သတင်းဆောင်းပါး

ပထမဆုံးအမျိုးသမီးသမ္မတ (တောင်ကိုးရီးယား) အကြောင်း၊ မစ္စပတ်ခ် Park Geun Hye

ဝတ်မှုန်
ဒီဇင်ဘာ ၂၃၊ ၂၀၁၂
 ကိုးရီးယား (တောင်) နိုင်ငံသမ္မတရွေးကောက်ပွဲမှာ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် မစ္စပတ်ခ် Park Geun Hye ရွေးချယ်ခံလိုက်ရပါတယ်။ စစ်ဗိုလ်ချုပ်ကြီးဟောင်း (သမ္မတဟောင်း) ပတ်ချုံဟီးရဲ့ သမီးဖြစ်ပါတယ်။ အိမ်ထောင်မရှိပါ။ ငယ်စဉ်က သူ့ဖခင် သမ္မတရာထူးရှိစဉ် မြောက်ကိုးရီးယားသူလျှိုများ က ၁၉၇၄မှာ သူမ၊မိခင် (သမ္မတကတော်)ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ သားသမီး၆ယောက်မှာ၊ အကြီးဆုံး သမီးကြီးဖြစ်သူ Park Geun Hye ပြင်သစ်နိုင်ငံမှာ တက္ကသိုလ်ပညာသင်ကြားနေစဉ် ကျောင်းဆက်မတတ်တော့ပဲ၊ ပြန်လာခဲ့ရပါတယ်။  Korea First Lady အဖြစ် သူ့ဖခင်ကို ကူညီခဲ့ပါတယ်။ နောက်ဆုံး အာဏာရှင် ၁၉၆၃ကတည်းက အုပ်ချုပ်လာသူ၊ သူ့ဖခင်လဲ ၁၉၇၉ မှာ သူ့လုံခြုံရေးအရာရှိအကြီးကဲရဲ့ လုပ်ကြံသတ်ဖြတ်မှုခံရပါတယ်။ သူ့ဖခင် ပတ်ချုံဟီးဟာ မျိုးချစ် ကိုးရီးယားစစ်ဗိုလ်ချုပ်ဟောင်း၊ သမ္မတ ဘ၀မှာလည်း အတိုက်အခံများကိုအစိုးရထိပ်ပိုင်းလူကြီးများ ခြစားမှုများကြောင့် သမ္မတဟောင်းတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင် သွားပြီး၊ သူ့နေရာတက်လာတဲ့ လက်ရှိသမ္မတလီမွန်ဘတ် လည်းအခြေအနေမကောင်း၊ ကမ္ဘာ့စီးပွားရေးကမကောင်း၊ ဒီတော့ အမျိုးသမီးသမ္မတ အခြေနေကောင်းလာရပါတယ်။

ပထမဆုံးကိုးရီးယားရာဇ၀င်မှာ အမျိုးသမီးသမ္မတကြီး ပေါ်ပေါက်လာခဲ့ပါပြီ။

သူမ ဖခင် စစ်ဗိုလ်ချုပ်ဟောင်း၊ သမ္မတ ပတ်ချုံဟီး ဆိုသူဟာ၊ တောင်ကိုးရီးယားသမိုင်းမှာ အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့ပေမဲ့၊ ခြစားမှုများနဲ့၊ နာမည်ပျက်နည်းခဲ့သူ ခေါင်းဆောင်ကောင်းအဖြစ် သတ်မှတ်ခံရပါတယ်။ လက်ရှိ မြန်မာသမ္မတ ဦးသိန်းစိန်က သူလေးစားတဲ့ နိုင်ငံခေါင်းဆောင် (စစ်ဗိုလ်ချုပ်ဟောင်း) တစ်ဦးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ၊ ပြောခဲ့ဖူးပါတယ်။  သမ္မတပတ်ချုံဟီးရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် ဆင်းရဲနွမ်းပါးတဲ့ ထိုစဉ်က တနှစ် လူတစ်ဦးဝင်ငွေ ဒေါ်လာ၇၄ US$74 GDP per capital (ppp) ပဲရှိပါတယ်။  ထိုစဉ်က ၁၉၆၃ မြန်မာနိုင်ငံနဲ့တန်းတူ၊ စီးပွားရေးအခြေအနေကနေ တိုးတက်အောင် လမ်းစဖွင့်ပေးခဲ့သူအဖြစ် လေးစားရတဲ့ခေါင်းဆောင် ကောင်းလို့ ကိုးရီးယားများက သတ်မှတ်ခဲ့ပါတယ်။ (မှတ်ချက်။ မြန်မာပြည်မှာ ၁၉၆၂တုံးက ခေါင်းဆောင်ညံ့ ဗိုလ်ချုပ်ကြီးတစ်ဦး စတင်အုပ်ချုပ်ခဲ့ပြီး၊ နှစ်၅၀အကြာမှ ခေါင်းဆောင်ကောင်း၊သတ်မှတ်ခံ ဗိုလ်ချုပ်ကြီးတဦးပေါ်လာပါတယ်)။ ယခုအခါ ကိုးရီးယားဟာ ကမ္ဘာ့ထိတ်တန်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်နေပါပြီ။   သူ့သမီးဖြစ်သူ သမ္မတအရွေးခံရတာလည်း ရာဇ၀င်ကြည့်ရင် မထူးဆန်းလှပါ။

နောက်ဆုံး နှစ်ပေါင်းများစွာ အကျဉ်းချ၊ အတိုက်ခံခေါင်းဆောင်
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်သူ Kim Dae-jung သမ္မတအဖြစ် ၁၉၉၈ – ၂ဝဝ၃ ထိရွေးချယ်ခံရပြီးတဲ့နောက်၊ စစ်အာဏာရှင်အစိုးရအုပ်စုနဲ့ အတိုက်ခံအုပ်စုတို့ မတဲ့အတူနေ၊ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ အာဏာရှင်သမ္မတ ပတ်ချုံဟီးအုပ်ချုပ်စဉ်က သမီးအဖြစ် တက်ညီလက်ညီ၊ အတိုက်အခံများကို နှိပ်ကွပ်၊အကျဉ်းချခဲ့မှုများကို သူမ နောင်တရကြောင်း၊ သူမကိုယ်တိုင် အတိုက်အခံဘ၀နဲ့ နှစ်ပေါင်းများစွာ နေခဲ့စဉ် ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတော့ သမ္မတသမီး မာနကြီး၊ နောင်တရလာရင် သမီးလည်း သမ္မတပြန်ဖြစ်လာတာ၊ .ခေတ်သစ်၊ ဒီမိုကရေစီ အုပ်ချုပ်ရေးလို့ပဲ သတ်မှတ်ရမယ်ဖြစ်ပါတယ်။

Reference:http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:261166
Wikipedia – Park Geon-hye,  Park Chung-hee


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts