လည်ယာ ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင် အလွဲသုံးစားမှုများ
လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၃
၂ဝ၁၅ မတိုင်မီ ပြည်သူပိုင်စက်ရုံများကို ငှားရမ်းရောင်းစားခြင်းနှင့် ဌာနမှ စက်-ယန္တရား-ဆီ-လုပ်သားအင်အားများကို ကိုယ်ကျိုးရှာ အလွဲသုံးစားအစွမ်းကုန်လုပ်နေသော လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ- အလုပ်ရုံများ မြေနေရာများကို အရှုံးပေါ်နေသည့်ဟု အကြောင်းပြကာ လာဘ် ပေးသော တရုတ်နောက်ကျောပြု ကုမ္ပဏီများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အဆောတလျင် နှစ်ရှည်ငှားရမ်း ရောင်းချ၍ အလွဲသုံးစား ပြုနေပါသည်။
ဦးမြင့်လှိုင်သည် ၎င်းနှင့်ပတ်သက်သည့် တရုတ်ကျောထောက်နောက်ခံ ပြုထားသည့်Young Investment Group Industry Co.,Ltd (YIG) အား ၎င်း၏ ဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ အများအပြားအား နှစ်ရှည်ငှားရမ်း ထား ပါသည်။
– စက်ရုံများအား ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းစာထဲမှ တင်ဒါခေါ်ကာ အချိန်(၇)ရက်သာ ပေး၍ ငှားရမ်းပါသည်။ ငှားရမ်းမည့်ကုမ္ပဏီမှလည်း တင်ဒါကြော်ငြာ မပါမှီကပင် မြေတိုင်းခြင်း၊ အခြားနိုင်ငံခြားကုမ္ပဏီများအား တစ်ဆင့်ပြန်လည်ပြသခြင်းများ ပြုလုပ်နေခြင်းသည် နဂိုကပင် စည်းဝါးရိုက်ထားမှန်း သိသာနေပါသည်။
– ဝန်ကြီးဦးမြင့်လှိုင်သည် မိဘအမွေပေးထားသော ခိုင်းနွားများကို အကျိုးရှိစွာ အသုံးမချဘဲ မသုံးတတ်ဘဲ သားသတ်သမားလက်သို့ ရောင်းချစားသောက်နေသူနှင့်တူသော ပြည်ဖျက်ကိုယ်ကျိုး ရှာသူဖြစ်နေပါသည်။
ဥပမာ(၁) ပျဉ်းမပင်ပန်ကာကြိုးစက်ရုံ (မြန်မာ့စက်မှုလုပ်ငန်းသုံးရာဘာ ပစ္စည်းစက်ရုံ)ကို အရှုံးပေါ်သည်ဟု အကြောင်းပြကာ( YIG) သို့ တစ်လလျှင် ၂၅သိန်းနှင့် ငှားရမ်းထားပါသည်။ ၂ဝ၁၁ ဧပြီလမှ စတင် ငှားရမ်းထားပြီး စက်ရုံမှာ ယခုထိ ပြန်လည်လည်ပတ်ခြင်းမရှိဘဲ စက်ရုံအား ပိတ်ထား ခြင်းမှာ မြန်မာတို့၏ ကုန်ထုတ်လုပ်ငန်းအား ပိတ်ထားပြီး တရုတ်ပစ္စည်းများ သွင်းနိုင်ရန် ရည်ရွယ်ချက်နှင့် လုပ်နေသလား ထင်မှတ်ရပါသည်။
၎င်းစက်ရုံသည် ယခင်က လယ်ယာသုံးတာယာများ ၊ ပန်ကာကြိုးများကို စွမ်းအားပြည့် ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး ရပ်နားထားသည်မှာ (၁)နှစ်ခွဲ ကျော်နေပြီ ဖြစ်ပါသည်။ လုပ်ကိုင်မစားတတ်သော ဝန်ကြီးသည် အဆင်ခြင်မဲ့စွာ မိမိကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားလိုက်ပါသည်။
စက်ရုံရပ်ထားခြင်းသည် ငှားရမ်းစဉ်က စာချုပ်ပါစည်းကမ်းနှင့် မကိုက်ညီပါ။ တိုင်းပြည်၏ GDP ကျဆင်းစေပါသည်။ သို့သော်လဲ မိမိပိုက်ဆံရပြီးဖြစ်၍ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ YIG မှ လက်ညှိုးထိုးသမျှ အကုန်ငှား ရမ်း၍ ကိုယ်ကျိုးရှာနေ ပါသည်။
ဥပမာ(၂) (၉)မိုင် အမှတ်(၁) လယ်ယာသုံးစက်ကိရိယာစက်ရုံ သည်လည်း (၁ဝ-၃-၁၉၅၆)နှစ်တွင် သခင်ကျော်ထွန်းမှ အုတ်မြစ်ချပြီး မြန်မာ့စက်မှုလယ်ယာကဏ္ဍကို အစဉ်အလာဖြင့် အကျိုးပြုခဲ့သော စက်ရုံဖြစ်ပါသည်။ အမျှော်အမြင်ကြီးသောနိုင်ငံခေါင်းဆောင်များဝန်ကြီးများ အစဉ်အဆက်ပြုစုပျိုးထောင်ခဲ့ သောစက်ရုံဖြစ်ပါသည်။
ယခုလဲ နှစ်စဉ် လယ်ယာသုံးလက်တွန်းထွန်စက်များ ၂ဝဝဝ ကျော် လုပ်ပြီး အမြတ်ရအကျိုး ဖြစ်ထွန်းနေသော စက်ရုံဖြစ်ပါသည်။ အဆင်ခြင်မဲ့သော ဦးမြင့်လှိုင်သည် YIG ကုမ္ပဏီမှ လိုချင်နေသဖြင့် စက်ရုံအရှုံးပေါ်နေပါသည်ဟု စာရင်းလိမ်ပြကာ ခိုင်းနွားအား သားသတ်သမားသို့ လက်လွှဲပေးနိုင်ရန် အသည်းအသန် ကြိုးစား နေပါသည်။
Young Investment Group Industry Co.,Ltd (YIG) အား သည် (၉) မိုင် လယ်ယာသုံးစက်ကိရိယာ စက်ရုံ(၁)ကို လိုချင်သည်မှာ လယ်ယာသုံးစက် ထုတ်လုပ်ရန်မဟုတ်ဘဲ နေရာကောင်းသဖြင့် ဟိုတယ်ဆောက်ရန် (သို့) လက်လွှဲရောင်းချရန်ဖြစ်ပါသည်။
YIG သည် လယ်ယာသုံး စက်ကိရိယာထုပ်လုပ်မှုအတွေ့အကြုံမရှိပါ။ မြန်မာများ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုရပ်တန့်သွားစေရန်နှင့် နေရာကို ဦး၍ ရောင်းစားရန်သာ ဖြစ်ပါသည်။ စာချုပ်ပါ စည်းကမ်းလိုက်နာမှု ရှိမရှိကို စောင့်ကြည့်ပါ။
ဥပမာ(၃) မကွေး(ပွင့်ဖြူ)ဝါစက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
ဥပမာ(၄) သင်္ဃန်းကျွန်းဆီသန့်စက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
လုပ်ငန်းမတူသော အတတ်ပညာခြင်းမတူသောဈေးကွက်ခြင်းမတူသော စက်ရုံများကို ကုမ္ပဏီ တစ်ခုတည်းမှ ငှားရမ်း နေခြင်းသည် မရိုးသားပါ။ နောက်ကွယ်တွင် ရည်ရွယ်ချက်ကြီးကြီးတစ်ခု ရှိနေပါသည်။ ၎င်းရည်ရွယ်ချက်ကို မမြင်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက် မိမိမပြုတ်ခင် အားလုံးလုပ်သွားမည်ဟု ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မျက်နှာ ပြည်သူမျက်နှာ ဝန်ထမ်းများမျက်နှာကို မကြည့်ဘဲ ထင်ရာစိုင်းနေသော ဦးမြင့်လှိုင်သည် ဝန်ကြီးနေရာနှင့်မတန်ဘဲ နွားပွဲစားသာ လုပ်သင့်ပါသည်။
စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်း မိမိလက်အောက်ရှိ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ အတင်းအဓမ္မ အရှုံးပေါ် နေသည်ဟု စာရင်းလိမ်ပြခိုင်းကာ မိမိနှင့်ဆက်နွယ်နေသော ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။ ငှားရမ်းပြီးသော စက်ရုံများကိုလည်း စာချုပ်ပါစည်းကမ့်း လိုက်နာခြင်း ရှိမရှိ မစစ်ဆေးဘဲ ၎င်းင်းကုမ္ပဏီအား မည်သို့အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ တစ်ရုံပြီးနောက်တစ်ရုံဆက်တိုက် ငှားရမ်းရောင်းချလျှက် ရှိပါသည်။
ခုချိန်မှာတော့ ခင်ဗျားပြောတဲ့နွားပွဲစားလည်း ပြုတ်သွားပြီး ၊ ဆက်လုပ်ရမှာက နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းပြီး သူတို့နိုင်ငံကတင်သွင်းမဲ့ပစ္စည်းတွေ ရောင်းတာမျိုးကတော့ နိုင်ငံအတွက်အလွန်ထိခိုက်တဲ့ အတွက် လုံးဝလက်ခံနိုင်စရာမရှိ ပါဘူး၊ ကျွန်တော်လည်း တတ်နိုင်သမျှကာကွယ်ပါမယ်၊ YIG နဲ့ ချုပ်ထားတဲ့စာချုပ်တွေကို ပွင့်လင်းမြင်သာပေါ်ထွက်လာဖို့ ဦးစွာဆောင်ရွက်ကြရပါမယ်၊ သိသူများ ဖော်ထုတ်ပေးကြပါဦး၊ ပြီးရင် ပြန်သိမ်းခြင်း၊ ဒါမှမဟုတ် အလုပ်လုပ်စေခြင်း၊ ဒါမှမဟုတ် လျော်ကြေးပေးစေခြင်း တစ်ခုခုတော့ဖြစ်အောင်လုပ်ရမယ်၊ သိသူအားလုံး ညီညွတ်စွာ ဆောင်ရွက်ကြပါစို့။
ဧရာဝတီသတင်းဌာနနဲ့ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စု ၀န်ကြီးတဦးကတော့ သူ့အနေနဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဦးစိုးသိန်းနဲ့ တိုင်ပင်လေ့ရှိပြီး အမှားအယွင်းမရှိစေဖို့ သတိထား လုပ်ဆောင်နေရကြောင်း ပြောပါတယ်။
“ကျနော်ကတော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်တယ်။ အဘ နာယကကြီးကလည်း သမ္မတကြီးက မှာထားတယ်၊ မင်းတို့ ကောင်းအောင်လုပ်ကြ။ မှားရင်တော့ မှားတဲ့သူခံရမယ်ဆိုပြီး ကျနော့်ကို အမြဲသတိပေးပါတယ်” လို့ အဲဒီဝန်ကြီးက ဆိုပါတယ်။
အလိုလဲ ဆိုတော့ပေါ.လေ———————————–
ဒါကိုကြည့်ရင် ပြည်ထောင်စု ၀န်ကြီးတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဆင်ပြေဖို့တင်မက သမ္မတရုံး ၀န်ကြီးတွေနဲ့ပါ အဆင်ပြေဖို့ပါ လုပ်ဆောင်နေရတယ်ဆိုတာ ထင်ရှားပါတယ်။
စာရေးသူရေမြန်မာပြည်ထုတ်လက်တွန်းထွန်စက်ကတော့သုံးမကောင်းသလိုထားမကောင်းရောင်းမစွံတွေပါနော.၀န်ကြီးနဲ့စာရေးသူရဲ့ဆက်စပ်ချက်ကိုမသိပေမယ့်စက်ရုံတွေကစွမ်းအားပြည့်လည်ပတ်နေတယ်ဆိုတာကိုလက်မခံပါရစေနဲ့။စာချုပ်ပါမပါစည်းကမ်းချက်များကိုသာမာန်ပြည်သူတွေမသိပေမယ့်စာရေးသူကသိနေတော့တော်ရုံတန်ရုံအငြိမ်းစားတော့
ဟုတ်ဟန်မတူပါ.။ကိုယ်ရေးပြသ၁နာတွေကြောင့်တော့မဟုတ်ပါဘူးလို့ကိုယ့်လိပ်ပြာကိုယ်သန့်ရင်တရားဝန်ထုတ်ဖော်သင့်ပါတယ်.
ဲကြားဖူးလား. ပန်းပန်လျက်ပဲ. လေ. အရင် တခါ တုန်းက Hot News JOURANAL တွေမှာ ပါပေမဲ့အေးဆေးပဲလေ.
IRRAWADY BLOG အရ ဆိုရင်တော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်လို့ နေမယ်လေ. ခုလဲ လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦးဖြစ်သူ စာရေးသူကို ဖားတုလို့ ခ၇ုခုန် လို့ ပြောကြလိမ့်မယ်.မောတာပဲ၇ှိလိမ့်မယ်.
သူက ရှေ့ကနှစ်ဦး ထက် POWER ကြီးတယ်