သတင်းပဒေသာ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်း ကောက်ယူရမည့် သူများကို ထုတ်ပြန်

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်း ကောက်ယူရမည့် သူများကို ထုတ်ပြန်

(Weekly Eleven, ခေတ်လူငယ်)  သတင်းကောက်နုတ်ချက်၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၃       

 ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်းကောက်ယူရမည့် သူများကို ဇန်နဝါရီလ ၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။ 

      အဆိုပါကြေညာချက်တွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂ဝ၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့်သန်းခေါင်ယံ)တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရှိသူ။ နေထိုင်သူများ၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူ များနှင့် နိုင်ငံခြားသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများ အပါအဝင် နိုင်ငံခြားတွင် နေထိုင် လျက်ရှိသော မြန်မာနိုင်ငံသားများကို ထည့်ကောက်ရမည့်သူများဟု သတ်မှတ်ထားသည်ဟု သိရှိရပါသည်။ 

       အဆိုပါ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အထောက်အကူဖြစ်စေရန် ၂ဝ၁၃ ခုနှစ်တွင် မြို့နယ် ၂ဝ ၌ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts