စာအုပ်စင် တင်မိုး

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အမှတ်တရစာအုပ် ထွက်မည်

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အမှတ်တရစာအုပ် ထွက်မည်

မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၃

လာမယ့် ဇန်န၀ါရီ ၂၂၊ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာပြည်က ပဉ္စရူပစာအုပ်တိုက်က ဆောင်းပါးပေါင်းစုံစာအုပ် ထုတ်ပါမယ်။ ဇန်န၀ါရီ ၂၁ မှာ ပြည်တွင်းက စာအုပ်ဆိုင်များကို ဖြန့်ချိမယ်လို့ သိရပါတယ်။ စာရေးဆရာပေါင်းစုံက ဆရာကြီးအကြောင်း အမှတ်တရရေးသားထားတာတွေကို စုစည်းထားပြီး ဓာတ်ပုံမှတ်တမ်းများစွာလည်း ပါဝင်ပါတယ်။ ငွေကြေးအကျိုးအမြတ်အတွက် ထုတ်တာမဟုတ်ဘဲ စာအုပ်က ရောင်းရငွေအကျိုးအမြတ်တွေအားလုံးကို နိုင်ငံရေးအကျဉ်းသားများ နဲ့ မိသားစုများ စောင့်ရှောက်မှု ပြုလုပ်နေတဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့ သိရပါတယ်။

ဒီသတင်းရေးနေချိန်မှာ စာအုပ်ခေါင်းစဉ်နှင့် မျက်နှာဖုံးကို အချက်အလက် မရရှိသေးလို့ ထည့်သွင်းခြင်း မပြုနိုင်ပါ။ အခု ဖော်ပြထားတဲ့ သရုပ်ဖော်က မိုးမခထုတ်ဝေခဲ့တဲ့ ဆရာဦးတင်မိုးရဲ့ မြန်မာကဗျာမိတ်ဆက် အီးဘုတ်အဖုံးသာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အမှတ်တရစာအုပ် ထွက်မည်
  1. သူများတွေ ဆရာတင်မိုးအကြောင်း စာတွေရေးကြ စာအုပ်ထုပ်ကြနဲ့ အားရစရာဘဲ။ ကျနော်လို စပယ်ရာ ကလေးကလည်း တချိန်က ဆရာတင်မိုးအကြောင်း မိုးမခ မှတ်ချက်မှာတင်ပြဘူးပါတယ်၊ အဲဒီ့အကြောင်းထပ်ဖေါ်ပြရရင် အောက်ပါအတိုင်း ပါဘဲ – – –
    မောင်ပျာလောင် on July 23, 2012 at 11:10 am
    ကျနော်တို့ လှည်းတန်းဈေးရှေ့ က လက်ဘက်ရည်ဆိုင်စကားဝိုင်းကို တခါတရံ ဆရာတင်မိုး ရောက်လာတပ်ပြီး သူပြောတဲ့ စကားစုတွေကို အားလုံးကမှတ်ထားကြ ပြန်ပြောကြနဲ့ အမြဲစည်ကားလျှက်ရှိပါတယ်။ ဟေ့ မောင်ပျာလောင် ဆရာရေးတဲ့ ကဗျာတွေ မင်းဖတ်ဖူးသလာလို့ ဆရာတင်မိုး ထောင်ကထွက်လာကာစ လက်ဘက်ရည်ဆိုင်ထဲမှာ ကျနော့ကိုမေးဘူးပါတယ်။ မဆိုင်းမတွဘဲ ကျနော် -ဆေးလိပ်လည်းတို နေလည်းညိုပြီ- ကဗျာကိုရွတ်ပြလိုက်ပါတယ်။
    ဟေ့ – ဟေ့ တော်ပြီ တော်ပြီ ဆက်မရွတ်နဲ့ ၊ ဒီကဗျာကြောင့် ငါထောင်ကျသွားတာ ပြီးခဲ့တဲ့အပတ်ကမှ ပြန်လွတ်လာတာ၊ ငါ့ကိုပြန်မပို့ ပါနဲကွာလို့ ပြောတာကို ၀ိုင်းတော်သားမျာကြားပြီး အတင်းမေးတာကြောင့်၊ အသံအုပ်အုပ်ခလေးနဲ့ ဆရာ
    ဖြေကြား တာကတော့။ ကောလိပ်ဂျင်နေ၀င်း ဆုံးပြီး သူ့ အမျိုးတွေက သူကြိုက်တဲ့ ဒီကဗျာကလေးကို သူ့ ဂူမှာရေးခွင့်တောင်းပြီး၊ ပုံ နေ၀င်း ဆိုပြီး အောက်ဆုံးမှာ ကဗျည်းတပ်ထားတာကြောင့်၊ ဦးနေ၀င်း (မဆလ မယားပြိုင် ဥက္ကဌကြီး) ကသူ့ ကို စောင်းရေးပါတယ်ဆိုပြီး ထောင်ချတာပါဘဲတဲ့။ စစ်ဒနီမြို့ ဟောပြောပွဲမှာလည်း အဲဒီ့အကြောင်း ပြောသွားဘူးတယ်လို့  ကျနော့အပေါင်းအသင်းများကပြောဘူးပါတယ်။ အော် ဦးနေ၀င်း ရယ် ဆရာတင်မိုးကိုထောင်ချလိုက်တော့ကော ဒီကဗျာက ကွယ်ပျောက်သွားတာမှမဟုတ်ဘဲ၊ ဦးနေ၀င်းကော ဆရာတင်မိုးကော ကွယ်လွန်ခဲ့ပါပြီ၊ ဒါပေမဲ့ ” ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုပြန်ပို့ ကြပါလေ ” ကဗျာကတော့ ကျန်ခဲ့ပါပြီ နောင်လာမဲ့ အာဏာရှင် ပေါက်စတွေ သတိထားပါဗျာ။

  2. http://youtu.be/axy_9eaYOAs = The late Saya U Tin Moe sings (had sung) by heart (အလွတ်ဆို) original Ka chay thai (female dancer) song for Aung K o (Beyond Rangoon) at his place some years ago. I miss you a lot Saya. May you attain Sugati (happy abodes)! With thoughts of Peace and friendship, Aung Ko (Beyond Rangoon) [ဤနေရာကိုနှိပ်လိုက်ပါ အန်ကယ်ကြီး ။ Many thanks, merci beaucoup MgNyiNyi, France].

Comments are closed.