တယောထိုးနေတဲ့ နီရိုးတွေဖတ်ဖို့ ကဗျာ
ဇေမှိုင်း၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
ကမ္ဘာကျော် တယောသမားကြီးလို
အိပဲ့အိပဲ့ နုနွဲ့ နေကြလို့ ။
ဟောဒီမှာ …
ပေါင်မုန့် မတောင်းဘူး
ခရီးစရိတ်မတောင်းဘူး
မင်္ဂလာမရှိတဲ့ အချိန်မှာ ပွဲမတက်ဘူး
မိန်းမကို ပြည်တော်ပြန် ဘုရားဖူး မခေါ်ဘူး
ခါးထောက်မကြည့်ဘူး
ကိုယ့်မြေကိုပြန်တောင်းနေကြတာ
ချကွဲမှာကြောက်လို့ 
ရင်နဲ့ ပွေ့ ထားရတဲ့ မနက်ဖြန်တွေ။
ခဏ ခဏ
မေးစရာမလိုဘူး
စုံစမ်းစရာလည်းမလိုဘူး
တောသူမလေးက
အရှိ အရှိအတိုင်းပြောတယ်
အဖြစ် အဖြစ်အတိုင်းပြောရင်းငိုတယ်
ကြိတ်မနိုင်ခဲမရဘ၀တွေ။
ဒီလောက်ချစ်ခဲ့ကြတာတောင်
နေ၀င်တာထိုင်ကြည့်ရင်း
လည်စင်းပေးနေရတာတောင်
ဇက်ပေါ်ကဓါးက
ပါးပါးလေးလှီးနှိပ်စက်နေသေးတာ။
ဒီကဗျာကို
နာကျည်းစိတ်နဲ့ ရေးတယ်
နှစ်ဆယ့်လေးနှစ်စာ နှလုံးသားနဲ့ ရေးတယ်
ချစ်ချင်ဟန်ဆောင်နေသူတွေ
သဘောမတွေ့ ကြပါစေနဲ့ …….။
ဇေမှိုင်း ( လူ့ အခွင့်အရေးနေ့ လို့ ပြောနေကြတဲ့ နေ့ မှာရေးတယ်)