ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ဘယ်အစိုးရတက်တက် မသာပဲချနေမည့်ကျော်သူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၅၊ ၂၀၁၃

၃.၁.၂၀၁၃ နေ့တွင် ဓမ္မစေတီ ဆရာတော် ဦးကောသလ၏ (၅၁)နှစ်မြောက် မွေးနေ့နှင့် (၆၅) နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြု သောအားဖြင့် ဘာသာ၊ သာသနာ၊ စာပေ၊ ဂီတ အနုပညာဆိုင်ရာ စာပေဟောပြောပွဲအား ဓမ္မစေတီ ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ဥက္ကဌ ဦးကျော်သူမှ ဆရာတော်ကို ကတိပေးထားသည့်အတိုင်း နေမကောင်း သည့်ကြားမှ တက်ရောက် ဟောပြောခဲ့သည်။ အသင်း၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုပုံရိပ်များအား Projector Slide Show ဖြင့်ရှင်းလင်းပြသခဲ့ကာ ကချင်စစ်ဘေး၊ ရခိုင်လူမျိုးရေး ပဋိပက္ခ၊ မြစ်ဆုံကိစ္စ၊ လက်ပံတောင်တောင် ကိစ္စများတွင် သွားရောက်ကူညီမှုများကိုပါ ပြောကြားခဲ့သည်။ ဦးကျော်သူမှ မိမိတို့အသင်းသည် ပါတီ နိုင်ငံရေး လုပ်နေခြင်းမဟုတ်ပဲ လူထုအကျိုးပြုလုပ်ငန်း သက်သက်သာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ချို့တဲ့မှုသည် လက်ရှိ အုပ်ချုပ်နေသော အစိုးရ၏ အားနည်းချက်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးကျော်သူသည် (၅.၁.၂၀၁၃) တွင်လည်း မန္တလေး၊ ရွှေဘို၊ ကျောက်ဆည်၊ တောင်ကြီး၊ အင်းလေး စသော ဒေသများသို့သွားရောက်ကာ နယ်ခံပရဟိတ သမားများ၏ ဖိတ်ကြားမှုကြောင့် သွားရောက်ကာ အယူသီးမှုတိုက်ဖျက်ရေး ဟောပြောပွဲများအား သွားရောက် ဟောပြောဦး မည်ဖြစ်ပြီး အယူသီးမှုများ ရဲရဲဝံ့ဝံ့ တိုက်ဖျက်ခဲ့သည်။ ထို့ကြောင့် ဆရာ ညီမင်းညို ရေးသားထားသော နိုင်ငံရေး စကားတခွန်းမှ မပြောပဲ နိုင်ငံ့အရေး လုပ်တာ ပရဟိတ ပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မည်သည့်အစိုးရပဲ တက်တက် ကျော်သူ မသာချနေမည်ဖြစ်ကြောင်း ပြောကြားကာ ဟောပြောပွဲ အစီအစဉ်အား အဆုံးသတ် ပြီးချိန်တွင် ဆရာတော်မှ လက်ဆောင် ပစ္စည်းများအား ပေးအပ်ကာ ဟောပြောပွဲ အစီအစဉ်အား အဆုံးသတ်ခဲ့သည်။
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

11 thoughts on “ဘယ်အစိုးရတက်တက် မသာပဲချနေမည့်ကျော်သူ
  1. အင်မတန်လေးစားအပ်သောခံယူချက်၊စိတ်ထားတစ်ရပ်ပါဘဲ…ကိုကျော်သူ ။နိုင်ငံရေးစကားတစ်ခွန်းမျှမပြောဘဲ..ပရဟိတသက်သက်သာပြုလုပ်တဲ့အဖွဲ့အစည်းမို့…သာဓုခေါ်ဆိုချီးမွှမ်းဂုဏ်ပြုအပ်ပါသည်။နိုင်ငံတော်မှချီးမြှင့်နေသောဘွဲ့ထူး ၊ ဂုဏ်ထူးဆုများပေးအပ်ရာတွင်..လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ခြင်းဆီကိုပေးအပ်နေတာအပြင်ယခုလိုနိုင်ငံရေးအသွေးအ
    ရောင်မပါဝင် ၊ လူမျိုး ၊ ဘာသာ ၊ အဆင့်အတန်းမခွဲခြား ၊ အစိုးရကိုသော်လည်း၎င်း ၊ အစိုးရကိုအတိုက်အခံပြုအဖွဲ့အစည်းကိုသော်လည်းကောင်းဘက်မလိုက်ဖေါ်လံမဖါးဘဲဆောင်ရွက်ပေးနေသောသင်းပင်ြးးး

  2. သင်းပင်းအဖွဲ့အစည်းဖြစ်တာမို့နိုဘယ်ဆုချီးမြှင့်ရွေးချယ်ရေးကော်မတီကဲ့သို့လူမှု့ရေးလုပ်ငန်းများကိုထူးချွန်ပြောင်
    မြောက်စွာလုပ်ဆောင်နိုင်သောအသင်း ၊ အဖွဲ့အစည်းများကိုပါဘွဲ့ထူး၊ဂုဏ်ထူးဆုများချီးမြှင့်ပေးအပ်သင့်လှပါသည်။

  3. ဦးကျော်သူ၏ လုပ်ရပ်များကို ထောက်ခံပါသည်
    နိုဘယ်ဆုလိုချင်၍လုပ်နေခြင်းမဟုတ်ကြောင်းလည်းသိပါသည်။
    လူသားတစ်ဦးမွေးဖွားလာခြင်းမှ သေဆုံးချိန်အထိမှာ
    လူတစ်ယောက်ခြင်းရဲ့ မွေးစမှ မသေဆုံးခင်အချိန်အထိ တာဝန်မယူနိုင်
    ပေမယ့် လူသားတစ်ယောက်၏ သေဆုံး၏လက်ကျန်ကိစ္စတစ်ခုဖြစ်တဲ့
    နာရေးအသုဘကိစ္စမှာတော့ သူတတ်နိုင်တဲ့ဘက်က ကျန်ရစ်သူများ
    မပြည့်စုံမှုများကို ဖြည့်စည်းပေးတဲ့အတွက် ဦးကျော်သူကို
    လေးစားပါတယ်။ ကျေးဇူးလည်းတင်ရှိပါတယ်။
    သင်တို့လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သေကြရမှာပါ
    အဲဒီလို သေကြတဲ့အခါ ဘယ်လိုနည်းလမ်းနဲ့ သေရမယ်ဆိုတာ
    ဘယ်သူမှမသိနိုင်ပါဘူး
    ကျန်းမာရေးလိုက်စားလို့ ကျန်းမာနေတဲ့သူတစ်ယောက်ဟာလည်း
    မနက်ခင်းလမ်းလျှောက်ထွက်ရင်း ကားတိုက်ခံရပြီးသေနိုင်သလို
    ချမ်းသာပါတယ်ဆိုတဲ့သူဌေးလည်း ကားမှောက်ပြီးသေနိုင်ပါတယ်
    သွားရင်လာရင်းသေဆုံးတဲ့သူပဲဖြစ်ဖြစ်၊ ဖျားနာပြီးသေဆုံးတဲ့သူပဲ
    ဖြစ်ဖြစ် အားလုံးအကူအညီလိုအပ်ရင် ဦးကျော်သူကိုသာ
    ဆက်သွယ်လိုက်ပါ။
    ဖုန်းနံပါတ်တော့မသိဘူးနော်

  4. နာရေးနဲ့ပတ်သက်ပြီးလူတိုင်းတာဝန်ယူနိုင်တဲ့အလုပ် မဟုတ်တာကို တာဝန်သိစိတ်နဲ့တာဝန်ယူနေတာ လေးစားမိပါတယ် အရှည်တည်တံ့ပါစေလို့ ဆန္ဒပြုပါတယ်

  5. Why people are so crazy about Nobel Prize? U Kay Thu don’t care about all these awards and prizes. He care about our people who are in needs. If God see what he is doing is ethical, humane, caring, that’s all he need. I am proud of you U Kyaw Thu. God bless you and all those who are with you doing this fantastic charity work.

    1. You are 100% right. What we have to understand is western nations give the price whoever they think they can work with. In other words, noone who tried to against them will not receive such reward. I am not insulting whoever receive nobel price but what i am saying is not 100% is really worth it.

  6. သုဘ=တင့်တယ်ခြင်း၊ ရာဇာ= မင်း မင်းတကာတို့တွင်အတင့်တယ်ဆုံးမင်းဟု ဆိုပါက ဦးကျော်သူသာလျှင်— လူတစ်သောင်းမှာတစ်ယောက်မလုပ်ဝံ့သည့်အလုပ်ကို ——-တွေဝေယုံမှားမှုမရှိဘဲ ကျေနပ်စွာပေးဆပ်သူပေတကား။ နတ်လူသာဓုခေါ်သည့် မွန်မြတ်သည့်အလုပ်နှင့်လူသားတစ်ဦးဟုဆိုလျှင်မမှားနိုင်ပါ။

  7. ပရဟိတ်လုပ်ငန်းတွေ လုပ်တဲ့သူအားလုံးကို လေးစာပါတယ် … နိုင်ငံရေးလိုလို ဘာလိုလို နဲ့ အာဏာရဖို့အတွက် ပရဟိတကို အကြောင်းပြတဲ့သူကိုတော့ မုန်းတယ်ဗျာ

Comments are closed.