ကဗျာ ကမာပုလဲ

ဖွဲ့ဆိုခြင်း

ကမာပုလဲ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
ချစ်ခြင်းမေတ္တာကို
သံယောဇဉ်နဲ့ ဖွဲ့ပါ …။အမေ့ကို
ကျေးဇူးတရားနဲ့ ဖွဲ့ပါ …။

ချစ်သူကို
အိပ်မက်နဲ့ ဖွဲ့ပါ …။

အမေ့ကို
မေတ္တာတရားနဲ့ ထပ်မံဖွဲ့ပါ။

ချစ်သူကို
မြတ်နိုးခြင်း သစ္စာတရားနဲ့ ထာဝရဖွဲ့ပါ။

ယုံကြည်ချက်ကို
အသွေး … အသား … ဘ၀တခုလုံးနဲ့ဖွဲ့ပါ။

ကိုယ့်ကိုယ်ကိုယ်တော့
စင်ကြယ်ခြင်း သမိုင်းလိပ်ပြာနဲ့ ဖွဲ့ပါလေ …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts