ဇန်န၀ါရီ ၁၉၊ ၂၀၁၃
ထိုနောက် ပြည်နယ်မန်နေဂျာမှ ဆက်သွယ်ရေးပစ္စည်းထိန်းချုပ်ဖြစ်သွားသည့်အခါတွင်လည်း ထိုဌာနမှ အမျိုးသမီးအရာရှိ ဒေါ်အေးစန္ဒာ ၀င်းနှင့် ပူးပေါင်းပြီး ဌာနပိုင်ပစ္စည်းများကို အကြောင်းအမျိုးမျိုးပြကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ပါသည်။ သက်ဆိုင်ရာဌာနများက လိုအပ်၍ တောင်းခံသည့်ပစ္စည်းများကို အကြောင်းအမျိုးမျိုးပြ၍ ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ လိုအပ်သောပမာဏ အောက်လျော့၍ချပေးခြင်း၊ မပေး မဖြစ် ပေးရသည့်အခါတွင်လည်း အမျိုးစုံညှစ်ပြီး၊ ရစ်ပြီးမှ ပေးခြင်း၊ ဌာနပိုင် ၀န်ထမ်းအိမ်ရာများကိုလည်း လာဘ်ငွေ (၅) သိန်းရမှသာ နေ ရာချပေးခြင်း၊ မည်သည့်အကြောင်းကိစ္စမဆို မှန်ကန်စွာဆောင်ရွက်ပေးခြင်းမရှိဘဲ လာဘ်ငွေများရယူ၍ ဘက်လိုက်ဆောင်ရွက်ခြင်း စသည့်အကြောင်းအရာပေါင်းစုံနှင့် ဘက်ပေါင်းစုံမှအပိုဝင်ငွေများရှာကာကိုယ်ကျိုးအတွက်သုံးစွဲခဲ့ပါသည်။ထို့အပြင် ရရှိသောလာဘ် ငွေ များဖြင့် ကာရာအိုကေဆိုင်များသို့ သွားရောက်ခြင်း၊ တက်သစ်စမော်ဒယ်လ်များအား ခေါ်၍ပျော်ပါးခြင်း စသည့်မကောင်းသောကိစ္စများတွင် သုံစွဲခဲ့ပါသည်။
သို့ဖြစ်ပါ၍ အထက်လူကြီးအဆင့်ဆင့်မှ လိုအပ်သလို ပြင်းပြင်းထန်ထန် အရေးယူုဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။
ဒီလိုလူ ဒီတစ်ယောက်သာ ရှိပါစေလို့ ဆုတောင်းပါတယ်ဗျာ…..
အများကကောင်းဖို့ ကိုစဉ်းစားပြီးလုပ်နေတဲ့အချိန်မှာကိုအမှားမလုပ်မိစေပဲ။အများကောင်းကြိုးသယ်ပိုးချင်းကကိုယ်အတွက်လည်းပိုကောင်းပါလိမ့်မယ်။မှားမှန်သိလို့ ဆင်ချင်နိုင်ရမှာပေါ့ဗျာ။ပိုက်ဆံတစ်ခုတည်းငါတော့လုပ်ချင်ရာလုပ်မယ်ဆိုပြီးထင်ရာဆိုင်းချင်ရင်တော့ဒုက္ခလှလှကြီးတွေ့ မှာကတော့သေချာပါတယ်။အမှန်ကိုလက်ခံနိုင်ကြပါစေဗျာ။
ဒီလိုလုပ်ရင်း ရာထူးကြီးကြီးရသွားသူတွေအများကြီး၊ အကောင်သေးသေးထဲက မဖော်ထုတ် မနှိပ်ကွတ်နိုင်ဘဲ
ခုမှ အော်မနေကြပါနဲ့တော့ သူတို့ကိုသာ မဟာဂရုငတက်ပြားဆု ပေးလိုက်ပါတော့ဗျာ…………..
This all case is really case
pls all u ask Store Department
Thank! u so much, pls help send to Our president