မိုးမခကို ပေးတဲ့စာ

ဟင်္သာတ NLD မြို့နယ်ညီလာခံအတွက် ပြည်သူအချို့က နံမယ်စာရင်းတင်သွင်း

ဟင်္သာတ NLD မြို့နယ်ညီလာခံအတွက် ပြည်သူအချို့က နံမယ်စာရင်းတင်သွင်း

ဟင်္သာတသူများအဖွဲ့၊ ဘက်မလိုက်နိုင်ငံ ရေးလှုပ်ရှားသူများ၊ ဧရာဝတီတိုင်း

ဇန်န၀ါရီ ၉ ၊ ၂၀၁၃

ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် (၂၁) ဦးကို မကြာမီ ရက်ပိုင်းအတွင်း ရွေးချယ်တင်မြှေက်ရန်ရှိပါသည်။ထိုသို့ရွေးချယ်ရာတွင် ရပ်ကျေးညီလာခံ ကိုယ်စားလှယ်(၄၀၀)ခန့်မှ  ရွေးချယ်တင်မြှေက်ကြရန်ဖြစ်ပါတယ်။ မဲစနစ်နဲ့လည်း မိမိတို့ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်များကို  ရွေးချယ်ရန်ဖြစ်ပါတယ် ရှင့်….။

ဒီမိုကရေစီနည်းကျကျ အောက်ခြေမှစပြီး ရွေးချယ် တင်မြှောက်ရာတွင်လူကောင်းလူတော်များ ကိုရွေးချယ်ရန်မှာ မြို့နယ်ညီလာခံသည် အထူးအချက်အချာကျပြီး အရေးကြီးဆုံး ပါတီအတွင်း ခိုင်မာတောင့်တင်းမှ သတ်မှတ်နိုင်ပါမည်။

     လူကောင်းဟု ဆိုရာတွင် …

(၁) အကျင့်စာရိတ္တကောင်းမွန်ခြင်း

(၂) မိမိကိုယ်ကျိုးကို မငဲ့ ကွက်သူ

(၃) အမှားအမှန် ခွဲခြားစိတ်ဖြာနိုင်သူ

(၄) အမှန်ကို ဆောင်ပြီး အမှားကိုရှောင်နိုင်သူ

(၅) အများအကျိုးကို ဦးစားပေးဆောင်ရွက်သူဖြစ်သင့် ပါတယ်။

            လူတော်ဟု ဆိုရာတွင်

(၁) သူတပါးကို ဝေဖန်ခြင်းထက် မိမိကိုယ်ကိုမိမိဝေဖန်သုံးသပ်သူ

(၂) ဒီမိုကရေစီစနစ်ကို အကြွင်း မဲ့ ယုံကြည်သူ

(၃) နိုင်ငံရေး အစဉ်အလာကောင်းသူ

(၄) အသင်းအဖွဲ့အစည်းအရုံးများကို ဦးဆောင်နိုင်သူ

(၅) မတရားသည့် ဥပဒေအမိန့်အာဏာများကို တာဝန်အရ ဆန့်ကျင်သူ

(၆) ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကို ရိုသေလေးစားလိုက်နာသူ

(၇) ရဲဘော်ရဲဘက် စိတ်ဓါတ် အပြည့်ရှိသူ

(၈) ပြည်ထောင်စုစိတ်ဓါတ် အပြည့်ရှိသူများဖြစ်သင့်ပါတယ်

ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု့ဆောင်များရွေးချယ်ရာတွင် အောင်မြင်စွာ ရွေးချယ်တင်မြှေက် နိုင်ရန်နှင့် လူကောင်းလူတော်များ ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ကျွန်မတို့ လက်လှမ်းမှီသမျှ အောက်ပါပုဂ္ဂိုလ် (၁၁) ဦးကို ၄င်းတို့၏ ကိုယ်ရေးရာဇ၀င်များကို သေချာသုံးသပ်ပြီး (၁) မြို့မိမြို့ဖ (၂) ၀ါရင့် နိုင်ငံရေးသမားများ (၃) ကျောင်းသားသမဂ္ဂ လူငယ်ခေါင်းဆောင်များ (၄)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် လူကြီးလူငယ်များ (၅) လူမှုရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တိုင်ပင်ပြီး၊ ၄င်းတို့၏ သဘော ထားနဲ့ ဆန္ဒများကို တောင်းခံကာ ပမာဏရွေးချယ်ခဲ့ပါတယ်။၏

ထိုသို့ ရွေးချယ်ရာတွင် ရာနှုန်းပြည့် သဘောဆန္ဒ တူညီခြင်း မရှိကြပါ။ သဘောထားအမျိုးမျိုး ရှိသည့်အနက် အများစုဆန္ဒ သဘောထားကို မူတည်ပြီး စာရင်ပြုစု ထားသော်လည်း မဖြစ်မနေ ရွေးချယ်သင့်သည့် သဘောထားဆန္ဒ မရှိပါ။ ရွေးချယ်ရန်တာဝန်မှာ မြို့နယ်ညီလာ ခံကိုယ်စားလှယ်များသာ ဖြစ်ပါတယ်ရှင့်။   ၄င်းတို့ရွေးချယ်ပြီးပါကလည်း ကျန်တဲ့သူအနေဖြင့် မည်သို့မျှ ကန့်ကွက်မည်မဟုတ်ပါ။ အများဆန္ဒ ကို လေးစားလိုက်နာရမည်သာ ဖြစ်ပါတယ်။

၎င်းတို့အမည်စာရင်းများကို အက္ခရာစဉ်လိုက် ဖော်ပြလိုက်ပါတယ် ရှင့်။

(၁) ဦးကျော်ဝင်း (နိဗ္ဗာန်)

(၂) ဦးခင်မောင်ရီ (အေးမြသာယာ)

(၃) ဦးစောဝင်း (တာငါးဆယ်တောင်)

(၄) ဒေါ်ဆွေဆွေနွယ်(မြ၀တီ)

(၅) နော်ဆေးဖေါ (ဓမ္ဘီ)

(၆) မနီလာ (ရွှေသိန်းမင်းပွဲရုံ)

(၇) ဦးမျိုးမြင့် (ဆကာရပ်)

(၈) ဦးလှမြင့်(တာငါးဆယ်တောင်)

(၉) ဦးလှိုင်မြင့်ထွန်း(ဥယျာဉ်မြောက်)    

(၁၀) ဦးသာအေး (ပန်းဘဲတန်း)

(၁၁) ဦးအောင်ဟိန်း (တာကလေး) ရပ်ကွက်တို့ဖြစ်ပါတယ်၊

၎င်းတို့၏ ကိုယ်ရေးရာဇ၀င် အချက်အလက်များကိုလည်း အခါအားလျော်စွာ ဆက်လက် တင်ပြသွားပါမည်။ ကျန်(၁၁)ဦးကိုလည်း ဆက်လက်ဖေါ်ပြပေးပါမည်။ ကျွန်မတို့ လက်လှမ်းမမီသည့် ဒေသများ ကျန်ရှိနေပါသေးတယ်။ ပြည်စုံမှု မရှိသည်ကို သည်းခံနားလည် ခွင့်လွှတ်ပေးပါရန် ကျွန်မတို့ က မေတ္တာရပ်ခံအပ်ပါတယ်။ ရွေးချယ်တင်မြှောက် အဖွဲ့တွင် မိမိဆန္ဒရှိသူ ကိုအဆိုပြုရာတွင် အဆိုပြုရသည့်အကြောင်းရင်းနှင့် မိမိအဆိုပြုသူ၏ ကိုယ်ရေးရာဇ၀င်ကို တက်ရောက်သူများ သိရှိစေရန် တင်ပြပါက အကောင်းဆုံးဖြစ်နိုင်ကြောင်းကို တင်ပြအပ်ပါတယ် ရှင့်။

ကျွန်မတို့နည်းသူ အကြံပြုချင်သူများကို လည်းဖိတ်ခေါ်ပါတယ်ရှင့်။

(Photo – NLD office Hinthada opening Jan 2012)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts