သတင်းပဒေသာ

Coral Arakan News ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာဖြုတ်ချခြင်း ခံရ

Coral Arakan News ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာဖြုတ်ချခြင်း ခံရ

ဟန်မောင်သိန်း၊  Coral Arakan Newsစစ်တွေ ၊ ၁၁ ဇွန်န၀ါရီ ၂၀၁၃

ပြည်တွင်းအခြေစိုက် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Coral Arakan News ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ၂၀၁၂-ခုနှစ် ဇွန်န၀ါရီလ (၁၀) ရက်နေ့ ညနေ ဆယ်နာရီ ငါးဆယ် (23:50) မှ စ၍ ရှာမရတော့ဘဲ ပျောက်ကွယ် သွားသည်။ Coral Arakan အပြင် အခြားရခိုင်သတင်းစာမျက်နှာ တစ်ခု ဖြစ်သည့် RSV ကိုလည်း ဖွင့်မရ တော့ပေ။

http://www.facebook.com/pages/Coral-Arakan-News-Agency/ လင့်ခ် တွင် တည်ရှိခဲ့သည့် Coral Arakan သတင်းဌာနကို ဇွန်လ ဘင်္ဂါလီဆူပူမှုနောက်ပိုင်း လိုအပ်ချက်တစ်ခုအဖြစ် ပြည်တွင်းအခြေစိုက် တက်ကြွလှုပ်ရှားသူ အချို့က ပူးပေါင်းတည်ထောင်ရေးသားခဲ့ကြသည်။

၂၀၁၂-ခုနှစ် သြဂုတ်လ ခြောက်ရက်နေ့တွင် Coral Arakan ကို စတင်တည်ထောင်ပြီး နောက်နှစ်လခန့် အကြာတွင် ၄င်း၏ ၀က်ဘ်ဆိုက်www.coralarakan.com ကို စတင်ပူးတွဲရေးသားကြသည်။

ပရိတ်သတ် လေးထောင်ကျော်ရှိနေခဲ့ပြီဖြစ်သော Coral Arakan ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ရခိုင်သတင်းများ၊ သတင်းဝေဖန်ချက်များ၊ AA ၊ ALP ၊ ALD အစရှိသည့် ရခိုင့်နိုင်ငံရေးအဖွဲ့အစည်းများ နှင့် အင်တာဗျူးများ ၊ တူးဆွစုံစမ်းရရှိသည့် သတင်းများကို ရခိုင်ပရိတ်သတ်များအတွက် ရေးသားတင်ပြခဲ့သည်။

(Coral Arakan အတွက် ဟန်မောင်သိန်း ရေးသားသည်။)

(MoeMaKa remarks – http://www.facebook.com/pages/Coral-Arakan-News/536963452989900?fref=ts ကိုရယ်အာရကန်၏ နောက်စာမျက်အသစ်) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts