ဓာတ်ပုံသတင်း

သမ္မတကြီး အိုဘားမား ဒုတိယသက်တမ်း မိန့်ခွန်းကောက်နုတ်ချက်များ

  

သမ္မတကြီး အိုဘားမား ဒုတိယသက်တမ်း မိန့်ခွန်းကောက်နုတ်ချက်များ

မိုးမခ၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၃

ဇန်န၀ါရီ ၂၁၊ နေ့ ၁၁ နာရီ၊ ၀ါရှင်တန်ဒီစီ၊ လွှတ်တော်အဆောက်အဦဆင်ဝင်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတ၊ ဒုတိယ ၄နှစ် သက်တမ်း၊ ၅၇ ကြိမ်မြောက် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ပရိသတ် ၁၀ သိန်း ခန့်ရှိတဲ့ National Mall အမျိုးသားရင်ပြင်ရှေမှာ ကျင်းပခဲ့ပါတယ်။

ပထမသက်တမ်းတုန်းက တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အထွေထွေအကြပ်အတည်းများက ရုန်းထွက်ဖို့ စိန်ခေါ်ချက်များကို ရင်ဆိုင်ဖြတ်ကျော်ကြဖို့ ၂၀၀၉  ကျမ်းကျိန်မိန့်ခွန်းမှာ ပြောကြားခဲ့သူ သမ္မတကြီး အိုဘားမားက ဒီတခါ ၂၀၁၃ ကျမ်းကျိန်ပွဲမိန့်ခွန်းမှာ အနာဂတ်ကို ဦးဆောင်ကျော်ဖြတ်ကြဖို့ နိုင်ငံသားများကို အတူတကွ လက်တွဲကြရန် စိန်ခေါ်လိုက်တဲ့ ဖိတ်ခေါ်လိုက်တဲ့ မိန့်ခွန်းဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ လမ်းပမ်းဆက်သွယ်ရေး အခြေခံအဆောက်အဦတွေကို ပြန်လည်ထူထောင် တိုးမြှင့်ကြဖို့၊ ပြောင်းလဲနေတဲ့ သဘာဝရာသီဥတုဘေးဒဏ်တွေကို ပြင်ဆင်ပြုပြင်ကြဖို့၊ တကမ္ဘာလုံး ငြိမ်းချမ်းရေးကို ဆောင်ရွက်ကြဖို့၊ သိပံ္ဗ၊ နည်းပညာ၊ ဆေးသုတေသနနဲ့ ပညာရေးစနစ်တွေ ပြုပြင်ပြောင်းလဲ တီထွင်ဆန်းသစ်ကြဖို့၊

လူတန်းစားအားလုံး တန်းတူညီမျှရေးဆိုသည်မှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ အားနည်းသူတွေ၊ လိင်တူ လိင်ကွဲဆက်ဆံသူတွေအားလုံး တန်းတူညီမျှ လွတ်လပ်ဖို့၊ ပြည်တွင်းမှာ လက်နက်အားကိုးအကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ကြဖို့၊

စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်တွေကို ခေတ်နဲ့အမီ ပြုပြင်ပြောင်းလဲကြဖို့၊ လူကြီးတွေ လူအိုတွေကို စောင့်ရှောက်မှုပေးသလို လူငယ်တွေ ကလေးတွေကိုလည်း လက်တွဲစောင့်ရှောက်ကြဖို့ လိုအပ်တယ်။ အဲသည်အတွက် သမ္မတကြီးက ပြည်သူတွေနဲ့အတူ ဆောင်ရွက်မယ်၊ အစိုးရအဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့ ဆောင်ရွက်မယ်လို့ နှိုးဆော်ပြီး ပြောကြားသွားပါတယ်။

ဓာတ်ပုံတွေကို သမ္မတအိမ်ဖြူတော်ဝက်ဆိုက်ကနေ ယူပါတယ်။

သမ္မတကြီးအိုဘားမားဟာ အသက် ၅၀ သက်တမ်းရောက်နေပြီး၊ ငြိမ်းချမ်းရေး နိုဘယ်ဆု ရသူဖြစ်ပါတယ်။ အမေရိကန်မှ ပထဦးဆုံးသော လူမည်းကပြားသမ္မတ ဖြစ်ပါတယ်။ ၂၁ ရာစုမှာ နိုင်ငံတကာက လူငယ်တွေ၊ လူရွယ်တွေအများစုရဲ့ ချစ်ခင်လေးစားမှု အရှိဆုံး အာဏာရ နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။

သူကျမ်းသစ္စာကျိန်ဆိုတဲ့ဆီမှာ ကိုင်တဲ့ ဘုရားစာအုပ် ၂ အုပ်ကတော့ သမ္မတလင်ကွန်း (လူမည်းကျေုးကျွန်တွေကို လွတ်မြောက်စေသူ သမ္မတ) ရဲ့ ကျမ်းစာအုပ်နဲ့ မာတင်လူသာကင်း ဂျုနီယာ (လူမည်းခေါင်းဆောင်၊ လူမည်းများ တန်းတူညီမျှမှု တိုက်ပွဲဝင်သူ) ရဲ့ ကျမ်းစာအုပ် ၂အုပ်စလုံးကို ကိုင်ပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာကလည်း မော်ကွန်းဝင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမ္မတကြီး အိုဘားမား ဒုတိယသက်တမ်း မိန့်ခွန်းကောက်နုတ်ချက်များ
  1. လူတိုင်းချစ်သူဖြစ်ဖို့ဆိုတာ လူတိုင်းကို ကိုယ်နင့်ထပ်တူချစ်သည့်စိတ်မျိုးရှိဖို့အရေးကြီးပါတယ်
    အဲဒီအရေးကြီးသည့်အချက်က သမတအိုဗားမားမှာ ရှိတယ်

Comments are closed.