ကဗျာ

မေတ္တာသွေးပွက် ဂယက်လှိုင်း

ကျော်ဟုန်း
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
အများစုက ထင်ကြတာ
အမေက သားတွေကို ပိုချစ်တယ်
အဖေက သမီးတွေဆို ပိုချစ်တယ်
မှားတယ်။

တကယ်တော့
သားက စွမ်းအားလူမို့  အမေက မျှော်ချစ်တာ
သမီးက အချွဲပို့ လို့  အဖေက ပျော်ချစ်တာ
အဖေ၊ အမေက သားနဲ့ သမီးကို
ချစ်ကြတာအတူတူပဲ
ငြင်းချင်လို ငြင်းကြပေမယ့်
သား၊ သမီးရမှ သိမယ်။
(အဇာတသတ်တောင် သားရမှသိ ဖမေတ္တာ)
(ခုလုတ်ထိ တ၊ မိမေတ္တာ)

တကယ်တော့
ကမ္ဘာမှာ လုပ်ကြတဲ့ အမေနေ့ ၊ အဖေနေ့ ဆိုတာ
သားသမီးတိုင်းအတွက် တရက်ထဲမရှိသင့်ဘူး
မိဘနှစ်ပါး မဆုံးပါးသရွေ့  ရှိသင့်တာ။

ကျုပ်တော့
အမေကိုတွေးရင် အဖေ့ပါမြင်ယောင်
အဖေ့ကိုမြင်ရင် အမေပါတွေးထင်
ငယ်ငယ်ထဲက အမိမဲ့သားမို့ 
မိဘစုံကြီးခဲ့သူထက်စာရင်
ခံစားချက် ပိုစူးရောက်တယ်။

သားကို ထွေး စောင့်ရှောက်တာ အမေ
သားရှေ့ ရေး ဖေးကူတာ အဖေ
ဘယ်သားသမီးမှ မိဘနှစ်ပါးအတွက်
နို့ တစက်မှ တာဝန်မကြေခဲ့လဲ
ဒုက္ခရောက်ရင် မိဘတိုင်တည်
သတိရကြတာပဲမဟုတ်လား။

မိအို ဖအိုကတော့
သားဆိုး သမီးဆိုးလဲ
အချစ်ပို အမျက်မသိုခဲ့ကြ (ရင်သွေးမို့ လား) ။

ကျော်ဟုန်း   (အမေနေ့  – ပြာသိုလပြည့် ခံစားမှု)
သရုပ်ဖော် – Ath

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts