ကဗျာ ကမာပုလဲ

ချွေးစက် … လက်ဆောင် – Kamar Pale

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ချွေးစက် လက်ဆောင်
ကမာပုလဲ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၂

ဘ၀ ယဇ်ပလ္လင်ထက်မှာ
ကြိတ်ပြီးကျခဲ့ရတဲ့ မျက်ရည်စများ

ကျောက်စိမ်းစားပွဲပေါ်က ရွှေပန်းကန်ထက်
တစက်စက်နဲ့ ကြေကွဲမျက်ရည် …

သနားတယ်မောင်
အဲဒီမျက်ရည် … အပြစ်မဲ့သွေးတို့ စွန်းထင်းတယ်

နေပူစပ်ခါး စက်ရုံအလုပ်ရုံရနံ့
ပါးကွက်ကြားပေါ် ဖြတ်စီးလာတဲ့မြစ်များ
ခင့်နဖူးပေါ်မှ မြစ်ဖျားခံခဲ့တဲ့ အလွမ်းတွေ …
လေညင်းကနေ … ပို့လိုက်တယ်။     ။

၅၊ ၁၂၊ ၂၀၁၂

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts