိတ်ဓါတ်ပါဘဲ ။

● လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို ဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို လမ်းညွှန်ပြသခြင်းအားဖြင့် ကျမတို့ တိုင်း ပြည်မှာလည်း လူကြီးမင်းတို့ အများကြီး လာရောက်ကူညီပေးကြလိမ့်မယ်လို့ ကျမ မျှော်လင့်ယုံကြည်ပါတယ်။  ဒါကြောင့်ဘဲ လူကြီးမင်း တို့ကို ကျမ ကျေးဇူးတင်စကားပြောလိုပါတယ်…….ကျမတို့ ဘ၀လမ်းမှာတွေ့မယ့် အခက်အခဲတိုင်း၊ ဒုက္ခတိုင်းဟာ ကျော်လွှားလို့ရ တယ် ဆိုတာကို နားလည်စေတဲ့အတွက်ပါ။ ကျေးဇူးအထူးတင်ပါတယ်။

● (ဒေါ်စုပြောသွားတဲ့မိန့်ခွန်းအပြီးမှာ အခမ်းအနားကြေငြာသူ   Kim Yu Na က မွေးရာပါ Down Sydrome ရောဂါ ခံစားနေရသူနှစ်ယောက်ကို ဖိတ်ခေါ်ပြီး ဘ၀မှာ သူတို့ဖြစ်ချင်တဲ့ရည်မှန်းချက်အိပ်မက်ဟာ ဘာလဲ လို့ မေးပါတယ် ။ သူတို့အလှည့်ပြီးတော့ ဒေါ်စုကိုလည်း  What is your dream ?  မေးပါတယ် )

● ဒေါ်စု  ။     ။  ကျမဖြစ်ချင်တဲ့Dream ကတော့ အင်မတန်ရိုးရှင်းပါတယ်။ ကမ္ဘာကြီးကို ဒီထက်ပိုကောင်းတဲ့နေရာတခုဖြစ်အောင် ၀ိုင်း ၀န်း ကြိုးပမ်းကြရာမှာ ကျမတိုင်းပြည်ကိုလည်း ပါဝင်စေချင်ပါတယ်။ ကျမတို့ မြန်မာပြည်သူတွေကို  အဲလိုလုပ်ရာမှာ သူတို့လည်းပါဝင်နိုင် ကြောင်းပြဖို့ အခွင့်အရေး ရစေချင်ပါတယ်။

(ဒေါ်စုပြီးတော့  Kim Yu Na က သူ့ရဲ့  ဖြစ်ချင်ခဲ့တဲ့Dream ကို ဆက်ပြောပါတယ်။ အရင်တုန်းက သူ့ရဲ့ အိပ်မက်ဟာ ကမ္ဘာ့အဆင့် ချန်ပီ ယမ်ဖြစ်ဖို့ ဖြစ်ကြောင်း ၊ အဲဒီအိပ်မက်ကို ၂၀၁၀  ဗန်ကူးဗား ချန်ပီယံပြိုင်ပွဲမှာ အကောင်အထည်ဖော်လိုက်နိုင်ကြောင်း ၊ အဲဒါဟာ  ငါလုပ်နိုင်တယ်ဆိုတဲ့မိမိကိုယ်ကို ယုံကြည်ချက်ကြောင့် ဖြစ်ကြောင်း စသည်စသည်ဖြင့်ပါ ။

အသေးစိတ်ကလေးတွေကိုပါ ပြည့်ပြည့်စုံစုံကြည့်လိုပါက   http://www.youtube.com/watch?v=Wln-VRO21-E&feature=share)

အပြည့်အစုံ မူရင်းအား ဤနေရာတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts