မိုးမခကို ပေးတဲ့စာ

ဒေသစု အုပ်ချုပ်ရေး ရွေးကောက်ပွဲများ မတရား

ပေးစာ၊ ငသိုင်းချောင်းသား၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၂
        နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိလူကြီးမင်းများ သိစေရန် …
        ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်ခွဲ၊ ကက္ကူလေးအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖရွေးချယ်ရာတွင် အောက်တိုဘာလလယ်ပိုင်းက ပြည်သူလူထုလက်မှတ်ထိုး ရွေးချယ်ပေးထားသော ရပ်မိရပ်ဖများအား ပယ်ဖျက်၍ ယခု ၁၂လပိုင်း ၁၅ ရက်နေ့တွင် ရပ်ကွက်လူကြီးနှင့် မြို့နယ်တာဝန်ရှိသူများ လာရောက်ပြီး လူကြီးဟောင်းများဖြစ်ကြသော ဦးပေါက်စ၊ ဦးမာလာ၊ ဦးဝေထူး၊ ဦးအောင်ညို၊ ဦးဘာဘူတို့အား ရွေးချယ်တင်မြှောက်သွားပါသည်။
သို့ပါ၍ ပြည်သူများလုံးဝ မနှစ်သက်ပါသဖြင့် ထိုလူဟောင်းများအား ပယ်၍ လူသစ်မူသစ်ဖြင့် ပြန်လည်ရွေးချယ်ပါရန် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိလူကြီးမင်းများအား အသိပေးတင်ပြအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts