ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေးအတွက်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၂၁၊ ၂၀၁၂

Organizational Management, Self- Awareness & Leader Ship Skill (အသင်းအဖွဲ့အတွင်း စီမံခန့်ခွဲခြင်းနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းအား The Sun Institute မှဆရာမ ဒေါ်အေးမြလှိုင်နှင့် ဆရာ/မများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ၃၁.၁ဝ.၂ဝ၁၂ ရက်နေ့မှ  ၁၈. ၁၁.၂ဝ၁၂ ရက်နေ့အထိ သင်ကြားပို့ချခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသား/ သူများနှင့် တက်ရောက်ခဲ့ကြသည်။

၎င်းသင်တန်းအား The Sun Instate မှ ဒေါ်အေးမြလှိုင်မှ (Critical Thinking For Leadership, Conflict Mapping, The Art of Decision)၊ ဒေါ်ထိုက်ထိုက်အောင် မှ (Time Management, Information Gathering, Communication at Work Place)၊ Fanny Rockman မှ (Motivation)၊ ဦးမြတ်ခေါင်လင်း မှ (Basic Office Communication, How to Deal with Difficult People, Team Management) နှင့် ဦးဖေအောင်ဇင် မှ (Finding Your Leadership Compass, Personality Develoment) တို့အား စာတွေ့လက်တွေ့ မေတ္တာစေ တနာများဖြင့် သင်ကြားပို့ချခဲ့ကြသည်။  ထိုသို့ သင် ကြားရာတွင် လက်တွေ့လူနေမှုဘဝတွင် များစွာအထောက်ကူပြုခြင်း၊ လူသားတစ်ဦး အနေဖြင့် အကျိုး တရားများစွာရရှိခဲ့သည့်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းပိုင်ဆိုင်ရာနှင့် ပတ်သက်၍ ဆက်ဆံရာ၌၄င်း၊ အများပြည်သူတို့နှင့် ဆက်ဆံဖေးမမှုတို့၌၄င်း များစွာအထောက်ကူပြုသည့် သင်တန်း ဖြစ်သည်။ စေတနာမေတ္တာဖြင့် လာရောက်ကာ သင်ကြားပို့ချခဲ့ရာတွင် ရှင်းလင်းပြတ်သားမှု၊ ဘာသာရပ် များအပေါ် ဆွဲဆောင်နိုင်မှု၊ သင်ကြားရေးမှတ်စုများ ပြင်ဆင်ထားရှိမှု၊ အချင်းချင်း အပြန်အလှန် ဆွေးနွေး သင်ကြားမှုတို့ကြောင့် လူမှုရေးအသင်းအဖွဲ့များ၏ လူမှုရေးလုပ်ငန်းများအပြင်၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စသည့် အသိုင်းအဝိုင်းများအတွက်လည်း လူနေမှု၊ လူမှုဆက်ဆံမှုများပါ တိုးတက် မြင့်မားစေကြောင်း မြင်တွေ့ခဲ့ရသည်။

 

ယင်းသင်တန်းအား တစ်ပါတ်လျှင် (၃) ရက် (၂းဝဝ) နာရီခန့် သင်ကြားပို့ချခဲ့ရာ ၁၉.၁၂.၂ဝ၁၂ ရက်နေ့တွင် သင်တန်းဆင်းပွဲအခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ညနေ (၆းဝဝ) နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားအား သင်တန်းတက် ရောက်ခဲ့ကြသော သင်တန်းသူ/ သားများကိုယ်စား ဦးဝေယျာအောင်မြင့် မှ ကျေးဇူးတင်စကားပြောကြား၍ ဒေါ်အေးမြလှိုင် (The Sun Institute)မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ ဆုံးမသြဝါဒစကား ပြောကြားခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ လာရောက် ၍ စေတနာ မေတ္တာတို့ဖြင့် အချိန်ပေး၍ သင်ကြားပို့ချခဲ့ကြသော The Sun Institute မှ ဆရာ/ဆရာမများအား ကျေးဇူးတင်ဂုဏ်ပြုလွှာအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ လူမှုရေး အသင်းအဖွဲ့တို့တွင် ဖြစ်ပေါ်ကြုံတွေ့ရမည့် အခက်အခဲများ၊ မြန်မာပြည်တွင် တိုးတက်မြင့်မားစွာ ပေါ်ပေါက်လာပြီဖြစ်သော အသင်းအဖွဲ့များ စွာတို့၏ ကြုံတွေ့ရမည်ဖြစ်သော  အသင်းအဖွဲ့တွင်းပြဿနာများ၊ လူ့အဖွဲ့အစည်း လူနေမှု ဘဝတွင်းသော်၎င်း၊ ဦးဆောင်သူသည်  ခေါင်းဆောင်မှုပညာရပ်များအား မလွဲမသွေ ကြုံတွေ့ရမည်ဖြစ် သောကြောင့် ယခုကဲ့သို့ အသင်းအဖွဲ့အတွင်း စီမံခန့်ခွဲခြင်းနှင့် ခေါင်းဆောင်မှုစွမ်း ရည်မြှင့်တင်ခြင်း ဘာသာ ရပ်၊ ပညာရပ်များသည် သိသင့်သိထိုက်၍ တက်သင့်တက်ထိုက်သော လူသားအကျိုး၊ အများပြည်သူ အကျိုးအား ထမ်းဆောင်သူတိုင်း လက်ကိုင်ပြုရမည့် ပညာရပ်တစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts