ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၃) – Mar Mar Aye

ဗိုလ်မှူးချုပ်ကျော်ဇော
မာမာအေး
ဒီဇင်ဘာ ၂၂၊ ၂၀၁၂

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … 

သောတရှင်တို့ရေ … ဒီလိုဘဲ မာအေး ဆုတောင်းလာတာ ကြာပြီနော်။ သူများတွေကို မေတ္တာပို့သလို ကိုယ့်ကိုယ်ကိုလဲ မေတ္တာပို့ရတယ်လို့ ဆရာတော်ဘုရားများ မိန့်သံကိုလဲ ကြားဖူးတာနဲ့ နေ့စဉ် ဝေနေယျတွေကို မေတ္တာဝေသလို ကိုယ့်ကိုယ်ကိုလဲ မေတ္တာပို့ခဲ့ရတယ်။ အတော့်ကို ငြိမ်းချမ်းစွာ နေတတ်ပြီ လို့ အောင်းမေ့နေကါမှ ဒီလ (၁၀) ရက်နေ့က သတင်းတခုကြောင့် ကိုယ်ချမ်းသာပြီး စိတ်က မချမ်းသာဖြစ်နေတယ် ဆိုရမှာပါ။ မေတ္တာတ၀က်တပျက်နဲ့ မသက်မသာ အာမချောင်နိုင်၊ တငိုင်ငိုင် တွေး၊ မာအေးရဲ့ လက်ကျန် ဟီးရိုးလေးနဲ့တော့ ဝေးပြီလေ။ အဝေးဆုံးဆီ သူသွားပြီ တဲ့။ မယုံချင်သေးလို့ အင်တာနက်တက်ကြည့်တော့မှ ဟုတ်ပါ့ ဟုတ်ပါ့၊ အများကပါ အတည်ပြုကြလေရဲ့။

မာအေးက အမျိုးသားဇါတ်လိုက် ဟီးရိုးသဖွယ် စံပြလူကေါင်းတွေ ကိုးကွယ်တတ်ခဲ့ပါတယ်။ ပထမ မာအေးရဲ့ ဟီးရိုးက ဗိုလ်ချုပ်အောင်ဆန်းဘဲ။ ရိုးသားတယ်။ ကျိုးစားတယ်။ တိုင်းပြည်နဲ့လူမျိုး ဘာသာပါ မညှိုးရအောင် အသက်ပေး ဆောင်ရွက်လမ်းပြသွားခဲ့တဲ့ အာဇာနည်ယောက်ျားကေါင်းမို့ပါဘဲ၊ ဒုတိယ မာအေးရဲ့ ဟီးရိုးကတော့ ‘သခင်ကိုယ်တော်မှိုင်း’ အဖိုး ဖြစ်ပါတယ်။ တသက်လုံး အမျိုးသားလက္ခဏါ ဆံမြိတ်ထုံးနဲ့ နေသွားတဲ့ အဖိုး၊ ကဗျာလင်္ကါ အဖွဲ့အစပ် တဖက်ကမ်းခတ်တဲ့အဖိုး၊ နယ်ချဲ့ဖက်ဆစ်တော်လှန်ဖြစ်အောင် ရှေ့ဆောင်ရှေ့ရွက် ကလောင်ထက်တဲ့အဖိုး၊ ရွှေချိုးကူသံ နာခံဟစ်ကြွေး ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အားလုံးသော ငြိမ်းချမ်းရေးတို့ကို လိုချင်မူးမူး အထူး သည်းခံ ဂုဏ်ပေါင်းလျှံတဲ့ အဖိုးမို့ မာအေးရဲ့ ဟီးရိုး ဖြစ်လာတာပါ။

နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး ဖခင် ‘ဗိုလ်ချုပ်အောင်ဆန်း’ကို မှန်ခေါင်းထဲမှာသာ မြင်ဖူးခဲ့ရတဲ့ မာအေးက အတူ ဘာမှ အလုပ်အကြွေး မပြုရသော်လဲ ဗိုလ်ချုပ်မရှိတဲ့အချိန်ကျမှ ဗိုလ်ချုပ်ကို မမေ့နိုင်တဲ့ အကြောင်းတွေ ဗိုလ်ချုပ်ရဲ့ စကါးတွေ လိုက်နာဘို့ လမ်းစဉ်တွေ လိုက်နာဘို့ သီချင်းတွေကို ဆိုပေးဖြစ်တာလောက်တော့ ရှိပါတယ်။

အဖိုးသခင်ကိုယ်တော်မှိုင်းကျတော့ သူ့ငြိမ်းချမ်းရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ပါဝင်နိုင်ခဲ့ပြီ၊ ‘ငြိမ်းချမ်းရေးသည် အပေါင်းလကဏ္ခာ’ တို့၊ ‘အများစုအင်အား’ တို့ကို အနုပညာရှင်များ တပ်ဦးကျောင်းသား အကိုမောင်များနဲ့အတူ ဟစ်ကြွေး သီဆိုပေးခဲ့နိုင်ဖူးတာပေါ့။

တတိယ နောက်ဆုံး စံပြ ဟီးရိုးထားခဲ့သူကတော့ အခု (၁၀) ရက်နေ့ကမှ ဘ၀ ဇါတ်သိမ်းသွားတဲ့ ဗိုလ်မှူးချုပ် တာဝန် ထမ်းဆောင်ဖူးခဲ့တဲ့ ဗိုလ်ချုပ်ကျော်ဇော လို့ အများသိကြတဲ့ အဓိကရ ရဲဘော်သုံးကျိပ် စာရင်းဝင်ကြီးပါဘဲ။ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးကါလမှာ သခင်ရွှေ တဲ့၊ ရဲဘော်သုံးကျိပ်မှာ ‘ဗိုလ်ကျော်ဇော’ နာမည်ခံပြီးတော့ နိုင်ငံ့လွတ်လပ်ရေး၊ တိုင်းပြည်ကါကွယ်ရေးတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ စစ်သားကေါင်းကြီးဟာ လွတ်လပ်ရေး ခေတ်ဦးမှာ တရုပ်ဖြူတို့ရဲ့ ကျူးကျော်စစ်ကို အမြစ်ဖြတ်၊ အပိုင်သိမ်း၊ ပြည်သူတွေ ငြိမ်းအေးရလေအောင် ‘ရန်ကြီးအောင်စစ်ဆင်ရေး’ ရယ်လို့ ဟစ်ကြွေး တိုက်ခိုက် အနိုင်မောင်းထုတ်နိုင်လိုက်ပါတယ်။ အဲဒီ ဗိုလ်ကျော်ဇောကြီးကို ရွှေတိဂုံဘုရားပွဲတော် ခင်းကျင်းနေတဲ့ ညတိုင်း ပိတ်ကါးထောင် လာရောက်ပြသပေးလေ့ရှိတဲ့ ပညာပေးရုပ်ရှင်ကါးထဲမှာ ‘ရန်ကြီးအောင်စစ်ဆင်ရေး’ အကြောင်း ရိုက်ကူးထားတာ ကြည့်ရတဲ့အခါမှာ သူ့ရဲ့ ရဲဘော်တွေနဲ့အတူ တိုက်၊ အတူစား၊ အတန်းအစား မခွဲခြားတာတွေ မျက်မြင်တွေ့တာကိုးရှင့်။ ဒါတွေကို ကြည်ညိုချစ်ခင်မိတာကြောင့် မာအေးရဲ့ ဟီးရိုးတင်ခဲ့တာပါ။

မာအေးက ဦးလေးကိုကျော်ဇောကို နှစ်ခါသုံးခါလေါက်ပဲ တွေ့ရတာ၊ အဆိုတော်ကိုသန်းလှိုင်ကြောင့်ပါ။ တပ်ကထွက်ပြီးအချိန်မှာ ရွေးကေါက်ပွဲ တစ်ကြိမ်ဝင်ခဲ့တုန်းက မဲဆွယ်သီချင်း ကူဆိုပေးဘို့ အခွင့်ကြုံတော့ သီချင်းတိုက်တာ အသံသွင်းတဲ့နေရာတွေမှာ ကိုယ်တိုင် လာကြည့်၊ လာအားပေးနဲ့မို့ လေးစားခင်မင်ခဲ့ရပါတယ်။
မာအေးဟာ ခလေးအရွယ်ကတည်းက စစ်တပ်ထဲမှာ အဆိုတော်လေး လုပ်ခဲ့တာ ဦးလေးကိုကျော်ဇောကို အပြစ်ပြောတဲ့သူရယ်လို့ တခါမှ မကြားမိခဲ့ပါဘူးရှင်။ အရင်းနှီးကြီး မဟုတ်သော်လဲ သတင်းတော့ နားစွင့်နေမိတဲ့ သံယောဇဉ်ကြောင့် အကြောက်ကြီးတဲ့သူတွေက စေါင့်ကြည့်ဘို့ စေလွှတ်တဲ့သူများ – ဟာသဖြစ်ရပုံတွေ၊ သူကိုယ်တိုင် ဘာလုပ်လို့မှ မလွတ်မလပ် စိတ်ကျဉ်းကြပ်ခံနေရပုံတွေ ကြားသိရတဲ့အခါ စိတ်မကေါင်းဖြစ်ရပါတယ်။ တောခိုတဲ့အဆင့် ဖြစ်သွားပြီလို့ ကြားတော့လဲ ၀မ်းသာဝမ်းနည်းဖြစ်ပေါ့ရှင်။ ပြည်သူတွေ မျက်ရည်ကျ ဒုက္ခဆင်းရဲ မမျှမတ ခံစားကြရပြီလို့ နားစွန်နားဖျား မှားမှားမှန်မှန် ကြားခဲ့ပြန်ရင် – အသက်ရှင်နေသေးတဲ့ တချိန်တုန်းက အိုရဲဘော်တွေ ကြည့်နေရက်သလားနဲ့ ဝေဒနာပွားမိပါတယ်။

ဒီလိုနေလာရင်းမှာ – မမျှော်လင့်ပါဘဲ၊ နာမည်မသဲမကွဲနဲ့ ကျောင်းသါးရဲဘော်တယောက် ဆိုပြီး ဖုန်းဆက် သတင်းပေးခဲ့ပါတယ်။ ‘အဘကျော်ဇောနဲ့ တွေ့ပြီး ကျနော် ပြန်လာတာပါ၊ မာမာအေးကို နှုတ်ဆက်လိုက်တယ်၊ သတိရနေတယ် လို့ ပြောခိုင်းလို့ပါ’ တဲ့။ အို … ဘုရားပေးပေး ကျမ်းပေးပေး တခါမှ ဒီလို ကြားရလိမ့်မယ် မထင်ခဲ့တဲ့ မာအေးဟာ အတော် ရှော့(ခ) ရပါတယ်။ အရွယ်ရောက်လို့ တိုင်းပြည်တာဝန် ထမ်းဆောင်စဉ်ကလဲ – ဦးလေးကျော်ဇောတို့ ဆည်းကပ်တဲ့ နိုင်ငံရေးအဖွဲ့နဲ့ နိုင်ငံတော်က ကီးမကိုက်၊ ဒီဖက်ရောက်လာပြန်တော့လဲ ဒီကနဲ့ သာ၍ ပို၍ ကီးမကိုက်တော့ စန်ဖရန်က ၀မ်းမနာသား ကိုထိန့်ဆီကိုဘဲ သတင်းပေးတာ ဘယ်ခလေးဖြစ်နိုင်လဲ မေးတဲ့နေရာမှာ ရပ်ထားခဲ့မိပါတယ်၊ အဲဒီခလေးကလဲ အမြန်ပြော အမြန်ဖုန်းချနဲ့မို့ နေကေါင်းကျန်းမာ ရှိပါတယ် လို့ သိရတာတခုပါဘဲ၊
အဆက်ပြတ်သွားပြန်တာဘဲပေါ့ရှင်။

နိုင်ငံတော်သမ္မတကြီးက အသီးသီးသော ပုဂ္ဂိုလ်များ တိုင်းပြည်ပြန်လာကြဘို့ ကျေညာခဲ့ချိန်ဘဲ၊ လွတ်လွတ်ကင်းကင်း ပွင့်ပွင့်လင်းလင်း ဆိုရင် ပြန်လာချင်လာမှာလို့ မျှော်လင့်နေဆဲမှာ အမှည့်တ၀င်းဝင်းက ကြွေကျခဲ့ရှာပြီ တဲ့။ ရွှေတိဂုံဘုရားကြီးကို မဖူးမီလိုက်တဲ့ ဦးလေးကိုကျော်ဇော၊ တိမ်ကြောလှိုင်းတခိုက ကြည်ညိုချင်စရာ့ ဓမ္မရွှေတိဂုံ တေးသံစုံကို ရောက်သည့်ဘုံမှာ ကြားနာနိုင်စေ၊ ကြားစေသေါဝ်

* (မြတ်ရွှေတိဂုံမှ)
ကမ္ဘာဘဒ္ဒါ၊ နတ်ဗြဟ္မာအပေါင်းတို့၊ တောင်းဆုသဒ္ဓါဟုန်၊ မြေနှစ်လွှာ တေဇာဟိန်းလို့ ကုဋေတစ်သိန်းက ဖိမ့်ဖိမ့် – တုန်၊ သာကီဂုဏ်၊ ပါရမီဂုဏ်၊ အာဇာနည်မျိုး တန်ခိုးတော်ခြုံ၊ ကေါက္ကသံဂေါဏဂုံ၊ ကဿပရှင် ဂေါတမဘုရား၊ လောကတလွှား သနားခဲ့ပုံ၊ ဆောင်ခွင်းဓမ္မက္ကရိုင်၊ ရွှေသင်းပိုင်တို့ စုကါပုံ၊ ကုသလာအဟုန်၊ လေးဆူဓါတ်မွေ မြတ်ရွှေဂုံ xxx
(မြတ်ဘုရားရင်ပြင်ထံမယ်လေးလေ၊ ဝတ်တွားတင်ဆင်ပဏါ) ၂ x
(ခြောက်ဖြာလေ၊ ခြောက်ဖြာလေရောင်မောင်း၊ ချဉ်းကါဝယ်သား) ၂ x
(ဗုဒ္ဓေါမေအနန္တာ၊ စုံကြောင်းစကြ၀ဠာ) ၂x
ဇောသဟာငယ်မနွမ်း၊ လောကုတ္တရာဥာဏ် x ဘေးပစ်ကါ ရန်မသန်း၊ အေးမေတ္တာရံ xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts