ကဗ်ာ

က ေ လ ာ င် စ စ်

နိုင်ဦးညို (ဖိုးဇီးရိုး)
ဇန်န၀ါရီ ၃၊ ၂၀၁၂
ကလောင်ဆိုတာ
ချစရာလက်နက် မဟုတ်ဘူး၊

အမြဲထောင်နေတာ
ကလောင်စစ်၊

ကဗျာကလောင်သမား
စာကလောင်သမားဆိုတာ

နိုင်ငံရေးသက်သက်သမားလို
အာဏာရဖို့ခြံခုန်တတ်သူ မဟုတ်ဘူး၊

စီပွားရေးသက်သက်သမားလို
ဘနဖူးသိုက်တူးတတ်သူ မဟုတ်ဘူး၊

လက်နက်ကိုင်သက်သက်သမားလို
အရေးဆိုသွေးကြောင်တတ်သူ မဟုတ်ဘူး၊

ငွေချည်းသက်သက်
နေရာချည်းသက်သက်
စွဲမက်နေတာ မဟုတ်ဘူး၊

ငတ်လို့ သေရင်တောင်
ဒီကလောင်ကိုင်စွဲ
ရဲရဲသေသွားတတ်တာ
ဒါကလောင်စစ် ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကေ လာ င် စ စ်

Comments are closed.