Uncategorized

ဝတ်မှုန် – မှူးသမိန် (မဆလ လူကြီးတစ်ဦးရဲ့ စာအုပ်) – မိုးမခစာအုပ်အညွှန်း

မိုးမခ စာအုပ်အညွှန်း – မှူးသမိန် (မ.ဆ.လ လူကြီးတစ်ဦးရဲ့ စာအုပ်)
ဝတ်မှုန် 
နိုဝင်ဘာ ၉၊ ၂၀၁၃


ဒီအပါတ် မိုးမခစာမျက်နှာမှာ အောင်ဒင်ရေးတဲ့ မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၂) – AUng Din မှ အမေရိကန်လွှတ်တော်မှာ မိမိအကျိုးစီးပွားကာကွယ်ရေး လုပ်ရပ်အချို့ကို မြန်မာနိုင်ငံက လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းရှင်များရဲ့ ဖြစ်ပျက်နေပုံနဲ့ ရေးသားထားပါတယ်။ ဒီအကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ တာဝန်အရှိဆုံးက ပြည်ထောင်စုလွှတ်တော်ဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကနေ အကျိုးစီးပွါးပဋ္ဋိပက္ခများကို ကာကွယ်တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဥပဒေများကို လေးလေး နက်နက်ရေးဆွဲပြဋ္ဌန်းဖို့ လိုအပ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့လိုအပ်ပါတယ်၊ အစိုးရ နဲ့ တရားစီရင်ရေး အဖွဲ့အစည်းများကို အကျိုးစီးပွါးပဋ္ဋိပက္ခကာကွယ်ရေးအတွက် ဝန်ထမ်းများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်း ကမ်းများကို ရေးဆွဲပြဋ္ဌန်းဖို့နဲ့ ဖောက်ဖျက်သူများကို ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားသင့်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ်များလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းတွေ ပြဋ္ဌန်းပြီး အကျိုးစီးပွါးပဋ္ဋိပက္ခတွေကို ကာကွယ်တားဆီး ဖို့လိုအပ်ပါတယ်…လို့ အဆုံးသပ်မှာရေးသားထားပါတယ်။ 
အလားတူ မြန်မာနိုင်ငံက အထင်ကရ ပုဂ္ဂလိကသတင်းစာများက ခြစားမှုတိုက်ဖျက်ရေး (လူကြီးပိုင်းများ မပါရေး) ရေးသားကြပါတယ်။ အထူးသဖြင့် Eleven Media နဲ့ The Voice နေ့စဉ်သတင်းစား၂စောင်ဟာ အဆက်မပျက် ခြစားမှုများကို ခေါင်းကြီးပိုင်း၊ သတင်း၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာ စသဖြင့် ရေးသားကြသော်လည်း နိုင်ငံပိုင်သတင်းစာများက ငြိမ်ချက်သားကောင်းနေပါတယ်။ မတူညီတဲ့ လားရာ၂ခုဟာ ခေတ်သစ်တစ်ခုကို အတူချီတက်နေပါတယ်။ 
သိပ်ကောင်းပါတယ်။ ကျေးဇူးပါပဲ ဦးအောင်ဒင် အမေရိကန်မှာ..ဒီလို..နှိုင်းယှဉ်တာမျိုးက အစိုးရလက်ခံပါတယ်။ စင်ကာပူမှဒီလို ဆိုတာတော့ လာမပြောနဲ့ လုပ်ချင်ပါတယ်။ နိုင်ငံက သေးငယ်လို့ပါ။ အင်္ဂလိပ်ခေတ်မြန်မာနိုင်ငံအခြေအနေကို နှိုင်းယှဉ်ရေးမဲ့ စာရေးဆရာကြီးတွေ မကွယ်လွန်ခင် အင်္ဂလိပ်ခေတ်မြန်မာနိုင်ငံနှင့် ဦးသိန်းစိန်ခေတ်မြန်မာနိုင်ငံ လာဘ်စားမှုအခြေအနေ ကို ရေးမဲ့ ရှေ့မီနောက်မီ လူကြီးများပေါ်လာဖို့ မျှော်လင့်ပါတယ်။ ဝိုင်းဝန်းထောက်ပံ့ပေးဖို့လဲ မျှော်လင့်ပါတယ်။ လူကြိုက်များတဲ့စာ ဖြစ်စရာမလိုပါ။ အုပ်ချုပ်သူလူနည်းစု နမူနာယူရမဲ့ မှတ်တမ်းစာပါ။ 
အင်္ဂလိပ်ခေတ်ကလည်း ကိုလိုနီအစိုးရ၊ကုမ္ပဏီများပဲ စီးပွားယူနေတာလို့ ပြောနိုင်ပေမဲ့၊ လာဘ်စားမှုကို အင်္ဂလိပ်အစိုးရက ဘယ်လိုနည်းပါးအောင်လုပ်ထားသလဲ ဆိုတာ၊ ရှေ့မီနောက်မီ ဆရာ၊ဆရာမများ  အင်္ဂလိပ်အစိုးရ-ဦးသိန်းစိန်အစိုးရ  လာဘ်စားမှုအခြေအနေများနှိုင်းယှဉ်ချက်ရေးမဲ့စာများ ပေါ်မလာခင်၊ မှုးသမိန်ရဲ့  ဘုံဘဝကြုံရဇတ်လမ်းများ စာအုပ်အခန်း(၁) ချစ်သောဧရာဝတီ (၁)ကို PDF scan လင့်ခ် တင်ပြလိုက်ပါတယ်။ မြန်မာပြည်မှာ ပြန်လည်ထုတ်ဝေခဲ့ပြီး ရန်ကုန်စာအုပ်ဆိုင်များမှာ ဝယ်နိုင်ပါတယ်။ မှာလိုသူများ ဖုန်း ၃၈၃၀၂၅  naneizar@myanmar.com.mm မှာမှာယူနိုင်ပါတယ်။ ၂၀၀၆မှာ နိုင်ငံရေးစာပေအဖြစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ၁၉၂၂ခု မွေးဖွားခဲ့သူ စစ်ကိုင်းမြို့မှ ကျောင်းသားရာပြည်အရေးခင်းများဖြင့် စတင်နိုင်ငံရေးလှုပ်ရှားခဲ့သူ၊ ဂျပန်ခေတ် ပထမဗိုလ်သင်တန်းတက်ခဲ့ပြီး၊ လမ်းစဉ်ပါတီခေတ် ဗဟိုနိုင်ငံရေးသတ္ကသိုလ်ကျောင်းအုပ်၊ စစ်တပ်မှအငြိမ်းစားယူပြီး မဟေသီမဂ္ဂဇင်းအယ်ဒီတာချုပ် စသည့်တာဝန်များစွာ လုပ်ဆောင်ခဲ့သူ၊ စာပေများစွာရေးသားခဲ့သူဖြစ်ပါတယ်။
အခွန်ဘယ်လိုကောက်သလဲဆိုတာ လက်ရှိအစိုးရခေါင်းဆောင်များရဲ့ အကြီးဆုံးပြသနာကြီးဖြစ်ပါတယ်။ မြန်မာပီပီ အားနာမှု၊ ပုဂ္ဂိုလ်ရေးကျေးဇူးသိတတ်လိုမှုများကြောင့် လာဘ်စားသူများကို အရေးမယူနိုင်ဖြစ်ရပါတယ်။ အာဏာပြိုင်သူများနဲ့လာဘ်စားသူများ ၂မျိုး အစိုးရသစ်ထဲမှာ ရှိပါတယ်။ အာဏာပြိုင်လို့ ချန်ရစ်ပစ်လိုက်ရသူများမှာ အထင်ရှားဆုံးအုပ်စုကတော့ ဗိုလ်ခင်ညွန် အုပ်စုပဲဖြစ်ပါတယ်။ ထိပ်ပိုင်းပဲ လွှတ်ပေးထားတော့ တပည့်များစွာ ထောင်နန်းစံနေဆဲဖြစ်ပါတယ်။ သူတို့ကို လွှတ်ပေးရင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ ပြသနာတက်မယ်လို့ အစိုးရသစ်က ယူဆပုံရပါတယ်။ သူတို့ခေတ်ကောင်းစဉ်က လာဘ်စားထားလို့ ရတဲ့ဥစ္စာပစ္စည်းတွေကို ပြန်သိမ်းပါလား ..အကြံပေးချင်ပါတယ်။ လာဘ်စားသူများထဲက အများကြီးကို ထောင်ချပစ်ဖို့မလိုကြောင်း၊ သမ္မတအကြံပေး Dr. ဦးမြင့်ရေးတဲ့ စာတန်းထဲကအတိုင်း နံပါတ်(၁) လုပ်သင့်တာကတော့ Fry a big fish ကိုလုပ်မဲ့အချိန်နီးလာပါပြီ။ တကမ္ဘာလုံးက အပုပ်နံ့နဲ့ သိနေတဲ့ လာဘ်စားမှုတရားခံ ဘိန်းဘုရင်ဟောင်းတစ်ဦးကို ဖမ်းဆီး၊ထောင်ချ၊ ဥစ္စာတွေသိမ်းပစ်နrိုင်မဲ့အချိန်ကို စောင့်နေပါတယ်။ မြန်မာပြည်ဟာ အမေရိကန်က အခွန်ကောက်ခြင်း GDP အမျိုးသားလုံးထုတ်ကုန်ရဲ့ ၄၀%ကျော် ကောက်နိုင်တဲ့အချိန်မှာ မြန်မာပြည်ဟာ ကမ္ဘာ့အနည်းဆုံးအခွန်ကောက်နိုင်ငံ 4% of GDP ဖြစ်နေတာလည်း မြန်မာနိုင်ငံခေါင်းဆောင်များသိပါတယ်။ မတာဆီးနိုင်ဖြစ်နေပါတယ်။ အခွန်ဘယ်လိုကောက်မလဲဆိုတာ ဥပမာရှင်းရှင်းရေးရရင် ဥပဒေလက်တစ်လုံးခြား သွင်း/ထုတ် ကြိုက်သလိုလုပ်နိုင်တဲ့ Asia World ကွန်တိန်နာဆိပ်ကမ်းက ခရိုနီများကို ဦးစွာ၊ အခွန်မကောက်နိုင်ရင် ရှေ့ဆက်တိုးလို့ရမှာမဟုတ်ပါ။ ခေါင်မိုးလုံမှ မိုးဒဏ် (လာဘ်စားမှုနည်းပါးရေး) အလယ်တန်း၊ အောက်တန်း အစိုးရအရာရှိကြီးများကို ကိုင်တွယ်နိုင်မယ်ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ခေတ်က မှုးသမိန်ရဲ့ အဖိုး၊ ဘယ်လို အခွန်ကောက်သလဲဆိုတာ ဖတ်ကြည့်ရန် Link ထည့်ပေးလိုက်ပါတယ်။ (တော်ကြာ အောက်ခြေလူတန်းစားကို ဖိကောက်နေမှ ပိုဆိုးမှာလဲစိုးရိမ်ရပါတယ်)။ 
Read & Download Link

http://murann.com/ebooks/hmu.tamain1.pdg  (1.5 MB)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts